Author's Profile Photo

SarPhat Author

17/07/2024

အချစ်ဦး မှ အချစ်ဆုံးသို့

1 min read
Life Style
Poetry
အချစ်ဦး မှ အချစ်ဆုံးသို့'s photo


ဒီတစ်ခါ ကျွန်တော်ရေးသားခဲ့တဲ့ ကဗျာနဲ့စာတိုကတော့ အချစ်ဦးမှ အချစ်ဆုံးသို့ လို့အမည်ရပါတယ်။ စာဖတ်သူများကို ကျွန်တော့်ရဲ့ ကဗျာနဲ့စာတို ကို အပ်နှံပါတယ်။

၁။ ပြုံးလည်း ပြုံးချင်ပါတယ်.....
ချစ်တဲ့အကြောင်းလည်း ပြောချင်ပါတယ်
အချိန်ရရင် တောင်တန်းတွေဆီ မင်းနဲ့အတူတူ ခရီးတွေထွက်ချင်တယ်။

၂။ ပန်းပေးလို့ပဲ ရှုံးရှုံး
အနမ်းပေးလို့ပဲ ပြုံးပြုံး
မင်းက ကိုယ့်တစ်ဦးဆိုင်နာမ်မို့
ဖြစ်တည်မှု အရာအားလုံး ကိုယ့်အတွက်
အဓိပ္ပါယ်ရှိတယ်။

၃။ ခွဲခွာရမယ်ဆိုရင်တောင်
တွေ့ဆုံမှု အချိန်ခဏလေးမှာ
မင်းအတွက် အကောင်းဆုံး
လူတစ်ယောက်ပဲဖြစ်ပါရစေ။

၄။ အလှမ်းတွေဝေး ပန်းတွေမဝေဆာသော်လည်း
အချစ်တွေ ရှင်သန်နေမြဲမို့
ဘယ်လောက်ကြာကြာ ကိုယ်စောင့်နိုင်ပါတယ်။

၅။ အလွမ်းတွေပျယ်ဖို့ ပန်းတွေလည်း မစိုက်ချင်တော့ဘူး။ တစ်ခါတစ်ရံ မင်းကိုယ်လွမ်းနေရပုံက
ကိုယ့်ရင်ထဲမှာ ပန်းတစ်ခင်းလုံးပွင့်ထားသလိုပဲ ပြုံးပျော်စေတယ်။

၆။ အတူတူကြည့်ချင်ခဲ့တဲ့ နေဝင်ချိန်တွေ
အတူတူပြန်သွားချင်ခဲ့တဲ့ အညာမြေရဲ့ရှူခင်းတွေ
ဒီလိုပြန်တွေးမိပြီး လွမ်းတာ မဆန်းပါဘူး ။

၇။ မြေကမ္ဘာရေ ....
ဧရာဝတီနဲ့ ပုဂံနေဝင်ဆည်းဆာ
နေနဲ့လ ရွှေနဲ့မြလို
ကိုယ်နဲ့မင်းလည်း လိုက်ဖက်ပါတယ်။

၈။ ယုံကြည်တယ်
ငှက်ကလေးကိုမြင်ရင်
မင်းကိုယ်ပဲ သတိရနေမိမှာ။
နွေဦးမှာပွင့်တဲ့ပန်းကလေးတွေကိုမြင်ရင်လည်း မင်းကိုယ်ပဲ ထပ်လွမ်းနေမိမှာ။

၉။ မိုးသားတွေ တရိပ်ရိပ်တက်လာရင်
ငှက်တေးသံတွေလည်း မကြားရတော့ဘူး။
တစ်ခါဆုံပြီး အကြာကြီးလွမ်းနေရတယ်။
ပုံမှန်ပါပဲ
အလွမ်းတွေသာ အောင်မြေတစ်ခုဆို
မျက်ရည်တွေက ကြားခံနယ်မြေပေါ့။
မေတ္တာငတ်နေတဲ့ ကလေးငယ်
အထီးကျန်နေဆဲပါ။
အချစ်တွေမစစ်ရင် နေပါစေ။
မေတ္တာစူးပြီး မရူးပါရစေနဲ့။
မင်းက မီးညှိထားတဲ့ဆေးလိပ်တစ်ချောင်းဆို
လေထဲမှာပျောက်ကွယ်သွားတဲ့
အခိုးအငွေ့တွေက ကိုယ့်ကမ္ဘာလေးပေါ့။

၁၀။ အရင်နေရာတွေရောက်တိုင်း အရင်လိုချစ်စရာကောင်းတဲ့ မင်းပုံစံကလေးကို ကိုယ့်မှာထပ်မြတ်နိုးမိပြန်တယ်။
နှလုံးသားက အစိတ်အပိုင်းတစ်ခုဆိုရင်
ကိုယ့်ကမ္ဘာငယ်လေးက မင်းပဲဖြစ်ကြောင်း။
အဓိပတိလမ်းမှာလျှောက်ခဲ့တဲ့ ခြေလှမ်းတွေ ဘယ်လောက်ရှိပြီလဲဆိုတာထက်
မင်းအပြုံးတွေ ဘယ်လောက်ကြာကြာပြုံးနေခဲ့သလဲဆိုတာ ငေးမောပြီးတွေးနေမိတော့တယ်အချစ်ရယ်။

- Joy (ဘုန်းမိုးသွန်း)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များဘာလို့ မုန်းကြတာလဲဘဝမှာလိုအပ်တာ တစ်ခုပဲစိတ်ဓာတ်ကျနေတဲ့အခါပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါဆင်းရဲသားလေး ဂျက်လန်ဒန်ဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)ဖတ်နိုင်သမျှ များများဖတ်ပေးပါမရိုးတရိုး