SarPhat User
ကျွန်တော်တို့တွေဟာ ဘဝရဲ့အချိန်အပိုင်းအခြားတစ်ခုအထိ ရှင်သန်နေထိုင်ခဲ့ကြပြီးပါပြီ။
အဲ့လိုရှင်သန်နေထိုင်ခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ ကျွန်တော်တို့တွေဟာ ဘဝကို အကောင်းဆုံးရှင်သန်နေထိုင်ခဲ့ကြတာလား။ ဒါမှမဟုတ် ဘဝကို အဆိုးဆုံးရှင်သန်နေထိုင်ခဲ့ကြတာလား။
ဒါဆို အကောင်းဆုံးရှင်သန်တယ် ၊ အဆိုးဆုံးရှင်သန်တယ် ဆိုတာကို ဘယ်လိုမျိုးကို ဆိုလိုတာလဲ။အဲ့ရှင်သန်မှုတွေကရော ဘယ်သူ့အပေါ်ကို မှီခိုနေတာလဲ။အဖြေကတော့ ကိုယ့်ကိုယ်ကိုပဲ မှီခိုနေတာပါ။
ကိုယ်လုပ်လိုက်တဲ့ အပြုအမူတိုင်း ၊ ကိုယ်ပြောလိုက်တဲ့ အပြောအဆိုတိုင်းက ကိုယ့်ကို တန်ပြန်အကျိုးသက်ရောက်မှုကို ပေးပါတယ်။
ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးခံစားရမယ် ၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးခံစားရမယ်။ဒါကြောင့် ကိုယ်ကောင်းတာတွေလုပ်ခဲ့လား ၊ မကောင်းတာတွေလုပ်ခဲ့လားဆိုတာကိုသိရဖို့ ကိုယ့်ကိုယ်ကို ရှာဖွေဖို့လိုပါတယ်။
ကိုယ့်ကိုယ်ကို ရှာဖွေတဲ့နေရာမှာလည်းကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကို ဘယ်သူနဲ့မှ မယှဉ်ပါနဲ့။ မပြိုင်ပါနဲ့။ ကိုယ့်ကိုယ်ပဲ ယှဉ်ပါ။
ကိုယ့်ကိုယ်ကိုပဲ ပြိုင်ပါ။ မနေ့က ငါ ထက် ဒီနေ့ ငါ ဘယ်သူပိုသာနေလဲ ၊ ပိုတော်နေလဲဆိုတာ။
လောကကြီးက ကျွန်တော်တို့ကို ကိုယ်ပိုင်စွမ်းရည်တွေ ၊ အားသာချက်တွေ ၊ အားနည်းချက်တွေ ထည့်ပေးလိုက်ပီးသားပါ။ ကျွန်တော်တို့ကိုယ်တိုင်ကသာ အဲ့တာတွေကို မမြင်သေးတာ ၊ မသိသေးတာ။ ဘာကြောင့်လဲ ။ အဖြေက မရှာဖွေလို့ပါ။ အဲ့တာကြောင့် ရှာဖွေပါ။ ကျွန်တော်တို့ရဲ့ အားသာချက် ၊ အားနည်းချက် ၊ စွမ်းရည်တွေကို သိအောင်လုပ်ပြီး ကိုယ့်ကိုယ်ကို အကောင်းမွန်ဆုံး ရှင်သန်ပါ။ အတောက်ပဆုံးဖြစ်အောင် နေထိုင်ပါ။
လောကကြီးက ကျွန်တော်တို့အတွက် အကောင်းမွန်ဆုံး ၊ အတောက်ပဆုံး ဖြစ်လာမယ့်အချိန်ကို ဖန်တီးပေးလိုက်ပီးသားပါ။ ကျွန်တော်တို့ကသာ နေ့ရက်တိုင်းကို အဆိုးဆုံးတွေ ဖြစ်နေရင်တောင်မှ အကောင်းဆုံး ဖြတ်သန်းပြီး ကုန်ဆုံးသွား။ကျော်ဖြတ်သွားပါ။ အဲ့လိုပုံစံမျိုးနဲ့သာ နေ့ရက်တိုင်းကို ကြိုးစားသွား။တစ်နေ့ လောကကြီး ဖန်တီးပေးလိုက်တဲ့ အကောင်းမွန်ဆုံး ၊ အတောက်ပဆုံးအချိန်က ကျွန်တော်တို့လက်ထဲကို သေချာပေါက် ရောက်လာပါလိမ့်မယ်။ အဆိုးဆုံးတွေ ဖြစ်လာရင်တောင် ဘယ်တော့မှ အရှုံးမပေးပါနဲ့။
#ရှင်စော (အတွေးအပိုင်းအစများ)
#10.7.2024
(ကျွန်တော် ပထမဆုံး စာစရေးတာဖြစ်လို့ ကျွန်တော့်ရဲ့စာမှာ လိုအပ်ချက်လေးတွေ ၊ အမှားအယွင်းလေးတွေရှိရင် ထောက်ပြဝေဖန်အကြံပြုနိုင်ပါတယ်။)
Keep Reading