Leo(Nann)❤️
စာဖတ်သူလေးတို့အနေနဲ့ qualiityနဲ့ quantityဆိုတဲ့စကားလုံး၂လုံးကိုတော့
ခဏခဏကြားဖူးကြလိမ့်မယ်ထင်ပါတယ်။
ဒီစကားလုံးနှစ်လုံးဟာ အပေါ်ယံကြည့်လိုက်ရင် စာလုံးပေါင်းရော
အသံထွက်ပါ ဆင်တူသယောင်ယောင်ဖြစ်ပါတယ်။
တကယ်ကတော့ လုံးဝကွဲပြားတဲ့စကားလုံး၂လုံးပါ။
Qualityဆိုတာကတော့ အရည်အချင်းကို
ပြောတာဖြစ်ပြီး
Quantityဆိုတာကတော့အရေအတွက်လို့
ဆိုလိုတာဖြစ်တယ်။
"Quantityမလိုဘူး Qualityရှိဖို့ဘဲလိုတာ"
ဆိုတဲ့ အဆိုကိုကြားဖူးကြမယ်ထင်ပါတယ်။
ဒီစကားကို အနှစ်မရှိတဲ့ကြက်ဆူတွေမင်းမူတဲ့အချိန်
(အရည်အချင်းမရှိဘဲ ကျောထောက်နောက်ခံအားကိုးနဲ့
အရည်အချင်းတကယ်ရှိသူကိုနှိမ့်ချတဲ့အခါ)မှာ တုံ့ပြန်တဲ့အနေနဲ့ ပြောလေ့ရှိပါတယ်။
အမှန်ပါဘဲ။
ကျွန်မတို့ဟာ အရေအတွက်မလိုပါဘူး။
အရည်အချင်းရှိဖို့ဘဲလိုတာပါ။
အရေအတွက်(quantity)ဆိုတာကမတည်မြဲပါဘူး။လောကရဲ့ အဖြစ်အပျက် သဘောတရားအရ quantityတွေဖြစ်တဲ့စည်းစိမ်ဥစ္ာတွေဟာအချိန်မရွေးဆုံးရှုံးရနိုင်ချေရှိပါတယ်။
ရန်သူမျိုးငါးပါးကြောင့် ပျက်ဆီးကွယ်ပျောက်သွားနိုင်ပါတယ်။
ဒီနေရာမှာ qualityဖြစ်တဲ့ ကျွန်မတို့ရဲ့ အရည်အချင်း၊အရည်အသွေးတွေကတော့
ပျက်ဆီးသွားမှာမဟုတ်ပါဘူး။
အမှန်တကယ်တတ်မြောက်ထားပြီး
ကိုယ်ပိုင်အရည်အချင်းဖြစ်တာကြောင့်
ဘယ်သူကမှလည်းလာခိုးလို့မရပါဘူး။
ကျွန်မတို့မသေမချင်းတည်ရှိနေမှာပါဘဲ။
အရေအတွက်ဆိုတာက အရည်အချင်းကြောင့် ဖြစ်တည်လာတာဖြစ်တယ်။
ဒါကြောင့် ကိုယ့်အစွမ်းအစနဲ့ရထားတဲ့
Quantityမဟုတ်ရင် မထောင်လွှားမိပါစေနဲ့။
quantity နဲ့ qualityအကြောင်းကို
ပုံပြင်လေးနဲ့ဥပမာပေးလိုက်ပါရစေ။
တစ်ခါကရွာတစ်ရွာမှာ မောင်ပိုနဲ့မောင်လှဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိကြတယ်။ မောင်လှက ရွာမှာအချမ်းသာဆုံး သူဌေးကြီးရဲ့သားဖြစ်ပြီး မောင်ပိုကတော့ အကျော်သည်မုဆိုးမကြီးရဲ့သားဖြစ်တယ်။ မောင်လှကတော့သူ့ကိုယ်သူ တောသူဌေးသားလေးဆိုပြီး အမြဲစောင်းကြွစောင်းကြွနဲ့ ကြီးကြီးကျယ်ကျယ်တွေကိုဘဲပြောလေ့ရှိတာပေါ့။ သိုသိုသိပ်သိပ်နေတတ်တဲ့မောင်ပိုကိုလည်း "မင်းဆီက အကြော်ဆီနံ့နံတယ်"ဆိုပြီး အမြဲ နှိမ်လေ့ရှိတယ်။ မောင်ပို ကတော့မရှက်ပါဘူး။ "အကြော်ရောင်းလို့ အကြော်နံ့ထွက်တာဘာဆန်းလဲကွာ"ဟု ပြန်ပြောတာပေါ့။မောင်ပိုက စာကိုတတ်နိုင်သမျှကြိုးစားတယ်။ သူ့အမေကို ကူရင်းလည်းစာကျက်တယ်။ မောင်လှကိုစာလုပ်ဖို့ပြောတဲ့အခါ "မလိုပါဘူး၊ငါစာမေးပွဲကျလည်း အဖေ့စည်းစိမ်တွေရှိတာဘဲ"ဆိုပြီးဝေလေလေလုပ်နေတော့တာပေါ့။လူကြီးတွေကွယ်ရာမှာလည်းဆေးလိပ်လေးတဖွာဖွာနဲ့ပေါ့။ ဒီလိုနဲ့ဆယ်တန်းစာမေးပွဲ resultထွက်တဲ့အခါမှာတော့ မောင်ပိုက၄ဘာသာဂုဏ်ထူးနဲ့အောင်ပြီး မောင်လှကတော့ ကျပါလေရော။ အဲ့ဒီနှစ်မှာဘဲ မောင်လှသောက်ပြီးပစ်ထားခဲ့တဲ့ ဆေးလိပ်မီးကြောင့် အိမ်နောက်က ကောက်ရိုးပုံမှာ မီးထလောင်ပြီး တစ်အိမ်ကွင်းလုံးမီးစွဲသွားကာ ပြာအတိဖြစ်သွားတယ်။တစ်မိသားစုလုံး အသက်မနည်းလုပြေးရတာမို့ ရွှေငွေတွေယူချိန်မရလိုက်ဘူး။ အနည်းငယ်လောက်သာပါလာခဲ့တယ်။ မီးပြဿနာကြောင့် ရဲတွေရောက်လာပြီး လာစစ်ဆေးကြတော့ ဖခင်ကြီးကဘဲ အဖမ်းခံလိုက်တယ်။ ဒီတော့ ဘဝအလှည့်အပြောင်းဖြစ်ပြီး သူတို့စီးပွားရေးကလည်းချွတ်ခြုံကျသွားတာပေါ့။ တစ်ဖက်မှာမောင်ပိုက စီးပွားရေးတက္ကသိုလ်ကို အချိန်ပိုင်းguideလုပ်ပြီး ပိုက်ဆံရှာရင်းတက်တာပေါ့။နောက်ဆုံးဘွဲ့ရပြီး မြို့မှာစီးပွားရေးလုပ်ရင်း ကိုယ်ပိုင်အရည်အချင်းတွေကို အသုံးချလာနိုင်တာကြောင့် လူငယ်စီးပွားရေးနယ်ပယ်မှာပါ ရေပန်းစားလာခဲ့တယ်။မိခင်ကြီးကိုလည်း အိမ်တစ်ဆောင်မီးတစ် ပြောင်နဲ့ လိုလေးသေးမရှိအောင် ထားတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ ရွာကအသစ်တည်ထားတဲ့ဘုရားထီးတင်ပွဲ သွားဖို့ရွာပြန်တော့ သူငယ်ချင်းဖြစ်သူ မောင်လှနဲ့ပြန်တွေ့ပါလေရော။ မောင်လှမှာမျက်နှာငယ်လေးနဲ့ မောင်ပိုကို မရဲတရဲနှုတ်ဆက်လိုက်တယ်။မောင်ပိုကတော့ မောင်လှကိုသွားဖက်ပြီး "သူငယ်ချင်းမင်းနေကောင်းရဲ့လား"ဟုမေးလိုက်ရာ မောင်လှ မှာသူ့လိုဆင်းရဲသားကို အရေးတယူလုပ်တဲ့မောင်ပိုကိုကြည့်ရင်း မျက်ရည်များပင်လည်လာတော့တယ်။ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်း မောင်လှက မောင်ပိုကို စကားတစ်ခွန်းပြောလိုက်တယ်။ "ငါ အရည်အချင်းနဲ့ အရေအတွက်ကိုကောင်းကောင်းကြီးနားလည်သွားပါပြီတဲ့။"
ပုံပြင်လေးကတော့ဒါပါဘဲ။
ဒီပုံပြင်လေးကဘာပြောချင်လဲဆိုတော့
quantityကိုဘဲ ဖက်တွယ်မနေဘဲ
qualityရှိအောင်ကြိုးစားရမယ်ဆိုတဲ့သင်ခန်းစာလေးပါဘဲရှင့်။
စာဖတ်သူလေးတို့လည်း quantityထက်qualityရှိအောင်ကြိုးစားကြပါလို့တိုက်တွန်းလိုက်ရပါတယ်ရှင်။
------------------------------------
ပုံပြင်လေးကတော့ စိတ်ကူးနဲ့ရေးထားမို့ လိုအပ်ချက်များရှိနေနိုင်ပါတယ်ရှင့်။ စာဖတ်သူလေးတို့က ဖြည့်စွက်ဖတ်သားပေးကြပါဦးလားရှင်။
အားလုံးကိုအစဥ်လေးစားလျှက်........
Leo
14.7.2024
Keep Reading