Maru
လူတိုင်းတစ်နေ့ကို (၂၄)နာရီဆိုတဲ့အချိန်ကို ညီတူညီမျှရရှိကြပါတယ်။ဘယ်သူတစ်ဦးတစ်ယောက်ကမှ ပိုရတာလည်းမရှိသလို လိုရတာလည်းမရှိပါဘူး။
ဒါဆိုဘာကြောင့် အခြေနေခြင်းတွေကွာခြားသွားရတယ်လို့ထင်ပါသလဲ။
Time Management(အချိန်စီမံခန့်ခွဲမှု)တွေကွာခြားသွားလို့ပဲဖြစ်ပါတယ်။
"15 secrets successful people knows about Time Management" စာအုပ်ထဲမှာလည်း *ကိုယ်ပိုင်တဲ့အရာတွေထဲမှာ အချိန်ဟာ တန်ဖိုးအရှိဆုံးမို့ မဖြုန်းပါနဲ့။*လို့လည်းဖော်ပြထားပါတယ်။
Time Management(အချိန်စီမံခန့်ခွဲမှု)ဆိုတာဘာလဲ။
Time Management(အချိန်စီမံခန့်ခွဲမှု)ဆိုတာက တစ်ရက်တာအချိန် (၂၄)နာရီကို အကျိုးရှိရှိအသုံးပြုခြင်းဖြစ်ပါတယ်။ဒါကြောင့်အချိန်စီမံခန့်ခွဲမှု ကောင်းမွန်တဲ့သူတွေက အလုပ်တွေကို အချိန်မီ ပြီးမြောက်ပြီး၊ ကိုယ်ပိုင်ဘဝနှင့် အလုပ်နဲ့ဘဝအကြား ညီမျှမှုရရှိစေပါတယ်။
ကျွန်မရဲ့အချိန်ကို ကောင်းမွန်စွာစီမံပြီးအသုံးမချတဲ့တွက်ဖြစ်လာတဲ့ရလဒ်(ဖြစ်ရပ်)လေးတွေကိုပြောပြချင်ပါတယ်။
ကျွန်မက ကျောင်းသူတစ်ယောက်ဖြစ်ပြီး အရင်ကဆိုTime Management(အချိန်စီမံခန့်ခွဲမှု)မထားပါဘူး။ ကျွန်မကတစ်နေ့စာတစ်နေ့ပုံမှန်မလုပ်ပါဘူး။စာသင်ရင်သာသေချာဂရုတစိုက်နားထောင်လိုက်မှတ်ပြီး သင်တဲ့အကျင့်လေးပဲရှိတာပါ။ကျွန်မရဲ့တစ်နေ့တာဟာဆိုရင် စာသင်တယ် အတန်းချိန်တွေပြီးရင် ဆောင်းပါးတွေရေးရင်ရေးတယ်။ မရေးရင်ဖုန်းကြည့်တယ်။အိမ်ကိုကူတယ်။စာအုပ်တွေဖတ်တယ်။ အိမ်စာရေးတယ် အစရှိသဖြင့်ပါပဲ။ ကျောင်းသူတစ်ယောက်ရဲ့တာဝန်ဖြစ်တဲ့ စာကြည့်ခြင်းကိုတော့မလုပ်ပါဘူး။ကုန်ဆုံးချင်သလိုကုန်ဆုံးလိုက်တာပါပဲ။
စာမေးပွဲတွေနီးလာပြီဆိုရင်တော့ ကျွန်မစာကိုပဲ နာရီများစွာထိုင်ပြီးလုပ်ပါတော့တယ်။ကျွန်မရဲ့လုပ်လေ့လုပ်ထရှိတဲ့ ဆောင်းပါးရေးတာတွေ အစရှိသမျှအလုပ်တာဝန်တွေကိုရပ်ပစ်ပြီးလုပ်တာပါပဲ။ မလုပ်လို့လည်းမရပါဘူး မလုပ်ရင်စာမေးပွဲကိုအောင်မှာမဟုတ်ပါဘူး။မိဘတွေကလည်း တနေကုန်စာကြီးပဲလုပ်နေရင်ပြ
Unlock to read this premium article with 10 points.