My Life's Corner
သင် လူတစ်ယောက်ရဲ့ ဗီဇကို မပြောင်းလဲနိုင်ဘူးဆိုတာ သိပါသလား?
သူတို့မှာ သင်ရဲ့ စကား၊ အလိုကို လိုက်နာရပါမယ်ဆိုတဲ့ တာဝန် မရှိပါဘူး။ ဥပဒေမရှိပါ။
သူတို့မှာ သူတို့ကိုယ်ပိုင် ကြိုက်သလို နေထိုင်နိုင်ခွင့်ရှိတယ်။
သင့်အလိုကို လိုက်ပြီး နေမယ့်သူဆိုတာရှားတယ်
သင်ဖြစ်ချင်တဲ့အတိုင်းတော့ ဒီလောကကြီးက ဖြစ်မှာတဲ့လား?
ဖြစ်ချင်သလို ဖြစ်
ပျက်ချင်သလို ပျက်နေတဲ့
လောကမှာ
သင် အရာရာကို ထိန်းချုပ်ပြောင်းလဲဖို့
ကြိုးစားနေရင်တော့ သင်ပင်ပန်းရုံပဲ ရှိမှာပေါ့။
ဆက်ဆံရေးတစ်ခုဟာ တစ်သက်တာ ပြေပြစ်ဖို့ဆိုတာ ခက်တယ်။
ကိုယ့်ဘဝမှာလဲ အရာရာ အဆင်ပြေနေဖို့ဆိုတာ ခက်တယ်။
လူတစ်ယောက်ရဲ့ မကောင်းဉာဉ်ကို ပြောင်းလဲ ပြုပြင်ဖို့ဆိုတာ ခက်တယ်။
ဒါ့ကြောင့် သင့်သာ စိတ်ညစ်မှု စိတ်ရှုပ်မှုကို မတွေ့ကြုံချင်ရင်
ကိစ္စတိုင်းကို seriously ကိုယ့်ကိစ္စချည်းပဲလို့ မတွေးပါနဲ့။ သင်ပြောင်းလဲလို့ မရတဲ့ တစ်ချို့ကိစ္စတွေမှာ စိတ်ရော ကိုယ်ရော နှစ်မထားပါနဲ့။
ကိုယ့်ကိုယ်သာ ပျော်အောင်ထားပြီး
သူများတွေရဲ့ မတူညီမှု၊ ဆိုးကွက်၊ ကောင်းကွက်တွေကိုလဲ လက်ခံတတ်ပါ။
တစ်ပါးသူကြောင့် စိတ်ညစ်မှု စိတ်ရှုပ်မှုများမှ ကင်းဝေးနိုင်ကြပါစေ...။
#SPPZ
#seemylifecorner
Keep Reading