Author's Profile Photo

မောရိသျှ

19/03/2025

စာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်း

2 mins read
Life Style
Personal Development
General Knowledge
စာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်း's photo

တပဓမ္မဆရာကြီး မူဆိုးနီးယုစ်ရုဖုစ်ရဲ့ နာမည်ကျော် ဆုံးမစကားတစ်ခွန်းရှိတယ်ဗျ။ “ခက်ခဲမှုတွေကို ရင်ဆိုင်ရင်းနဲ့ စိတ်ဝိညာဉ်ကို သန်စွမ်းအောင် လုပ်ရတယ်၊ သာယာမှုတွေကို ငြင်းဆန်နိုင်သူသာ ပျော်ရွှင်မှုအစစ်ကို ရယူပိုင်ဆိုင်နိုင်တယ်” တဲ့။ 

ဒီနေ့ခေတ်ကြီးမှာသာ မူဆိုးနီးယုစ်ရှိနေခဲ့ရင် ဘယ်လိုစကားတွေတောင် ဆက်ပြောမလဲမသိဘူးဗျ။ သာယာမှုတွေအတွက် ကြိုးစားအားထုတ်နေတဲ့ ခေတ်ကြီးအတွက် သူ့စကားတွေက အရွဲ့တိုက်နေသလို ထင်ရပြီး၊ မဟုတ်တန်းလျားပြောသလိုမျိုးတောင် ဖြစ်ချင်ဖြစ်မှာပါ။ ပြောမယ်သာ ပြောရတာ၊ ကျွန်တော်လည်း မထူးပါဘူး။ ခေတ်ရဲ့ သားကောင်ပဲ ဖြစ်တဲ့အတွက်၊ ကိုယ်တိုင်ကလည်း သာယာမှုကို မငြင်းဆန်နိုင်တဲ့အပြင် သာယာမှုကို တမင်ရယူတဲ့သူတွေထဲက တစ်ယောက်ပါ။ ပြီးခဲ့တဲ့နှစ်ကပဲ ဆောင်းတွင်းတလျှောက် ထိုင်ရတာ သက်သာအောင် အပူပေးဆိုဖာတစ်လုံး ဝယ်သုံးခဲ့သေးတယ်။ ပြန်တွေးကြည့်ရင် အဲတာက ကျွန်တော့်ဘဝမှာ သာယာမှု ရယူခဲ့သမျှတွေအားလုံးထက် အကြီးဆုံးလို့ ပြောရင်ရတယ်ဗျ။

မူဆိုးနီးယုစ်ရဲ့ စာတွေ ဖတ်မိတော့မှ အခက်အခဲရဲ့ အကျိုးကျေးဇူးကို နားလည်လာတယ်။ အေးတာက အတော်လေး ကသိကအောက်ဖြစ်တယ်ဗျ။ နေရထိုင်ရတာ နုံးနုံးနွမ်းနွမ်းဖြစ်ပြီး နည်းနည်းမှ သက်တောင့်သက်သာ မရှိဘူး။ ဒါပေမဲ့အဲဒီလို သဘာဝရဲ့ ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိဦးမှလည်း နေကောင်းကျန်းမာနိုင်တာကို သိသိကြီးနဲ့ ကျွန်တော် မခံနိုင်ဘူး။ သည်းခံနိုင်သလောက်တေ့ာ သည်းခံတာပဲ၊ ဒါပေမဲ့ မျိုးရိုးဗီဇကိုက နော့စ်တွေလို မဟုတ်တော့ အအေးကို လုံးဝ လုံးဝ မခံနိုင်ပါဘူးဗျာ။

ဒါပေမဲ့ ခက်ခဲတာတွေကို ရင်ဆိုင်ဖန်များလာရင် ကိုယ့်ရဲ့ အသိစိတ်ဓါတ်နဲ့ ခံစားချက်တွေကလည်း ကြံ့ခံလာတာတော့ သိသာတယ်ဗျ။ ဘဝမှာ ရနိုင်လျက်သားနဲ့ ငြင်းဆန်ခဲ့ဖူးတဲ့ သာယာမှုတွေ အများကြီး ရှိပါတယ်။ လက်ရှိနေနေတဲ့ အိမ်ထက် ပိုကြီးပြီး ပိုဈေးများတာကို ဝယ်နိုင်ပေမဲ့၊ ကျွန်တော် မဝယ်ဘူး။ အဆင်ပြေသလို ရအောင်နေတယ်။ ထူးပြီး ခက်ခဲနေတာ မဟုတ်တာလည်း ပါပါတယ်။ သေးပြီး အသုံးတည့်ရင် ကျွန်တော့်အတွက် အဆင်ပြေတယ်။ ကြီးတာတွေကို ကျွန်တော် မကြိုက်ဘူး။ ထူးထူးဆန်းဆန်း အစားအသောက်တွေလည်း ဝါသနာမပါဘူး။ စားနေကျနဲ့ အဆင်ပြေရင် ကျေနပ်လွယ်သူမျိုးပါ။ ကြေးလည်း မများဖြစ်ဘူး။ အဆင်ပြေရင်ပြီးရော နေနေလိုက်တာ များပါတယ်။ ဒီစိတ်နဲ့ပဲ နေနေတာ ကြာပေါ့။

သိပ်ပြီးတော့လည်း ကိုယ့်ကိုယ်ကိုယ် သာယာအောင် မနေဖြစ်ဘူး။ အဲဒီလိုပြောလို့ ခက်နေမှန်း သိလျ

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်

Unlock to read this premium article with 100 points.