မြ (စံကားဝါမြေ)
ဒီနေ့မှာတော့ မြလို ကျောင်းသား/သူ လူငယ်လေးတွေအတွက် ကျောင်းက ဆရာ/မတွေ ပေးလိုက်တဲ့ အိမ်စာကို အိမ်မှာ ပြန်ရေးကြတဲ့အခါ ကလေးအများစုက အိမ်စာရေးဖို့ ပျင်းနေတတ်ကြပါတယ်။ ဒီထဲမှာ မြကိုယ်တိုင်လည်း အပါအဝင်ပါပဲရှင်။
အဲ့တာဆိုတော့ ဒီနေ့မှာ အိမ်စာရေးရင်း ပျင်းလည်းမပျင်း အကျိုးလည်း ရှိစေမယ့် အချက်လေး(၃)ချက်ကို မြရဲ့ စာဖတ်သူလေးတွေအတွက် ရေးသားသွားပါမယ်ရှင်။
အဲ့တာကတော့ ဘာဖြစ်မလဲဆိုရင် အများစုကတော့ စာလုပ်နေချိန်မှာ အန္တရာယ်အပေးဆုံးရန်သူဖြစ်တဲ့ ဖုန်းကို စာကြည့်စားပွဲရဲ့ အဝေးဆုံးမှာ ထားဖို့ ပြောကြပါတယ်။ ဟုတ်ပါတယ်။ မိမိက အိမ်စာကြည့်ရေးနေတာ မဟုတ်ဘဲ သင်္ချာတွက်တာတို့၊ ကိုယ့်ဘာသာ သင်ခဲ့ပြီးသားစာတွေကို Practiceလုပ်တာတို့၊ စာကျက်နေတဲ့အချိန်တွေမှာ မြတို့ရဲ့ အာရုံတွေကို ထွေပြားစေတဲ့ ဖုန်းကို စာကြည့်စားပွဲရဲ့ အဝေးမှာထားဖို့ အကြံပေးပါရစေရှင်။
ဒါပေမယ့် ကိုယ်ရေးနေတဲ့အိမ်စာက ပုံနှိပ်စာအုပ်ထဲကနေပဲ ကြည့်ရေးရတဲ့ ပထဝီ၊ သမိုင်း၊ ဘောဂအစရှိတဲ့ ဘာသာရပ်တွေကို ရေးတဲ့အခါ သမိုင်းဆိုရင် ပုံနှိပ်ထဲက စာပိုဒ်အရှည်ကြီးတွေကို ပြန်ရေးရတာတွေ ရှိပါတယ်။ အဲလိုရေးနေရရင် ဘယ်ကျောင်းသား/သူက မပျင်းဘဲ နေပါ့မလဲ။ ပျင်းတာပေါ့။
အဲ့လိုပျင်းနေတာနဲ့ပဲ "ဆရာမကလည်းကွာ၊ ဒီစာပိုဒ်ကြီးတွေကို ကူးခိုင်းနေသေးတယ်။ ပုံနှိပ်ထဲမှာလည်း ရှိနေတာကို ပုံနှိပ်ထဲက ကြည့်ပြီး ကျက်လိုက်ရရဲ့သားနဲ့ လက်ညောင်းအောင် ရေးခိုင်းနေတယ်။" ဆိုပြီး ကလေးအများစုရဲ့ စိတ်ထဲမှာ မကောင်းတဲ့အတွေးတွေ ဝင်ရောက်လာနိုင်ပါတယ်ရှင်။
အဲဒီလို အတွေးဆိုးတွေလည်း မဝင်ရလေအောင် စာဖတ်သူလေးတို့ရဲ့ အရိပ်ပမာ ခွဲမရတဲ့ ဖုန်းကိုလည်း မိမိဘေးနားမှာထားပြီးတော့ အိမ်စာရေးလို့ရမယ့် နည်းလမ်းလေးတစ်ချို့ ပြောပြပေးသွားမယ်နော်။ သိချင်သွားကြပြီမလား။ ?
(၁) Stopwatch အသုံးပြုပါ။
ပထမဆုံးတစ်ချက်ကတော့ မိမိအိမ်စာ စရေးတဲ့အချိန်ကစပြီးတော့ စာဖတ်သူလေးရဲ့ ဖုန်းထဲမှာရှိတဲ့ Clockထဲမှာ Stopwatchကို ဖွင့်ထားခြင်းဖြင့် စာဖတ်သူလေးက ဘယ်နှနာရီ၊ ဘယ်နှမိနစ်၊ ဘယ်နှစက္ကန့်ကြာကြာ စာလုပ်နေပြီလဲဆိုတာကို သိနိုင်ပါတယ်ရှင်။ အဲဒီလို သိနိုင်တဲ့အခါမှာ စက္ကန့်အရေအတွက်က များလာလေလေ ထောင်ကျော်တွေ ဖြစ်လာလေလေ "ရေး ငါ စာလုပ်နေတာ အခုဆိုရင် 1080စက္ကန့်တောင် ရှိနေပြီ။" ဆိုပြီး စာဖတ်သူလေးရဲ့ ရင်ထဲမှာ ပျော်ရွှင်ကြည်နူးတဲ့ ခံစားချက်လေးတစ်ခုတော့ ရပါလိမ့်မယ်ရှင်။ အဲဒီအခါ လူတွေရဲ့ လောဘက ထပ်တိုးလာပါတော့တယ်။ "ငါ စက္ကန့် (၃၀၀၀)ထိ စာလုပ်မယ်ကွ။" ဆိုပြီး ပိုမိုစာလုပ်ချင်စိတ်တွေ ဖြစ်လာစေနိုင်ပါတယ်ရှင်။
(၂) Focusထားလို့ရတဲ့ APKတစ်ခုခုကို အသုံးပြုပေးပါ။
ဒုတိယအချက်ကတော့ Forest, Plantnet, Bunny APKတွေကို စာဖတ်သူလေးရဲ့ ဖုန်းထဲမှာ Downloadဆွဲထားပြီးတော့ စာစလုပ်တဲ့အချိန်ကနေ (၁၀)မိနစ်၊ (၁၅)မိနစ်၊ နာရီဝက် အစရှိသဖြင့် မိမိလုပ်မယ့်အချိန်အတိုင်းအတာကို အဲဒီAPKလေးတွေထဲမှာ ထည့်ပြီးတော့ အပင်စိုက်ခြင်း၊ ယုန်လေးအိပ်နေခြင်း ပုံစံအမျိုးမျိုးရှိတဲ့ စိတ်ဝင်စားဖွယ် Gameပုံစံ APKလေးတွေကို အသုံးပြုခြင်းနဲ့လည်း စာဖတ်သူလေးတို့ စိတ်ထဲမှာ အပင်စိုက်ရင်လည်း တစ်ပင်ကနေ နှစ်ပင်၊ နှစ်ပင်မှ သုံးပင် အကြွေစေ့ရရင်လည်း (၁၀)စေ့မှ အစေ့(၂၀)၊ (၂၀)မှ (၃၀)ဆိုပြီး ထပ်ထပ်ပြီး လိုချင်ရင်းကနေ အိမ်စာရေးနေတာ အချိန်ကြာလို့ ကြာသွားမှန်း မသိအောင်ကို အိမ်စာရေးတဲ့အခါ မပျင်းတော့ဘဲ ခဏလေးအတွင်းမှာ ပြီးသွားပါလိမ့်မယ်ရှင်။
(၃) Audio Book နားဆင်ပါ။
နောက်ဆုံးတစ်ချက်ကတော့ မြအမြဲလုပ်ဖြစ်တဲ့ အချက်လေးပါရှင်။ အဲ့တာကတော့ Audio Bookနားထောင်ခြင်းပါ။ မြက အိမ်စာရေးနေတဲ့အချိန်မှာ YouTubeနဲ့ Telegramတွေမှာရှိတဲ့ Audio Bookတွေကို အိမ်စာမရေးခင် ပုံမှန်ဖုန်းသုံးနေတဲ့အချိန်တွေမှာ Download ဆွဲထားလိုက်ပါတယ်ရှင်။ အဲဒီလို ကြိုလုပ်ထားခြင်းက အိမ်စာရေးနေတဲ့အခါမှာ လိုင်းပိတ်ထားပြီး Downloadဆွဲထားတာတွေကိုပဲ နားဆင်တာက Notificationကျတဲ့အခါ မြရဲ့ စာပြန်ချင်စိတ်ကို မဖြစ်ပေါ်စေတော့တာပေါ့ရှင်။ မြက Notiကျတာမြင်လိုက်ရင် ချက်ချင်း Reply ပြန်လိုက်ရမှ ကျေနပ်တာပါ။ စာဖတ်သူလေးတို့လည်း မြလို Notiကျတာမြင်လိုက်ရင် ဖုန်းကို ကောင်ကိုင်ပြီး Replyပြန်မိကြမှာ အမှန်ပါပဲရှင်။
အဲ့တာဆိုတော့ မိမိက ကြိုတင်ပြီး မဒေါင်းထားလိုက်ရလို့ လိုင်းမပိတ်ထားဘဲ လိုင်းဖွင့်ပြီးပဲ တိုက်ရိုက်နားဆင်မယ် ဆိုပါစို့။ အဲ့တာဆိုရင် ဖုန်းရဲ့ Soundကို Muteထားပြီးတော့ DND Modeကိုလည်း ဖွင့်ထားလိုက်ပါရှင်။ အဲ့တာဆိုရင် Notiကျတာ မမြင်၊ မကြားရတော့တဲ့အတွက် အိမ်စာရေးနေချိန်မှာ ချက်ချင်း Replyပြန်ရင်းကနေ လိုင်းသုံးမိတဲ့အထိ မဖြစ်ပါတော့ဘူးရှင်။
ကဲ အဲ့တာဆိုရင် ယခု မြပြောခဲ့တဲ့ ဒီအချက်လေး (၃)ချက်ထဲကနေ တစ်ချက်မဟုတ်တစ်ချက်ကို စမ်းပြီး လုပ်ကြည့်ပါနော်။ မြပြောသလို တကယ် ထိရောက်ပါလိမ့်မယ်ရှင်။ မြရဲ့ စာဖတ်သူလေးတွေလည်း မြရဲ့ဆောင်းပါးလေးကို ဖတ်ရှုပြီးတော့ အိမ်စာရေးနေချိန်မှာ အတွေးဆိုးတွေ မရှိတော့ဘဲ အကောင်းမြင်စိတ်လေးတွေနဲ့ လက်ရေးလှလှလေး ရေးသားနိုင်ပြီး အကျိုးလည်း ရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
12.7.2024(Friday)
Keep Reading