Author's Profile Photo

Chuko

9/07/2024

အတွေးတွေကိုပြောင်းလဲပါ။

1 min read
Life Style
Personal Development
Book Review
အတွေးတွေကိုပြောင်းလဲပါ။'s photo

ယခင်...ယခင်နေ့ရက်ပေါင်းများစွာထဲမှာ motivation တွေ တက်လိုက်ကျလိုက်နဲ့ နေထိုင်လာခဲ့တဲ့နေ့ရက်တွေမှ ရာနဲ့ချီပါပဲ။ အမှန်ဆို ကျွန်မရဲ့motivation က တက်လာပြီး နှစ်ရက်လောက်နေရင် ၆၅%လောက်ပြန်ကျသွားတတ်ပါတယ်။ အိပ်ရင်း၊ဖုန်းသုံးရင်း၊စိတ်ရဲ့အလိုကိုလိုက်ရင်းနဲ့ပဲ တစ်နေ့တာဟာကုန်ဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မက ကိုယ့်ကိုယ်ကိုတော့ အတော်အထင်ကြီးသူပါ။ ငါက ကြိုးစားနိုင်တယ်။ ဥာဏ်လည်းကောင်းတယ်ပေါ့။ လုပ်လည်းလုပ်နိုင်တယ်။ ငါ့မှာသာ Background တောင့်ရင်၊အထောက်အပံ့တွေသာရရင်၊တွန်းအားပေးမှုတွေသာရှိရင် အခုချိန်ဆို ငါက ဘာကြီးဖြစ်နေလောက်ပြီ။ ဘာကိုလုပ်နိုင်နေလောက်ပြီ။ အခုတော့ ငါ့မှာ အဲ့ဒီအရာတွေမရှိတော့ ငါလုပ်နိုင်ရဲ့သားနဲ့မလုပ်နိုင်တော့ဘူး...။ ဆိုပြီးတွေးခဲ့ပါတယ်။ အဲ့တော့ motivation တွေကျ ကိုယ့်ဘဝကိုစိတ်ပျက်အားငယ်သွားတော့တာပါပဲ။ လုပ်ချင်တဲ့ စိတ်အားထက်သန်မှုဟာ ပျောက်ဆုံးသွားပြီး လုပ်နိုင်စွမ်းတွေပါ လျော့ကျသွားပါတယ်။
အဲ့အတွေးတွေကြောင့် ကျွန်မကိုယ့်ကိုယ်ကို ယုံကြည်တဲ့ ငါ လုပ်နိုင်တယ် ဆိုတဲ့အရာကို မလုပ်နိုင်ခဲ့ပါဘူး။ နှစ်နှစ်လောက်နဲဲ့ တကယ်ပြီးမြောက်အောင်လုပ်နိုင်မယ့်အရာကို လေးနှစ်လောက်အချိန်တွေဖြုန်းတီးမိခဲ့ပါတယ်။
တကယ်တော့ ကျွန်မဖြစ်ချင်တဲ့အရာကိုလုပ်ဖို့အတွက် Background တွေ ၊အထောက်အပံ့ဘာညာတွေဆိုတာ ကျွန်မရဲ့ ပျင်းရိခြင်း၊အချိန်ဆွဲခြင်း၊စိတ်အလိုလိုက်ခြင်းတွေကိုဖုံးကွယ်ထားဖို့အတွက် အကြောင်းပြချက်သက်သက်ပါပဲ။ ကိုယ့်ကိုယ်ကို လိမ်ထားတာပါပဲ။ တကယ်တမ်းလိုအပ်တာက ကျွန်မကိုယ်တိုင်ရဲ့ကြိုးစားအားထုတ်မှုပဲ လိုအပ်တာပါ။ အတွေးတွေကို ပြောင်းလဲလိုက်ဖို့လိုအပ်တာပါ။ တစ်ချို့သော အိပ်မက်တွေဖြစ်မလာဘူးဆိုတာဟာ တချို့သောအကြောင်းတွေကြောင့်လည်း ဖြစ်ပေမယ့် တခါတလေ မိမိကိုယ်တိုင်ကြောင့်လည်း ဖြစ်နေတတ်ပါတယ်။
အရာအားလုံးဟာ အတွေးတွေကနေစတင်ပါတယ်။ တိုးတက်ပြောင်းလဲချင်ရင် ၊ကိုယ့်ရဲ့ရှင်သန်နေထိုင်ခြင်းကို ကျေနပ်ချင်ရင် ကိုယ့်ရဲ့အတွေးတွေကို ပြောင်းလဲဖို့လိုအပ်ပါတယ်။
ကျွန်မရဲဲ့အတွေးတွေကိုပြောင်းလဲခဲ့ပါတယ်။ အရင်လို Motivation တွေလည်းသိပ်မကျ‌တော့ပါဘူး။ အဲ့ဒီနေရာမှာ Motivate တတ်ဖို့အတွက် ကျွန်မကိုအထောက်အကူပေးခဲ့တဲ့စာအုပ်လေးတစ်အုပ်လည်းရှိပါတယ်။ဆရာမ မွန်ဟော်စီ‌ရဲ့ RENEW REDO ဆိုတဲ့စာအုပ်လေးပါ။ ဆရာမ မွန်ဟော်စီကို ကျေးဇူးတင်ရပါတယ်။ စာဖတ်သူတို့ မဖတ်ရသေးရင်လည်း ဖတ်ကြည့်ပါလို့တိုက်တွန်းပါတယ်။
ဆရာမရဲ့စာအုပ်ထဲမှာအကြိုက်ဆုံးစာကြောင်းလေးရှိပါတယ်။
Nothing changes if nothing changes.
ဘာမှမပြောင်းရင် ဘာမှပြောင်းလဲလာမှာမဟုတ်ဘူး....တဲ့။
အဲ့တော့ ကိုယ့်ကိုယ်ကို တိုးတက်ပြောင်းလဲချင်ရင် ကိုယ့်ရဲ့အတွေးတွေကို အရင်ပြောင်းလဲပါလို့ အကြံပြုပါရစေ။
#Chuko

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)