Author's Profile Photo

အက္ခရာ - Haruki

12/07/2024

ဖောက်ပြန်သွားတဲ့သူကို အကောင်းဆုံးလက်စားချေနည်း

1 min read
Life Style
Personal Development
18 Again
ဖောက်ပြန်သွားတဲ့သူကို အကောင်းဆုံးလက်စားချေနည်း's photo

ကိုယ့်အပေါ်ဖောက်ပြန်သွားတဲ့ရည်းစားဟောင်းကို လက်စားချေချင်တယ်ဆိုပြီး တခြားတစ်ယောက် ချက်ချင်းထားပြတာမျိုးတွေ၊ ဆိုးပြတာမျိုးတွေ လုံးဝမလုပ်မိပါစေနဲ့။

တစ်ဖက်လူက နာကျင်ရတယ်၊ စိတ်တိုရတယ်ဆိုတာထက် ကိုယ်ပဲထိခိုက်ရတာ၊ နစ်နာရတာပါ။ ဒါကြောင့် ကိုယ့်အတွက်လည်း အကျိုးရှိအောင် ကိုယ့်အပေါ်ဖောက်ပြန်သွားတဲ့သူအပေါ်မှာ အကောင်းဆုံးလက်စားချေနည်းကို ပြောပြပေးထားပါတယ်နော်။

? - ပိုပြီးပျော်ရွှင်ပြပါ

သူဖောက်ပြန်သွားလို့၊ ထားခဲ့ခံရလို့ဆိုပြီး ကြေကွဲနေရင် နှစ်ကြိမ်ရှုံးပါတယ်။ ဒီတော့ သူထားသွားလည်း ဘာမှမဖြစ်ဘူး၊ အေးဆေး နေနိုင်တယ်ဆိုတဲ့ပုံစံနဲ့ ပိုပြီး ပျော်ရွှင်ပြလိုက်ပါ။

သူနဲ့ပြတ်မှ ကိုယ်ကပိုတောင်ပျော်ရွှင်လာရတယ်ဆိုတာမျိုးပဲ ပြသလိုက်ပါ။ တကယ်လည်းပျော်အောင်နေပါ။ နာကျင်ရလို့ ခံစားရလို့ ငိုချင်ရင်တောင် နောက်ကွယ်မှာပဲကြေကွဲပါ။ မြန်မြန် move on လုပ်နိုင်အောင် ကြိုးစားပါ။

? - ကြိုးစားပါ

ကိုယ့်အပေါ် ဖောက်ပြန်သွားတဲ့သူအတွက် ဝမ်းနည်းပူဆွေးနေမယ့်အစား ကိုယ့်ဘဝတိုးတက်လာအောင် ပိုကြိုးစားလိုက်ပါ။ သူနဲ့ပြတ်မှ ကိုယ့်ဘဝက ပိုအဆင်ပြေပြီး ပိုတောက်ပလာတယ်၊ ပိုအောင်မြင်လာတယ်ဆိုတဲ့ အခြေအနေမျိုးရအောင် ကြိုးစားလိုက်ပါ။

ကိုယ့်အတွက်လည်းအကျိုးရှိစေသလို တစ်ဖက်လူကိုလည်း လွတ်တဲ့ငါးကြီးတဲ့ခံစားချက်မျိုးဝင်စေမယ့် လုပ်ရပ်ပဲဖြစ်ပါတယ်။

? - အရင်ထက်ပိုလှအောင်နေပါ

ဝမ်းနည်းပူဆွေးပြီး မပြင်မဆင်မနေပါနဲ့။ သူနဲ့တွဲတုန်းကထက် ပိုလှလာအောင်နေပစ်လိုက်ပါ။ Self care များများလုပ်ပြီး လှအောင်နေပါ။ Gym ဆော့တာတွေလုပ်ပါ။ ကိုယ့်အတွက်လည်း အများကြီးအကျိုးရှိစေပါတယ်။

? - သူ့ထက်သာတဲ့သူနဲ့တွဲပါ

ဖောက်ပြန်ခံရပြီး လက်စားချေပြချင်လို့ နောက်တစ်ယောက် မြန်မြန်ဆန်ဆန်ထားတာမျိုး မလုပ်ပါနဲ့။ သေချာအချိန်ယူပြီး ကိုယ့်အပေါ်တကယ်ကောင်းတဲ့သူနဲ့တွေ့မှ ကိုယ်လည်းတကယ်ချစ်နိုင်ပြီဆိုမှ လက်တွဲပါ။

သူ့ထက်သာပြီး ကိုယ့်အပေါ်တကယ်ချစ်ပေးနိုင်တဲ့၊ ကိုယ့်အပေါ်တကယ်ကောင်းပေမယ့် သူမျိုးနဲ့ လက်တွဲပြလိုက်ပါ။ အကောင်းဆုံး လက်စားချေနည်း ဖြစ်ပါလိမ့်မယ်ခင်ဗျာ။

နွေဦးအက္ခရာ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး