Author's Profile Photo

SarPhat Author

14/07/2024

"မေးခွန်းတစ်ခုထက်ပိုရဲ့"

1 min read
Art
"မေးခွန်းတစ်ခုထက်ပိုရဲ့"'s photo

စိတ်တွေမွန်းကြပ်လာတိုင်း "အဆင်ပြေရဲ့လား"ဆိုတဲ့မေးခွန်း‌ကိုဘယ်သူကများမေးလာပါ့မလဲ....

စိတ်တွေဆောက်တည်ရာမရတဲ့အခါ ဘယ်သူကများငါ့ကိုလာပြီး "အဆင်ပြေလား"ဆိုတဲ့ မေးခွန်းထပ်ပိုတဲ့စကားကိုမေးလာမယ့်အချိန်....

လူဆိုတာ ဘယ်လိုလူပဲဖြစ်ဖြစ် ဘာမဟုတ်တဲ့ "အဆင်ပြေလားဆို"တဲ့ မေးခွန်းအမေးခံရတဲ့အခါ....

ရှိရှိသမျှတွေရင်ဖွင့်နိုင်ရတဲ့အခါ.....

"အဆင်ပြေလား"ဆိုတာမေးခွန်းထက်ပိုတယ်...

"အဆင်ပြေလားဆိုတာ" စကားလုံးထက်ပိုတယ်...

အမေးခံရလို့ ရင်ဖွင့်ပြီးတဲ့အခါ သူ့ကမ္ဘာမှာအလုံးစုံအဆင်မပြေရင်တောင် တစ်ပိုင်းတစ်စတော့ပြေပါတယ်...

အဲ့တာကြောင့် "အဆင်ပြေလား"ဆိုတဲ့နွေးထွေးတဲ့မေးခွန်းကိုမေးစေချင်တယ်...။


အကြည်

Keep Reading

Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ အနုပညာနည်းလမ်းနှစ်သွယ်အ‌တွေးအစအနများပိထောက်ခတ်ဖြင့်သာလွင့်မျောနှင်းစက်များOppenheimer ရုပ်ရှင်ကိုလေ့လာခြင်းကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၃) ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၁)