တင်ညွန့်
စင်ကာပူနိုင်ငံတွင် အင်္ဂလိပ်စကားအပြောများသည်။ ကျောင်းများတွင် မိခင်ဘာသာစကားအဖြစ် တရုတ် ဘာသာစကားကို သင်ကြားနိုင်ရေးကိုလည်း ဆွေးနွေးကြသည်။ တရုတ်ဘာသာစကား ဒုတိယဘာသာစကား အနေဖြင့် သင်ခွင့်ပြုရေးနှင့် ပတ်သက်ပြီး လီကွမ်းယုက
“သူတို့ ကလေးတွေကို ပညာရေးမှာ မနိုင်မနင်းဖြစ်ပြီး ဒုက္ခရောက်မှာ မကြောက်လို့ လုပ်ချင်သပဆိုရင် လုပ်ကြ ပေါ့။ တို့ဘက်က ခွင့်မပြုနိုင်စရာ အကြောင်းမရျိဘူး။ ပြဿနာတက်လာရင် အစိုးရအပေါ် ပုံမချနဲ့။ တရုတ် ဘာသာဟာ သိပ်လွယ်တာမဟုတ်ဘူး။ သိလျက်နဲ့ စမ်းချင်ရင် စမ်းကြည့်ကြ” ဟုပြောဖူးသည်။
နိုင်ငံတိုးတက်ဖွံ့ဖြိုးစေရန် ကြံဆောင်ရာတွင် စင်ကာပူခေါင်းဆောင် လီကွမ်းယုက ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံများ၏ တံခါးကို သွားခေါက်နိုင်ရမည်ဟု ကြိုတွက်ထားသည်။ ထိုတံခါးပေါက် များကို သွားခေါက်ပြီးလျှင် ဆက်သွယ်နိုင်သောစကားသည် အင်္ဂလိပ်စာကလွဲပြီး အခြားမရှိ။ သို့ဖြစ်ရာ လွန်ခဲ့သည့် နှစ်ပေါင်း လေးဆယ်ခန့်ကတည်းက စင်ကာပူနိုင်ငံတွင် အင်္ဂလိပ်လိုသင်၊ အင်္ဂလိပ်လိုပြော၊ အင်္ဂလိပ်လိုဆက်သွယ်ရန် ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။
ခေတ်မီစေရန် ဘာသာစကားတိုင်း လိုက်လေ့နေစရာမလိုပေ။ လူအားလုံး၊ ကမ္ဘာသားအားလုံးနှင့် ဆက်သွယ် နိုင်သည့် ဘုံစကားကို တတ်မြောက်ထားရန်သာလိုသည်။ ဘာသာစကား ခြောက်မျိုးတတ်သူသည် ခြောက်မျိုး စလုံး မမေ့စေရန် ကြိုးစားအားထုတ်နေရလိမ့်မည်။ သူ့တွင် အခြားသော လုပ်ငန်းမရှိလျှင် ကိစ္စမရှိ။ ဘာသာ စကားအားလုံးကို လိုက်ပြီးအချိန်ကုန်ခံကာ သာမန်လူများတွင် လေ့လာနိုင်စရာ အချိန်မရှိနိုင်ပေ။ သို့ဖြစ်ရာ လီကွမ်းယုက
“ကဲ … ဘာသာစကား ခြောက်မျိုးလုံး မမေ့အောင် ထိန်းထားနိုင်မလား။ အဓိပ္ပာယ်မရှိ ရူးလို့ပြောတာ။ ကျွမ်းကျင်တဲ့ ဘာသာစကား တစ်ခုပဲ ရှိဖို့လိုတယ်။ အဲဒီစကားနဲ့ အလုပ်လုပ်။ သတင်းအချက်အလက်ယူ။ တွေးခေါ်သုံးသပ်။ လုံလောက်ပြီ။ ငါ့အတွက် အဲဒီဘာသာစကားက အင်္ဂလိပ်ပဲ” ဟုဆိုခဲ့သည်။
လီကွမ်းယုသည် တရုတ်ဘာသာစကားကို ကမ္ဘာသုံး ဘာသာစကား ဖြစ်လာလိမ့်မည်ဟု မည်သည့်အခါကမျှ မယုံကြည်ခဲ့ပေ။ သူကထိုသို့ မယုံကြည်ခြင်းနှင့် ပတ်သက်ပြီး ရှင်းပြခဲ့သည်။
“ငယ်ငယ်ကတည်းက ပြောလာတာ မဟုတ်တဲ့ လူတစ်ယောက်အတွက် တော်တော်ခက်တဲ့ ဘာသာစကားပဲ။ ဖော်နက်တစ်မရှိ။ ဖျင်းယင်မရှိနဲ့။ တရုတ်အက္ခရာကို မစွန့်လွှတ်သမျှ သူတို့ စကားသင်နေရတာ နှစ်ဆပို ဒုက္ခရောက်တယ်။ အရင်ဆုံး နားထောင်၊ စကားပြော၊ အဲဒါတင်ပဲ ခက်လှပြီ။ စကားတစ်လုံးကို အသံငါးမျိုး၊ လေးမျိုးနဲ့ တစ်မျိုးက အသံပေါ့တဲ့။ နောက်တစ်ချက်က အက္ခရာ သုံးထောင်ကျော် မှတ်မိနေရဦးမယ်”
Unlock to read this premium article with 100 points.