Zawram
အမှား တွေကြားထဲမှာ
အမှန်က အလံဖြူထောင်လို့ ၊
ခေတ်ပျက်ကို ဟစ်တလာ ဆီ
လက်ဆောင်ပေးတော့
ရီလိုက်တာ ဆိုတာ ၊
အဖြူကိုထုံးသုတ်ကြပြန်ပြီ ၊
အမှောင်ကို အိုးမဲသုတ်ကြပြန်ပြီ ၊
ညဆို ကောင်ကင်က ကြယ်တွေက
သူတို့ သားသမီးတွေ ကမ္ဘာကိုမကြွေမိအောင်
အတန်တန်မှာကြားလို့ ၊
နောက်ကွယ်က ဓားတွေထဲ
ကံ့ကော်ရနံ့ သင်းသင်းလေး ရမိတယ် ၊
ဆေးလိပ်တိုက တစ်ဖက် ၊
အမေအိုကြီးကို တွဲနေရတာက တဖက် ၊
တော်တော် အမြင်မတင့်တယ်လှဘူး ၊
ဗျို့ ကို ခေတ်ဆိုး ( စိုး ) ရေ ၊
ကျွန်တော်တို့ မာလာဆောင်ရှေ့ မှာ
တစ်ညလုံး ဂစ်တာတီးချင်သေးပါသေးရဲ့ဗျာ ။
#zawram
13.7.24
Keep Reading