SarPhat User

၂၀၁၅ သြဂုတ်လ
အဟောင်းတွေကို ရှင်းရင်း ဒိုင်ယာယီဟောင်းတွေကို ပြန်ပြီးတွေ့ခဲ့တယ်။ ဖြတ်ကျော်ခဲ့တဲ့ နေ့ရက်တွေဟာ အဖိုးတန်ပါတယ်။ ကွန်ပျူတုကို အားကိုးပြီး စာတွေကို ရိုက်ခဲ့ပေမဲ့ တခါတလေမှာ မြန်မာဖောင့်တွေဟာ အဆင်မပြေတတ်ဘူး။ စိတ်ရှိတိုင်းချရေးလို့ မရတဲ့အခါ စကားလုံးတွေဟာ မမြိုချရပါဘဲ ရင်ထဲ ပြန်ရောက်တဲ့အခါရောက် အချိန်နဲ့အတူလွင့်ပါးပျောက်ကွယ်သွားမှာပါပဲ။
ဒါကြောင့် စာအုပ်ကို ပြန်ပြီး အသုံးချတယ်၊ စာရေးကိရိယာတွေကို နှစ်သက်လွန်းလို့ ဝယ်ထားမိခဲ့တိုင်း မရေးဖြစ်တော့ အဖုံးတွေတောင် ပျက်စီးနေပြီ၊ ဘောပင်တွေဆိုတာဟာလဲ မရေးဖြစ်တော့ အေးခဲ့သွားတယ်။
အခုဒီစာရေးနေတဲ့ အချိန်ကို မှတ်တမ်းတင်ရမယ်ဆိုရင်တော့ မနက် ကိုးနာရီ ဝန်းကျင်။
၁၁ ရက်နေ့ကမှ စင်ကာပူကနေ ရောက်လာခဲ့တဲ့ ကက်ဆက်ကနေ နွဲ့ယဥ်ဝင်းရဲ့ သီချင်းတွေ လွင့်ဆင်းလာနေတယ်၊ အေကာ်ထပ်က ထမင်းစား စားပွဲမှာ ထိုင်ပြီး စာရေးနေတာ၊ အပေါ်ထပ် စာကြည့်ခန်းကနေ ဖွင့်ထားခဲ့တာကို။
အဖော်မွန်က ရုံးကို ထွက်သွားခဲ့ပြီ၊ အိမ်ရှေ့ စာသင်ကျောင်းက စာအံသံတွေ တစ်ချက်တစ်ချက် သတိပြုမိတယ်။ အနားက အဝတ်လျှော်စက်ကနေ ရေသံတွေ၊ စက်လည်ပတ်သံတွေ ကြားရတယ်။
ကိုယ်ထိုင်နေတာဟာ အိမ်ရှေ့ တံခါးမနဲ့ အတည့်မို အရှေ့အနောက် တိုက်နေတဲ့ လေပြေလေးတွေ တစ်ခါတစ်ခါ ခံစားရတယ်။
အိမ်ရှေ့ ကားဝင်ပေါက်ဆီက သံတံခါးဆွဲဖွင့်သံ ကျွိကနဲကြားရတော့ နေ့အခါ အိမ်အလုပ် လာကူပေးတဲ့ အမျိုးသမီး ရောက်လာတယ်၊ သူ့မျက်နှာကို တစ်ချက်လှမ်းကြည့်ရင်း ရောက်လာတာကို အသိအမှတ်ပြုလိုက်တယ်။
ကောင်းကင်မှာ နေပူလာလိုက် မိုးအုံ့သွားလိုက်ပဲ၊ နေရောင်တွက ကိုယ့်စားပွဲပေါ်ကို ထိုးကျလာတဲ့ အခါလည်း ရှိတယ်။
စာရေးပြီး ဘာဆက်ရေးရမှန်းမသိတဲ့အခါ ဒီနေ့လုပ်ရမဲ့ အလုပ်တွေကို စဥ်းစားလိုက်တယ်၊ ခေါင်းလျှော်ရေချိုးတာကို အရင်လုပ်ရမယ်၊ ခေါင်းလျှော်မယ်ဆိုပြီး ပျဥ်းတော်သိမ်ရွက်နဲ့ အုန်းဆီရောကျိုထားပြီး အေးထားတာကို ခေါင်းရောဆံပင်ရော သုတ်လိမ်းပြီး နှပ်ထားခဲ့တာကို။ ခြေသည်းလက်သည်း ညှပ်ရအုံးမှာပါလား။
၂း၄၃
ဘာလိုလိုနဲ့ နေ့တဝက်ကို ဖြတ်သန်းလာခဲ့ပြီပဲ။ စိတ်အခြေအနေကို ပြောရရင် တစ်ခုခု မကောင်းတာ ရှိနေသလိုပဲ၊ ဘာကြောင့်လဲ။
မကောင်းတဲ့ ရုပ်ရှင်ကို ဇာတ်လမ်း တစ်ကွက်နှစ်ကွက် ကြည့်မိလို့များလား၊ ယိုးဒယားဘန်ကောက်ကို အခြေခံထားတဲ့ ဇာတ်ကွက်၊ သေနတ်သမားတွေ ပစ်ကြခတ်ကြတဲ့ အခန်းလား၊ ကလေးစိတ်ပညာကို သုတေသနလာပြီး လုပ်တဲ့ ကလေးနဲ့ ( စာမျက်နှာထဲမှာ အိမ်ပုံစံ တစ်ခုကို ပုံကြမ်းဆွဲထားတဲ့ ခဲခြစ်ရာကို ချိန်ပြီး စာဆက်ရေးထားတယ်) အင်တာဗျူးအခန်းကြောင့်လား၊ ရုပ်ရှင်ဆိုတဲ့ အတိုင်း ကြည့်သူစိတ်ကို လှည့်စားနိုင်တာပဲ၊ ဆက်ပြီး မကြည့်ချင်တာနဲ့ ပိတ်ပစ်လိုက်တာပဲ။
စာဖတ်မယ်ဆိုပြီး စာအုပ်တစ်အုပ် နှစ်အုပ် ဆွဲချလိုက်ပေမဲ့ အာရုံမရဘူး၊ ဖွဲ့နွဲ့တာ မဖတ်နိုင် မဖတ်ချင်ဘူးဖြစ်နေတယ်။
MES, CQHP တို့မှာ ဥက္ကဌ ဖြစ်ခဲ့ဖူးတဲ့ အင်ဂျင်နီယာ ဦးသန်းမြင့် ဒီမနက်ပဲ ဆုံးသွားပြီလို့ ဖေ့ဘုတ်စာမျက်နှာပေါ်မှာ တွေ့လိုက်တယ်။ သေခြင်းတရားက လာခေါ်သွားပြီလေ၊ အဲဒါကြောင့်များ စိတ်မကောင်းဖြစ်မိနေသလား မသိပါဘူး။ နောက်ထပ် ဖေ့ဘုတ်စာမျက်နှာကိုလဲ မဖွင့်ဖြစ်တော့ဘူး၊ စိတ်မပါဘူး၊ ဘာဖြစ်နေပါလိမ့်။
နေ့ခင်းအကူက သန့်ရှင်းရေးလုပ်နေတော့ အပေါ်ထပ် အောက်ထပ် သူ့ကို ရှောင်ပေးရင်း အိပ်ရာပေါ်မှာ လှဲပေမဲ့ အိပ်မပျော်ပဲ လန့်နိုးလာသလိုပဲ၊ ကော်ဖီတစ်ခွက် ဖျော်လိုက်ပေမဲ့ တစ်ငုံနှစ်ငုံ သောက်ပြီး သွန်ပစ်လိုက်တယ်။
အခုတော့ အပေါ်စာကြည့်ခန်းကို ပြန်ရောက်လာပြီ၊ ငါးသိန်းတန် (US $400) တန် ထိုင်ခုံပေါ်မှာ ထိုင်ပြီး ကိုယ်ကို အသာလျှော့ချ စားပွဲလေးကို မှီပြီး စာရေးလိုက်မှ နည်းနည်းနေသာ သွားသလိုပဲ။
မီးပျက်နေတယ်၊ လမ်းမီးတိုင်တွေလိုက်ပီး တပ်ဆင်နေလို့ပဲလား၊ အိမ်ဝန်းကျင်မှာ ထွေလာဂျီ စက်သံတွေဟာ ဟိုမှာသည်မှ ကူးနေတယ်။ ကောင်းကင်ပေါ်မှာ လေယဥ်သံကြားလိုက်တယ်။ မိုးသားတွေ အုံ့မဲနေတာပဲ၊ အခုထက်ထိတော့ မရွာသေးဘူး၊ သူငယ်ချင်းတွေဆီဖုန်းဆက်ဖို့ ကြံလိုက်ပေမဲ့ ဟန်းဆက်ခဏ လဲထားတာမို့ ဖုန်းနံပါတ်တွေ မသိပြန်တော့ လက်လျှော့လိုက်တယ်၊
အနီးအနားက ကိုးရီးယားကို export လုပ်မဲ့ အထည်ဆိုင်ကို သွားဖို့ စဥ်းစားလိုက်သေးတယ်၊ ပျင်းနေပြန်ရော။
ဒီလိုနဲ့ တစ်ခုခုကို စောင့်နေသလိုမျိုးဖြစ်လာတယ်။
အိုး စိတ်ထဲမှာ မကောင်းတာ တစ်ခုခုရှိနေရတဲ့ အကြောင်းရင်းကို ရုတ်တရက် သတိရသွားပြီ။
ဒီနေ့ သူတို့ အမေ ပြန်ရောက်မဲ့နေ့ပဲ၊ အဲဒါကြောင့်ကိုး အိမ်တွေကလဲ နီး၊ စျေးသွားဝယ်ရင်လဲ တစ်နေရာတည်းဆိုတော့ တစ်နေ့နေ့တော့ မျက်နှာချင်းဆိုရမှာပဲ၊ ဘယ်လိုလုပ်ရပါ့၊ လွတ်လပ်အေးဆေးနေတဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ ဘဝလေးမှာ အဖုအထုံးလေးတော့ ပေါ်လာတော့မှာကို တွေးမိတော့ စိတ်ညစ်နေမိတာကိုး။
အကြောက်တရား တစ်ခုဟာ လွှမ်းမှိုးလာရင် ဖြတ်သန်းနေတဲ့ အချိန်တွေမှာ နေလို့ မကောင်းတာတွေ ရှိလာရင် အများကြီး အကျိုးသက်ရောကနိုင်တာပဲ။
၃း၁၃
ရေးနေရင်း အိပ်ငိုက်လာလို့ ထိုင်ခုံပေါ်မှာ တစ်မှေး နေလိုက်သေးတယ်၊ တင်ထားတဲ့ ခြေထောက်ပြုတ်ကျတာနဲ့ ကုတင်ပေါ်မှာ ခဏတော့ လှဲအုံးမှပါဆိုပြီး သွားလိုက်ပေမဲ့ အိပ်မပျော်ပဲ မျက်လုံးတောင် ပြူးနေတယ်။ စိတ်ကမှ အနားမရတာပဲ စိတ်ထဲကနေ စာတွေ စီနေတာနဲ့ ပြန်ထလာခဲ့တယ်။
ပတ်ဝန်းကျင်မှာ အချိန်ကို ပြောနိုင်တဲ့ အကြောင်းအရာလေးတွေ ရှိတယ်။ အိမ်ရှေ့လမ်းက ကိုယ်ပိုင် အထက်တန်းကျောင်းဆင်းချိန် က ၂း၃၀ ဘီအမ်၊ ဒိုင်နာနဲ့ မီနီဘတ်ကားတွေဟာ တန်းစီပြီးထွက်သွားကြတယ်။
အင်တာနက်ပလန်လျှောက်ရန်
SMS to -2238
Text 2GB, 5GB
Balance checker 2230*b
Number checker *133*5#
Internet Plan *140*3 #
09978737159
2238*5GB
အတည်ပြုရန်
Keep Reading