Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

16/07/2024

မီးတောက်လေးတခု အပိုင်း (၇)

3 mins read
Art
History
18 Again
မီးတောက်လေးတခု
အပိုင်း (၇)'s photo

"မေ သူပြောတာဘာလဲ တကယ်ဘဲလား သူနဲ့မေက မေကိုယ့်ကိုကစား‌နေတာလား ဖြေဦးမေ "
မေတ‌ယောက်ဒေါသကိုရှေ့တန်းတင်ကာ တိတ်တခိုးရင်ခုန်နေမိတဲ့ ချစ်ရသူရဲ့ပါးပြင်ကိုရက်ရက်စက်စက်ရိုက်ခဲ့မိတာကြောင့် ကိုယ့်ကိုကိုယ်အပြစ်တင်တာရော ရှက်စိတ်နဲ့ပါနေရာမှပြေးထွက်လာခဲ့လေတယ်

"ဟင့်...ငါ ငါဘာလို့များ မဟုတ်တာ ငါကဘာလို့ငိုနေရတာလည်း "
"ညီမ ကိုတောင်းပန်ပါတယ် "
"ဟင် ရှင်ဘာလို့လိုက်လာပြန်ရတာလည်း ပြန်ပါတော့ ရှင့်ကြောင့်အခုကျွန်မစီစဉ်ထားတာတွေပျက်ကုန်ပြီ ပြီးတော့ ကျွန်မနားမလာပါနဲ့တော့ ရှင့်ကိုကျွန်မမမြင်ချင်ဘူး "
"မေ ကို့ကိုမမုန်းရင်တော်ပါပြီ အဲ့တယောက်နဲ့ မပတ်သက်ပါနဲ့ကွယ် မေ့ကိုစိတ်မချဘူး "
"ရှင့်ကိုကျွန်မပြောနေတယ်မဟုတ်လား ပြန်ပါတော့ နောက်ပြီး အိမ်ကိုမလာပါနဲ့ ကျွန်မစိတ်ကိုကျွန်မနားမလည်တော့ဘူး အို ဘာလုပ်တာလဲ လွှတ် "
"မေ့ကိုအကိုအရမ်းချစ်တယ်မေရယ် ကို့ကိုမငြင်းပါနဲ့နော် "
"ဟင့်အင်း ဖယ်နော် ရှင်ဘာလုပ်မလို့လဲ ရှင် ရှင် "
"အိမ်ပြန်ပို့ပေးမလို့ပါ မေဖိနပ်မှမပါတော့ကိုကချီတာပါ ဘာလုပ်မယ်ထင်လို့လဲကွယ်"
"ကျွန်မဘာသာပြန်မယ် ဖိနပ်မပါလည်းမျက်စိမှိတ်ပြီးတောင်သွားလို့ရတယ်သိရဲ့လား "
....
၂ရက်ကြာသော်

"ဟဲ့ သန်းကြည် ညည်းသမီးဘယ်မလဲ ထွက်ခဲ့စမ်း"
"ဒီမှာ ဘာတွေလာအော်နေတာလည်း သူများအိမ်ရှေ့မနက်စောစောစီးစီး ကျက်သရေမရှိအောင်မလုပ်ပါနဲ့ "
"အဲ့လိုဖြစ်အောင်လုပ်တာဘယ်သူလဲ ငါ့သားအခုထမင်းလဲမစားဘူး အရက်ချည်းသောက်နေတယ် အဲ့တာညည်းကြောင့်ဘဲ တခါတည်းပြောလိုက်မယ် ငါ့သားကိုလာမပတ်သက်ပါနဲ့ "
"အဟား ရီရတယ် ဒီမှာဒေါ်လေး လာပတ်သက်နေတာဘယ်သူလဲဒေါ်လေးသားလေ စိတ်ရှိရင် ဒေါ်လေးသားကို သုသာန်ရောက်အောင်ပါပို့ပေးနိုင်တယ် အခုရော ကျွန်မနာမည်ကိုမှခေါ်နေရဲ့လား "
"အောင်မာ မိမဆုံးမဖမဆုံးမသားသမီးကများ ယောက်ျားတကာနဲ့ပလူးပြီး တွေ့ကရာဖဲဝိုင်းလိုက်ခထိုင်တဲ့ကောင်မ "
"ဒီမှာ ဒေါ်လေး တရားလွန်နေပြီနော်.."
"ဒေါ်လေး ဖြတ်ပြောရတာအားနာပါတယ် မေကကျွန်တော်နဲ့ လက်ထပ်တော့မယ့်သူပါ မေ့ကိုစော်ကားနေတာတွေရပ်ပေးပါ "
"ဒီမှာသူငယ်လေး မင်းကြည့်ရတာမြို့သားပုံပါ သူ့ကိုယူမယ်ဆိုတော့ မင်းအကျိုးနည်းနေမှာမကြောက်ဘူးလား မင်းကဒီကမဟုတ်ပါဘူး သူ့ အကြောင်းမင်းဘာသိလဲ သူအပျိုစစ်မစစ်ရောမင်းသိလို့လား မမိုက်မဲစမ်းပါနဲ့ကွယ် မင်းအကျိုးနည်းမယ်"
"ဟုတ်ကဲ့ဒေါ်လေးပြောပြပေးတာကျေးဇူးပါ ဒါပေမယ့်မေဘာဘဲဖြစ်နေနေ ကျွန်တော်ချစ်တယ် ဒီလောက်ဆိုပြောစရာစကားကုန်ပြီထင်တယ် မေ လာအိမ်ပေါ်တက်ရအောင်"
"အမ် အင်းအင်း"
" မေနန္ဒာ ညည်းဘာတွေရှုပ်ထားတာလဲ အခုအဲ့အရှုပ်တွေရှင်းနေရပြီမလား ငါအတန်တန်ပြောတယ်နော် အဲ့ကောင်နဲ့ကင်းကင်းနေဖို့ "
"ဘာမှမရှုပ်ရသေးဘူး သူလေ သူလုပ်လို့ မဟုတ်ရင် အဲ့မိန်းမကြီး သမီးကိုလာတောင်းပန်နေရမှာ အခုတော့လာရန်တွေ့တာဘဲခံလိုက်ရတယ်"
"ဟဲ့ သူမရှင်းပေးရင် ရန်ပွဲတောင်ထဖြစ်ဦးမှာ ဘာကိုရန်ထောင်နေတာလည်း ကျေးဇူးပါသားလေးရယ် သိပြီမလား သူ့အကြောင်းကို"
"ဘာတွေလာရီပြီးကြည့်နေတာလဲသေမယ် အမေ့ သမီးခြံထဲသွားမလို့ သူ့ကိုမလိုက်လာစေနဲ့နော် "
.....
"လိုက်မလာနဲ့လို့ပြောထားတာကို ရှင်တော့ ဟင် ငထူး နင် နင်မူးနေတာလား နံလိုက်တာ မွှန်ထွန်နေတာဘဲ "
"မေ ရက်စက်တယ် ငါ့ကိုသိပ်ရက်စက်တယ် "
"ဘာကိုရက်စက်တာလဲ ပြော ခနတာလှည့်စားမှုလေးပါ"
"မေ နင်ဘယ်လိုပြောလိုက်တာလဲ နင့်ရဲ့ခနတာက ငါ့အတွက်တော့ဘဝတခုလုံးဘဲသိရဲ့လား ငါ့စိတ်ကူးတွေ အိမ်မက်တွေကို နင်ချိုးဖျက်လိုက်တာ နင်အရမ်းရက်စက်တယ်မေရာ "
"ဟိုး ဟိုးဆရာ ကျွန်မအဲ့လောက်ဖြစ်ဖို့မရည်ရွယ်ပါဘူးရှင်"
" ငါ့ကိုမရွဲ့နဲ့မေ ငါကယောက်ျားဆိုတာနင်မမေ့နဲ့ "
"အဲ့တော့ ငါကကြောက်ပြရမလား ဝှီး ကြောက်လိုက်တာ"
"မေ "
"အာ့ နင်ဘာလုပ်တာလဲ ဖယ်စမ်း "
**အရက်မူးလာရင် ပုံမှန်စိတ်မရှိတော့တဲ့ ငထူးကိုမေ့ရဲ့စကားတွေပိုသွေးဆူလာစေတယ် မေ့ရဲ့ဆံပင်ရှည်တွေကိုလက်မှာရစ်ပြီးအနောက်ကိုလှန်ဆွဲလိုက်တယ် လက်ထဲမှာပါတဲ့ အရက်ပုလင်းကို ဘေးနားကသရက်ပင်နဲ့ခွဲချလိုက်ပြီး မေ့လည်ပင်းမှာထောက်ထားလိုက်လေတယ်
"အစ် နင် ငထူး နင်ဘာတွေလုပ်နေတာလည်း လွှတ်စမ်း"
"မလွှတ်ဘူး အော်လေ ဘယ်သူလာကယ်မှာလဲ ဟက် နင်မှတ်ထားမေ ငါ့ကိုကစားတဲ့အကျိုးဆိုတာ ငါနင့်ကိုသတ်ပြီးထောင်ထဲဝင်မယ် ဘာတတ်နိုင်လဲ နင်ငါ့ကိုပြန်တောင်းပန်စမ်းမေ ဒါမှမဟုတ်နင်ငါ့ကိုယူမယ်ဆိုလည်းရတယ်"
" သေတောင်မယူဘူး ထွီ ရွံလွန်းလို့နင်တို့အမျိုးကို ငါသေရင်သေပါစေ"
"အေးမယူချင်ဦး ငါ့ကိုရွံတယ်ဟုတ်လား ငါနင့်ကိုမသတ်တော့ဘူးမေ နင့်ကိုမသတ်တော့ဘူး ငါကိုရွံတဲ့နင့်ကိုမရရအောင်ယူမယ် ဟား"
"ဖယ်စမ်း ငထူး နင်မယုတ်မာနဲ့ "
**အားကုန်ရုန်းပြီး ရုန်းထွက်သော်လည်းအချည်းနှီးဖြစ်နေတာကြောင့် မေ့စိတ်ထဲ ချစ်ရသူကိုစိတ်ထဲကနေခေါ်နေဟန်ရှိသည် မျက်လုံးထဲမှမျက်ရည်များပြည့်လျှံလျက် မှောင်လာသောပတ်ဝန်းကျင်ကိုကြည့်ကာ အော်ပြောလိုက်လေသည်
"အကို့ ကျွန်မမှားခဲ့ပြီ နောက်ကျခဲ့ပြီလားဟင် အကို့ကိုကျွန်မချစ်တယ် "
**မေ့ရဲ့ငိုယို‌ကာ ပြောနေသောစကားမှာ အုံမှိုင်းမှိုင်းခြံကြီးထဲလွင့်ပျံသွားပြီးနောက် အဝေးကနေလူတယောက်ပြေးလာတာ ရိပ်ရိပ်ကလေးမြင်လိုက်ရတယ် အရာအားလုံးကနောက်ကျခဲ့ပါပြီ
"သမီး ..သမီး မေ နိုးပြီလား "
"အမေ...ဟင့်....အမေရယ် သမီးမှားသွားပြီ သမီး "
" အေးပါသမီးရယ် အမေသိပါတယ် မငိုပါနဲ့ကွယ် ဖြစ်ပြီးမှပြန်ပြင်လို့မရတော့တာဘဲ "
"အကိုဘယ်မှာလဲအမေ ဘယ်မှာလဲ အကို "
"မေ "
"ကျွန်မတောင်းပန်ပါတယ်အကိုရယ် အခုကစပြီးကျွန်မဟာမသန့်ရှင်းတော့ဘူး နောက်ဘယ်တော့မှအိမ်ကိုမလာပါတော့နဲ့ ကျွန်မကြောင့်အကိုသိက္ခာမကျပါစေနဲ့"
"ဘာကိုမသန့်ရှင်းတာလဲမေ ကိုချစ်တာမေ့ကိုပါ မေ့ရဲ့ခန္ဓာကိုယ်ကိုလိုချင်တာမဟုတ်ဘူး"
"ပြန်ပါတော့အကို ကြာလာရင်ပတ်ဝန်းကျင်ကပြောတဲ့စကားတွေ အကိုကြားလာရလိမ့်မယ် ပြန်ပါ "
......
"မေ"
"ထွက်သွားငထူး နင့်ကိုငါသတ်မိလိမ့်မယ် ရွံစရာကောင် ငါ့မျက်စိရှေ့ကထွက်သွား"
"ငါ ငါလုပ်ခဲ့တာအတွက်ငါတာဝန်ယူမယ်မေ နင့်ကိုငါလက်ထပ်မယ်"
"မလိုဘူး တာဝန်ယူစရာမလိုဘူး နင်နဲ့ဘာတခုမှမပတ်သက်ချင်ဘူး သွားလို့ပြောနေတယ် "
"ဒေါ်လေး မေ့ကိုပြောပါဦး "
"ငါ့သမီးစိတ်ချမ်းသာဖို့သူလုပ်ချင်တာလုပ်ပါစေ သူ့ကိုနင်တာဝန်မယူလည်း ငါသူ့အမေတယောက်လုံးရှိတယ် "
"မေ စဉ်းစားပါဦးမေရယ် ပတ်ဝန်းကျင်ကပြောလာမယ့်စကားတွေကိုထည့်မတွက်တော့ဘူးလား အခုချိန်မှာနင်ကအရင်လိုမဟုတ်တော့ဘူး "
"နင့်ပါးစပ်ကိုပိတ်ပြီးသာ ငါ့ရှေ့ကထွက်သွား နင့်ဆီကဘာတာဝန်ယူမှုမှမလိုဘူး "
........

အပိုင်း (၈)နောက်ရက်တင်ပေးပါမယ်ရှင့်
ချစ်သော readers လေးတွေ?

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့