Author's Profile Photo

My Life's Corner

15/07/2024

ကိုယ့်တိုးတက်မှုလမ်းကြောင်းမှ ပိတ်ပင်နေသည့် အတားအဆီး

1 min read
Life Style
Personal Development
General Knowledge
ကိုယ့်တိုးတက်မှုလမ်းကြောင်းမှ ပိတ်ပင်နေသည့် အတားအဆီး's photo

"Do not seek praise. Seek criticism."

လူအများစုက အလုပ်တစ်ခုခုလုပ်တဲ့အခါ approval ဆိုတဲ့ လက်ခံမှု၊ သဘောကျ‌ ကျေနပ်မှုကိုသာ ရှာလိမ့်ရှိတယ်။ သင်ရော...?

"ငါ ဒါလေး လုပ်လိုက်တာ ကောင်းတယ်မလား၊ ဘယ်လိုထင်လဲ။" ကိုယ် အဲ့လို မေးလိုက်လို့ တစ်ဖက်သူက "ကောင်းတာပေါ့၊ အဆင်ပြေပါတယ်" အဲ့လို စကားမျိုးကိုသာ ကြားရရင် ကိုယ်က ကြိတ်ကြည်နူးနေတာများတယ်၊ ကိုယ်ဘယ်လို ဒါကို ကောင်းအောင် လုပ်မလဲဆိုတဲ့ အတွေးက ပေါ်မလာတော့ပဲ သာမန်နဲ့တင် ကျေနပ်တဲ့အဆင့်ကို ကျွန်မတို့ကို တွန်းပို့လိုက်တယ်။

အဲ့တာက ကျွန်မတို့ တိုးတက်မှုအတွက် ရန်သူပဲ။

တစ်နေရာထဲမှာပဲ တစ်ပြီး ပိတ်မိနေကြတဲ့ လမ်းစပဲ။

ကောင်းတယ်ဆိုတဲ့ အဆင့်ကနေ Perfectဆိုတဲ့ သာလွန်ကောင်းမွန်တဲ့ အဆင့်ကို ခုန်မကူးနိုင်တော့ဘူး။

အဲ့တော့ ကျွန်မတို့ ဘာလုပ်ကြမလဲ?

* တစ်ခုခုလုပ်ပြီဆို
လူအများရဲ့ အားရကျေနပ်စကား‌တွေထက်
ကိုယ့်ရဲ့ လိုအပ်ချက်ကို ထောက်ပြနိုင်တဲ့ ညွှန်ကြားချက်တွေသာ အဓိက ရှာဖွေပါ။

* ကိုယ့်အားသာချက်ပြောတဲ့သူကို ကျွန်မတို့ နှစ်သက်ကြသလို
အားနည်းချက်ကို အားမနာတမ်းပြောတဲ့သူကိုလဲ ကျေးဇူးတင်လိုက်ပါ။

"ဒါလေး လုပ်လိုက်တာ ကောင်းတယ်မလား" လို့ လူတိုင်းကို လိုက်မေးနေတာထက်
" ဒါနဲ့ ပတ်သတ်ပြီး တစ်ခုခုမှားနေတယ်လို့ မင်းထင်လား၊ ငါ ဘာပြင်သင့်လဲ။" "ငါဘယ်လို ပိုကောင်းအောင် လုပ်ရမလဲ"

အဲ့ဒီလို မေးခွန်းတွေကိုပါ သင့်ရဲ့ ယုံကြည်ရသူတွေကို လိုက်မေးကြည့်ပါ။

သူတို့က သင့်ရဲ့ အားနည်းချက်ကို ထောက်ပြပြီး တိုးတက်မှုလမ်းမှန်ကို မီးမှောင်း ထိုးပြပါလိမ့်မယ်ရှင်။

#SPPZ
#SeeMyLifeCorner
- Inspired from "It is not how good you're, it's how good you want to be." written by Paul Arden

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် "ငိုလို့မရတော့ဘူး ဆိုလျှင်