SarPhat Author
❐ ဒီနေ့မှာတော့ ကျွန်တော်က ကျွန်တော်ယခု ဖြစ်ပျက်ပြီး ခံစားနေရတဲ့ ခံစားချက်လေးကို ကျွန်တော့်ရဲ့ စာဖတ်သူလေးတွေအတွက် ရေးသားသွားမှာပါဗျ။
❐ ကျွန်တော်က စာရေးရတာ ဝါသနာပါတဲ့သူတစ်ယောက်ပါ။ သို့ပေမယ့် ကျွန်တော့်အိမ်က ကျွန်တော်စားရေးတာကို သဘောမတူခဲ့ပါဘူး။ အဲ့တော့ ကျွန်တော်လည်း အိမ်ကလူတွေ မသိအောင် တိတ်တိဆိတ် ခိုးပြီး ရေးနေခဲ့ရပါတယ်။
❐ ဟိုတစ်လောက ကျွန်တော်ဟောပြောပွဲမှာ ပြောဖို့အတွက် ပြင်ဆင်ထားပေမယ့် အိမ်ကအကြောင်းမျိုးမျိုးတွေကြောင့်မဟောဖြစ်လိုက်ဘူးဗျာ။
❐ ကျွန်တော်ကိုယ်တိုင် ပြောချင်လွန်းလို့ ပြောခွင့်ရအောင် တောင်းဆိုထားပြီး စာတွေရော သေချာစီစဉ်ထားတဲ့ ပွဲလေးကို အိမ် က ကြောင့်မဟောပြောလိုက်ရတော့ ဘယ်လောက်နှမျောဖို့ ကောင်းမလဲဗျာ။
❐ ကျွန်တော် ယခုလိုတွေ ခံစားရတာ များလာတော့ ကျွန်တော် စာဖတ်မှာ ဆောင်းပါးတွေ ရေးပြီး ဆုရအောင်လုပ်ပြီးတော့ ကျွန်တော့်အိမ်က စာရေးခြင်းကို လက်ခံလာအောင် သက်သေပြချင်ပါတယ်ဗျာ။
❐ အဲ့တာကြောင့်မလို့ ကျွန်တော် အိမ်ကလူတွေ မသိအောင် စာရေးရင်းနဲ့ SarPhatမှာ ဆုရပြီး ဆုတံဆိပ်ကို ကိုင်ဆောင်ကာ အိမ်က စာရေးခြင်းကို လက်မခံတဲ့ မိဘတွေကို ကျွန်တော် စာရေးခြင်းကနေ ဆုလက်မှတ်တစ်ခု ရခဲ့ပြီဆိုတာကို ဆုတံဆိပ်ကို ကိုင်ဆောင်ပြီး ပြချင်တယ်ဗျာ။
❐ ကျွန်တော်စာတွေကိုလည်း ကြိုးစားပြီး ရေးနေပါတယ်ဗျ။ တစ်လမဟုတ်တစ်လတော့ ကျွန်တော် ဆုရပြီး မိဘတွေကို အံ့တုနိုင်မယ်လို့ ထင်ပါတယ်ဗျ။ ထပ်ပြီးလည်း ကြိုးစားသွားဦးမှာမို့
ကျွန်တော် စာရေးသူ = Ericကို အားပေးကြဖို့ တောင်းဆိုပါရစေဗျာ။
https://t.me/KnowledgeHeavenByEric
Keep Reading