SarPhat Author
ကျမနာနာကျင်ကျင်နဲ့ဒီစာကိုရေးသားလိုက်ပါတယ်အစ်ကို.. အစ်ကိုအရင်လိုမျိုး မူးယစ်ဆေးတွေသုံးသေးရဲ့လား၊နောက်အစ်ကို့ရဲ့အဆုတ်ကင်ဆာက ထပ်ပြီးတော့ရောအဆင့်ပိုတက်လာပြီလား။အစ်ကို့ အမျိုးသမီးနဲ့ရောအဆင်ပြေရဲ့လား။ ကျမလေ ဖြစ်နိုင်ရင် အစ်ကို့အတွက် ကျမအဆုတ်ကိုသာပေးလိုက်ချင်ပါတော့တယ်။တကယ်ပါလောကမှာလေ မပတ်သတ်ဖို့အကြောင်းတွေဖန်လာတော့လဲ ဝေးရမှာပါပဲလေ။ဒါဟာဓမ္မတာပါပဲ။ကျမလက်ခံရမယ်လေ။
အစ်ကိုမှတ်မိသေးလား အဲ့ဒီနေ့က မူးယစ်ဆေးကြောင့်အစ်ကိုအရမ်းကိုမူးပြီးကျမကိုဘယ်လောက်ချစ်ကြောင်းတွေပြောနေခဲ့တော့ ကျမဘယ်လောက်ထိပြုံးနေလဲဆိုတာအစ်ကို သတိထားမိခဲ့တယ်မဟုတ်လား။ကျမအဲ့ဒီနေ့ကအပျော်ဆုံးပါပဲအစ်ကို။အစ်ကိုသိလား ကျမဘဝမှာ အချစ်ကံမကောင်းတာတော့မဟုတ်လောက်ပါဘူး။ဘာကြောင့်လဲဆိုတော့ အချစ်ဆိုတဲ့အရာလာတွယ်ငြိတဲ့အစမှာကျမ နွေးထွေးနေတယ်လေ၊ပြီးတော့ရင်ခုန်တယ်၊ပြီးတော့ပျော်ရွှင်ရတယ်။
အစ်ကို အဲ့ဒီနေက KTV သွားမယ်လို့ကျမကိုပြောတော့ ကျမရင်ထဲမှာတော့ ေသမလိုပါပဲအစ်ကိုရယ်၊အစ်ကိုမှမခံစားဖူးသေးတာ။ကျမမှ မိန်းကလေးမပီသတာရှိပါစေတော့လေ။ဆယ်ကျော်သက်လေးကျမဟာ အချစ်ကိုမူးယစ်ဆေးသုံးသလို အလွန်အကျွံသုံးနေခဲ့မိတယ်လေ။နွေးထွေးတယ်၊ပျော်ရွင်ရတယ်ဆိုပြီး။ကျမ;မသိခဲ့ဘူးအစ်ကိုအဲ့တာက ကျမကိုနာကျင်စေမယ်လို့။
အဲ့တာက အစ်ကို့ကိုချစ်ခဲ့မိတာတွေကြောင့်ပဲမဟုတ်လား။နည်းနည်းကြာညရောက်တော့မှ အစ်ကိုမသွားတော့ဘူးဆိုပြီး ကျမနဲ့ဖုန်းပြောတော့ဘယ်လောက်ပျော်ခဲ့ရတယ်ထင်သလဲ။ကျမတို့မိန်းမသားများဟာလေ ဘယ်လောက်ပဲမကောင်းရှိစေဉီးတော့နည်းနည်းလေးကောင်းပေးလိုက်တာနဲ့ပဲ အရာရာကိုမေ့ပြီးယစ်မူးသွားတာပါ။ဒါဟာလဲကျမခံစားရတာပဲဖြစ်ချင်ဖြစ်ပါလိ့မ်မယ်။
အလွန်အကျွံသုံးပေမယ့်လဲ ဆက်ပြီးနွေးထွေးနေခဲ့သေးတယ်။ဒီအရသာလဲမပျက်ပျယ်သေးဘူး။သိပ်ကိုမက်မောစရာကောင်းလှပါတယ်။
ကျမအဲ့ဒီနေ့ကအကြာကြီးစကားတွေပြောဖြစ်ခဲ့ကြတယ်လေ။ကျန်းမာရေးကိုဂရုစိုက်နေရတဲ့ကျမဟာမိုက်မိုက်မဲမဲနဲ့ညဉ့်နက်တဲ့အထိကိုေမျာပြီးစကားတွေပြောနေခဲ့တာလေ။အစ်ကို့အသံလေးကြားလိုက်တာနဲ့ပဲ ရင်ထဲကအပူတွေဆိုတာ ရုတ်တရက်ကိုကွယ်ပျောက်ကုန်တော့တာပါပဲ။ဟောဒီ မိန်းမကအပိုတွေပြောတယ်လို့အစ်ကိုထင်ရင်ထင်နိုင်ပါတယ်။ကျမအပိုတွေမပြောပါဘုးအစ်ကို ထပ်တောင်လိုနေမလားပဲ။ကျမအစ်ကို့ကိုထပ်ဖြည့်စီးပေးချင်သေးတယ်။အစ်ကိုလိုအပ်သမျှအရာတွေကိုပေါ့။အစ်ကိုနဲ့ဖုန်းပြောပြီးကျမအိပ်ပျော်မယ်ထင်ခဲ့သလားဟင် အစ်ကို။ကျမဘယ်လိုမှအိပ်မပျော်နိုင်အောင်ပျော်နေရတယ်အစ်ကိုရယ် နွေးထွေးနေတာပါပဲ။
ကျမဟာအလွန်အကျွံဖြစ်ပြီဆိုတာသိပေမယ့်ဆက်သုံးနေတော့တကယ်ကို ဒုက္ခတွေဖြစ်လာရပါတော့တယ်။
အစ်ကိုအဲ့ဒီနေ့က ကျမကိုစာတစ်လုံးမှမပို့ဘူးလေ။အစ်ကိုအမြဲ Active now ဖြစ်နေလို့အစ်ကို့ကိုကျမစာတွေထိုင်ပို့နေပေမယ့် အစ်ကိုကတော့စာတောင်ဝင်မကြည့်ဘူးလေ။ကျမအဲ့မှာစပြီးပူလောင်ရတော့တာပါပဲ။စာလေးမပို့တာနဲ့ပဲဒီလောက်ဖြစ်ရသလားလို့မေးရင်ဖြစ်ရပါတယ်။အစ်ကိုနဲ့ပတ်သတ်ရင် နည်းနည်းလေးမှတောင်မခံစားနိုင်တဲ့မိန်းမပါအစ်ကို။
ကျမအဲ့တာနဲ့ပဲ အစ်ကိုနဲ့လမ်းခွဲလိုက်ခဲ့ရတာလေ။ကျမအစ်ကို့ကိုလမ်းခွဲလိုက်ရင်ပေါ့ပါးသွားမယ်ထင်ခဲ့တာ။ဟင့်အင်း ကျမနေ့ရက်တွေမှာမျက်ရည်နဲ့ရက်တွေပါပဲအစ်ကို။
အစ်ကိုကတော့ကျမကိုဆဲရေးပြီး ပျော်ပျော်ရွှင်ရွှင်ပါပဲ။နောက်ထပ်ချစ်စဖွယ်မိန်းကလေးတစ်ယောက်တောင်ရသွားသေးတယ်လေ။
ကျမပိုပြီးတောင်မျက်ရည်တွေကျခဲ့ရပါသေးတယ်အစ်ကိုရယ်။အစ်ကိုတစ်ခုမှကိုသတိမထားမိတာလားမသိချင်ယောင်ဆောင်နေတာလားဆိုတာကျမသိချင်မိသေးတယ်အစ်ကို။အစ်ကိုကျမကိုမုန်းခဲ့သေးတာလား။ကျမကိုချစ်တယ်လို့မပြောချင်ပဲအစ်ကိုအံ့ကြိတ်ပြီးပြောခဲ့တာလားဟင်။အဲ့လိုသာဆိုသိပ်ကိုအားနာပါတယ်အစ်ကိုရယ်။တောင်းလဲတောင်းပန်ပါတယ်။
ကျမလေအရှက်တွေမာနတွေဆိုတာဘယ်ဆီမလဲတောင်မသိတော့ပါဘူး။ကျောင်းမှာလဲငိုမိတယ်။စာစီစာကုံးပြိုင်ပွဲမှာဆုတက်ယူတော့လဲအဲ့နေရာမှာပဲ လူပုံအလယ်မှာအစ်ကို့စိတ်တစ်ခုတည်းနဲ့ငိုပစ်မိခဲ့တယ်။ကျမဟာမာနတွေဘာတွေကိုမသိတော့တဲ့မိန်းမတစ်ယောက်ပါပဲ။ချစ်မိသူတွေဟာ အရှက်ဆိုတာကိုသိလဲမသိ၊ကြားလဲမကြားဖူးသလိုတွေဖြစ်နေကြမယ်ထင်ပါရဲ့.....။အရှက်ဆိုတာရှိရင်တောင် အရှက်လွတ်ထွက်သွားရတဲ့အထိပါပဲအစ်ကို....။
ထားပါတော့လေ အစ်ကိုရေ....ကျမတို့ဟာပေါင်းဖက်ဖို့မဖြစ်နိုင်တော့ဘုးလို့ပဲကျမသတ်မှတ်လိုက်ပါတော့တယ်အစ်ကိုရယ်။ကျမရဲ့နေ့ရက်တိုင်းမှာ သမုဒ္ဒရာမြစ်လေးစင်းဖြစ်ခဲ့ရတာကတော့တစ်ထစ်မှမလျော့သေးဘူးအစ်ကိုရယ်။နေ့တွေဆို အဆင်ေပြပြီးညဘက်တွေမှ အစ်ကို့ကိုပြေးပြေးပြီးလွမ်းတာ။
မယ်ညိုပြောသလိုပဲဖြစ်နိုင်ရင်မဖြစ်နိုင်တာတွေဖြစ်ချင်ပါသေးတယ် အစ်ကို။
#အကြည်
Keep Reading