Honey cho
ပုဂံမြို့အေကြာင်းကိုေပြာေတာ့မယ်ဆိုလျှင်ချန်လှပ်မထားသင့်တဲ့အရာေလးတစ်ခုရှိပါတယ်။
တရုတ်မှာဆိုတရုတ် မဟာတံတိုင်းကြီးဟာအထင်ကရတစ်ခုအနေနဲ့တည်ရှိနေသလို၊မြန်မာနိုင်ငံရဲ့မန္တလေးမြို့ရဲ့အမှတ်အသားဟာမန္တလေးမြို့ရဲ့ကျုံးရိုးဘဲဖြစ်ပါတယ်။
ခုကျွန်မတို့ရဲ့အထင်ကရပုဂံနယ်မြေမှာတော့နှလုံးသည်းခြာ သရပါဟုဆိုရလောက်အောင်ပင် သရပါမြို့ရိုးကတကယ့်ကိုထူးခြားလှတဲ့တံခါးတစ်ချပ်ဘဲဖြစ်ပါတယ်။
ဒီတံခါးကိုေတာ့ခရစ်နှစ်၉၀၀ရာစုမှာပုဂံမင်းဆက်ရဲ့စတုတ္ထမြောက်မင်းဆက်ကိုတည်ထောင်ခဲ့တဲ့ပျဉ်ပြားမင်းဟာအေဒီ၈၆၄မှအေဒီ၈၇၈ကတည်ဆောက်ထားခဲ့တာဘဲဖြစ်ပါတယ်။
ပျဉ်ပြားမင်းကပုဂံမြို့ကိုတည်ထောင်ခဲ့တဲ့အချိန်မှာတော့ ပုဂံအုတ်မြို့ရိုးရဲ့မြို့မျက်နှာတွေမှာတံခါး၁၂ချပ်ကိုလည်းထည့်သွင်းတည်ဆောက်ခဲ့ပါသေးတယ်။
အရှေ့မျက်နှာမှာသရဝတ် တံခါးဖြစ်ပြီး၊သရပါ၊သရပီတံခါးအစရှိသဖြင့်မြောက်မျက်နှာမှာတော့အာရမ်းတံခါး၊ညောင်ဖြူ၊အနောက်မျက်နှာမှာသာစည်တံခါး၊၊တောင်မျက်နှာမှာတော့ငွေမဆိုပြတံခါး၁၂ချပ်ရှိေပမဲ့အရှေ့မျက်နှာရဲ့အလယ်တံခါးသရပါတစ်ခုဘဲထင်ရှားကျော်ကြားခဲ့ပါတယ်။
သရပါဆိုတာကတော့မြှားကိုဆီးကာသောတံခါးဟုပါဠိမှမြန်မာအနက်ပြန်ဆိုထားကြပါတယ်။
သရပါတံခါးမှာမင်းမဟာဂီရိနတ်မောင်နှမရဲ့နတ်ကွန်း၂ခုကိုပြုလုပ်ပူဇော်ထားခဲ့ကြပါတယ်။
အနော်ရထာမင်းကြီးနတ်ရွာစံမှုနဲ့ပက်သတ်ခဲ့တဲ့တံခါးတစ်ချပ်ဆိုလည်းသမိုင်းမှာပညာရှင်ေတွကဆိုထားခဲ့ကြပါတယ်။
အနော်ရထာဟာလယ်တွင်းကိုးခရိုင်မှာဆည်မြောင်း၊ကန်ချောင်းတွေကိုတူးဖော်ဆယ်ယူနေခဲ့စဉ်အချိန်မှာဟူးရားဖြူ၊ဟူးရားညိုတို့ကမင်းကြီးကိုပုဂံမင်းနေပြည်တော်စီပြန်မရောက်ခင်နတ်ရွာစံကိန်းရှိတယ်လို့အတိတ်နိမိတ်ဖတ်ေလျှာက်တင်ခဲ့ကြပါတယ်။
ထိုအခါမင်းကြီးလည်းသူတို့နှစ်ဦးကိုအမျက်တော်ရှပြီးသံခြေချင်းများခတ်စေကာထောင်တွင်းအကျဉ်းချစေခဲ့ပါတယ်။
ထို့နောက်အနော်ရထာမင်းဟာစစ်ဝတ်တန်ဆာများအပြည့်အစုံနဲ့ဆင်ဖြူတော်ကိုစီးပြီးပုဂံနေပြည်တော်ကိုပြန်လာခဲ့ပါတယ်။
သရပါတံခါးအရောက်မှာမင်းကြီးကိုမုဆိုးတစ်ယောက်ကကျွဲရိုင်းတစ်ကောင်ဟာမြစ်အောက်ခြေမှာတိုင်းသူပြည်သားတွေကိုရန်ပြုနေတယ်လို့လာရောက်လျှောကိတင်ပါတယ်။
သရပါတံခါးအတွင်းငါ့ရဲ့လက်ယာလက်တစ်ဘက်ဝင်ပြီးခါမှအဲ့ဒီသောင်းကျန်းနေတဲ့ကျွဲရိုင်းကိုငါကိုယ်တော်မြတ်ဆင်ဖြူတော်နဲ့တိုက်သတ်မယ်ဟုဆို၏။
(အနော်ရထာခေတ်၁၀၄၄-၁၀၇၇)မြစ်ခြေရောက်တဲ့ခိုက်ကျွဲရိုင်းနဲေတွ့ေသာအခါအေနာ်ရထာမင်းကဆင်ဖြူတော်သံပျဉ်စွာကိုချွန်းဖွင့်ပြီးလွှတ်ပေးလိုက်ပေမဲ့၊ကျွဲရိုင်းဟာဆင်ဖြူတော်ထက်ကဘုရင်မင်းကြီးအားဦးတည်ပြီးလှမ်းခတ်တဲ့အခါမှာ ဘုရင်အနော်ရထာဟာနတ်ရွာစံပြီးကံတော်ကုန်ခဲ့ရပါတယ်။
မြေနံရံအထက်ပတ်လည်မှာဘီလူးပန်းဆွဲ၊အုတ်၊အင်းဂတေလက်ရာတွေနဲ့၊လက်ဝဲမှာမောင်တော်၊လက်ယာမှာနှမတော်၊သေလည်ကြောင်မင်းတို့ဟာလည်းအမတ်ဗိုလ်ပါများစွာနဲ့နတ်တော်လမှာပုပ္ပားတောင်ကိုသွားရောက်ပြီးနတ်ကွန်းထံသွားရောက်ပူဇော်လေ့ရှိကြတယ်ဟုဆိုကြပါတယ်။
ရှေးဟောင်းပုဂံမြို့တော်ရဲ့အဝင်အဝတံခါးသရပါသမိုင်းကြောင်းလေးဘဲဖြစ်ပါတယ်။
စာဖတ်သူအပေါင်း
ရွှင်လမ်းချမ်းမြေ့ကြပါစေ။
မဟန်နီချို
Keep Reading