Author's Profile Photo

SarPhat Author

10/07/2024

❝ မျက်ရည်လွယ်သောသူများဖတ်ဖို့ ❞

1 min read
General Knowledge

❝ မျက်ရည်လွယ်သောသူများဖတ်ဖို့ ❞

မျက်ရည်လွယ်တဲ့သူတွေဟာ
နှလုံးသား နုတယ်လို့
ကျမစာတစ်စောင်မှာ ဖတ်ဖူးတယ်။
တစ်ချိန်က ကျမလည်း
မျက်ရည်လွယ်ခဲ့ပါတယ်။

ဝမ်းနည်းစရာအဖြစ်အပျက်တွေ ကြုံတွေ့လာတဲ့အခါ
စိတ်ရှုပ်စရာ အတွေးတွေ ဝင်လာတဲ့အခါ
ဝမ်းနည်းစေတဲ့ရုပ်ရှင်တွေကြည့်မိတဲ့အခါတွေမှာဆိုရင် မျက်ရည်ဟာ Automatic ကျလာတာပါပဲ။

ကျမဖတ်ဖူးတဲ့စာတစ်အုပ်ထဲမှာ
မျက်ရည်လွယ်တဲ့သူတွေက

အရမ်း ကိုယ်ချင်းစာတတ်တယ်။
အရမ်လည်း သနားတတ်တယ်။
အရမ်းလည်း ခံစားလွယ်တယ်။
နောက်ပြီး အရမ်းလည်းအတွေးလွန်တတ်ပါသတဲ့။

ဒါကြောင့် မျက်ရည်လွယ်တတ်တဲ့သူတွေကို
ကျမပြောချင်တာကတော့
ဒီလိုသာ စိတ်ထားပျော့ညံ့နေမယ်ဆိုရင်
ခက်ခဲနက်နဲတဲ့ ဒုက္ခသုက္ခနဲ့တွေ့ ကြုံလာတဲ့အခါ
ရင်ဆိုင်နိုင်စွမ်း ရှိမှာမဟုတ်တော့ပါဘူး။

ထစ်ခနဲ့ရှိ မျက်ရည်ကျနေမယ် ဆိုရင်တော့
လောကဓံကိုအံတုဖို့ အရမ်းခက်ခဲပါလိမ့်မယ်။
အတွေးတွေနယ်ချဲ့ပြီး
ခံစားမျက်ရည်ကျနေမယ့် အစား
ပျော်ရွှင်စရာဇာတ်ကားတွေ
စိတ်ကျန်းမာရေးစာအုပ်တွေ
ဗဟုသုတ စာပေတွေ
အားတက်စရာ ပျော်မြူးစရာ သီချင်းတွေ
ဝါသနာပါရာ အလုပ်တွေ
အိမ်မှုကိစ္စတွေ စတဲ့ အလုပ်တွေကိုပဲလုပ်နေပါ။

သင့်ကို ဘယ်သူမှမသတ်ပါဘူး။
သင့်အတွေးကပဲ သင့်ကိုပြန်သတ်နေတာပါ။

မျက်ရည်လွယ်တတ်တဲ့သူဟာ
နှလုံးရောဂါကို ရစေတယ်
နာကျင်မှုတွေကို ခံစားရစေတယ်
စိတ်ကျရောဂါ ကို ဖြစ်စေတယ် လို့
ဆရာဝန် တစ်ဦးက ကျမကို ပြောပြဖူးတယ်။
ဒါကြောင့် အရေးမပါတဲ့အရာတွေကြောင့်
အချိန်ကုန်ခံနေမယ့်အစား အရေးပါတဲ့
အရာတွေအတွက် အချိန်ပေးသင့်ပါတယ်။

နောက်ပြီး
ပတ်ဝန်းကျင်ကိုလစ်လျူရှူ့တတ်ခြင်းဟာလည်း
စိတ်ကို ကုသခြင်းတစ်မျိုးပါပဲ။
တွေးတဲ့အခါမှာလည်း
ဘယ်တော့မှ အဆုံးအစွန်အထိမတွေးပါနဲ့။
ဘုရားလမ်းစဉ်ဖြစ်တဲ့
အလယ်အလတ်လမ်းစဉ်ကိုလိုက်ခြင်းဟာ
စစ်မှန်တဲ့ အတွေးအခေါ်ကိုရရှိစေပါလိမ့်မယ်။

#????
#???

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျိုးဆက်ရလဒ်ကသာ အရေးကြီးဆုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲစာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) အကျင့်ဆိုးဖျောက်နည်းကိုယ့်ကိုယ်ကိုယ်ကုစားနည်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်း