Author's Profile Photo

SarPhat Author

14/07/2024

"မေးခွန်းတစ်ခုထက်ပိုရဲ့"

1 min read
Art
"မေးခွန်းတစ်ခုထက်ပိုရဲ့"'s photo

စိတ်တွေမွန်းကြပ်လာတိုင်း "အဆင်ပြေရဲ့လား"ဆိုတဲ့မေးခွန်း‌ကိုဘယ်သူကများမေးလာပါ့မလဲ....

စိတ်တွေဆောက်တည်ရာမရတဲ့အခါ ဘယ်သူကများငါ့ကိုလာပြီး "အဆင်ပြေလား"ဆိုတဲ့ မေးခွန်းထပ်ပိုတဲ့စကားကိုမေးလာမယ့်အချိန်....

လူဆိုတာ ဘယ်လိုလူပဲဖြစ်ဖြစ် ဘာမဟုတ်တဲ့ "အဆင်ပြေလားဆို"တဲ့ မေးခွန်းအမေးခံရတဲ့အခါ....

ရှိရှိသမျှတွေရင်ဖွင့်နိုင်ရတဲ့အခါ.....

"အဆင်ပြေလား"ဆိုတာမေးခွန်းထက်ပိုတယ်...

"အဆင်ပြေလားဆိုတာ" စကားလုံးထက်ပိုတယ်...

အမေးခံရလို့ ရင်ဖွင့်ပြီးတဲ့အခါ သူ့ကမ္ဘာမှာအလုံးစုံအဆင်မပြေရင်တောင် တစ်ပိုင်းတစ်စတော့ပြေပါတယ်...

အဲ့တာကြောင့် "အဆင်ပြေလား"ဆိုတဲ့နွေးထွေးတဲ့မေးခွန်းကိုမေးစေချင်တယ်...။


အကြည်

Keep Reading

Oppenheimer ရုပ်ရှင်ကိုလေ့လာခြင်းအနုပညာနည်းလမ်းနှစ်သွယ်နှစ်ခါပြန်မကြည့်ရဲတဲ့ရုပ်ရှင်အ‌တွေးအစအနများညမင်္ဂလာ (Movie Review)၂၁ရာစု မြန်မာ​ခေတ်ပြိုင် ပန်းချီ - ၁မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)လက်ရှိလူကြိုက်များနေတဲ့ရုပ်ရှင်အိုဖီးလီယာလွင့်မျောနှင်းစက်များ