Author's Profile Photo

San G

12/07/2024

Correction pen

1 min read
Life Style
Correction pen's photo

2000ခုနှစ်ရဲ့ နောက်ပိုင်းခုနှစ်တွေမှာ ‌ပေါ်ပေါက်
ခေတ်စားလာတဲ့ စာရေးကိရိယာတွေထဲကတစ်ခု

သူက ဘောပင်နဲ့ရေးသားထားတဲ့စာတွေကို ပြန်လည်
ပြင်ဆင်ရေးသားချင်လျှင် ၊ မှားယွင်းသွားတဲ့စာတွေကို
ပြန်လည်ပြင်ဆင်ရေးသားချင်လျှင်သုံးတဲ့ အမှားပြင်ကိရိယာလေး

သူက မှားယွင်းသွားတဲ့စာတွေကို ပြန်လည်ပြင်ဆင်
ပြုပြင်နိုင်ပေမယ့် ဖျက်ရာဆိုတဲ့အမာရွတ်တော့ကျန်စမြဲ

လူတွေ‌ရဲ့ဘဝမှာ မှားယွင်းသွားတဲ့ဆုံးဖြတ်ချက်တွေ၊
မှားယွင်းသွားတဲ့ကုသမှုတွေ၊ မှားယွင်းသွားတဲ့လုပ်ရပ်
တွေ အပေါ်မှာတော့ သူက ပြန်လည်ပြင်ဆင်ဖာထေးလို့
တော့မရနေဘူး

လူတိုင်းအမှားနဲ့မကင်းပါဘူး အလုပ်လုပ်နေတဲ့သူတိုင်းလဲအမှားအယွင်းနဲ့မကင်းပါဘူး၊ တချို့က လုပ်မှားကိုင်မှား မှားယွင်းတယ်၊

တချို့က မှားနေမှန်းသိလျှက်နဲ့ မထူးဇာတ်ခင်းပြီး
ဆက်မှားတယ်၊

အမှားအယွင်းတွေမှာလည်း သူ့နေရာနဲ့သူ ပြန်လည်ခွင့်လွှတ်မှု၊နားလည်မှုတွေနဲ့ ပြန်လည်ဖာထေးပေးလို့
ရသလို၊ တချို့အမှားအယွင်းတွေက နောင်တတွေ
တပွေ့တပိုက်နဲ့ သေတပန်သက်တဆုံးနေသွားရတာတွေ

မိတ်ဆွေတို့ရော ဘဝမှာ ပြန်လည်ပြန်ဆင်ချင်တဲ့ အမှားအယွင်းမျိုးကြုံခဲ့ရဖူးပြီလား...ပြင်လို့မရနိုင်တဲ့ မှားယွင်း
မှုကြီးမရှိအောင် ၊ ခဏခဏမှားတိုင်း ခဏခဏပြင်နေတဲ့ correction penလိုလူမျိုးမဖြစ်အောင် ဂရုစိုက်ကြပါလို့
အကြံပြုရေးသားလိုပါတယ်....

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်