မြ (စံကားဝါမြေ)
ခေါင်းစဉ်လေးက "ဆု"ဆိုတော့ "ကျောင်းသား/သူတွေဆိုရင် ကျောင်းမှာ ပေးတဲ့ "ဆု"ကို ပြောတာလား။ အလုပ်ခွင်ဝင်နေတဲ့သူတွေက "Bonus"ကို ပြောတာလား။" ဆိုပြီး အမျိုးမျိုး တွေးကြပါလိမ့်မယ်။
တကယ်တော့ ဒီဝတ္ထုတစ်ပုဒ်လုံးမှာ "ဆု"ဆိုတဲ့ စကားလုံး တစ်လုံးမှ မပါဝင်ပါဘူးရှင်။ မြ အခုလို ပြောလိုက်တော့ "ဟင် ဆုလို့ တစ်လုံးမှလည်း မပါဘဲ၊ ဆုအကြောင်းကိုလည်း မပြောဘဲနဲ့ လဘယ်လိုဝတ္ထုမျိုးပါလိမ့်။" ဆိုပြီး သိချင်စိတ်တွေ ဖြစ်လာပြီမလား။
တအားသိချင်နေကြပြီဆိုတော့ အခုပဲ အစချီလိုက်ပါပြီရှင်။
ဇာတ်ကောင်လေးတွေကတော့
စာဖတ်ပြီး အေးဆေးတည်ငြိမ်တဲ့ အစ်မမိုးမိုးရယ်၊
သွက်လက်လျှင်မြန်ပြီး playgirlလေး ညီမစိုးစိုးရယ်၊
အစ်မမိုးမိုးကို သဘောကျနှစ်သက်နေတဲ့ မောင်ဖြိုးဝေရယ်ဆိုပြီး သရုပ်ဆောင် (၃)ယောက်ပါဝင်ပါမယ်ရှင်။
ညီအစ်မနှစ်ယောက်ဖြစ်ကြတဲ့ စိုးစိုးနဲ့ မိုးမိုးက မြို့တစ်မြို့က အိမ်လေးတစ်အိမ်မှာ နေထိုင်ကြပါတယ်။ မောင်ဖြိုးဝေက မိုးမိုးကို သဘောကျနေတဲ့အတွက် နေ့စဉ် စကားစမြည်ပြောရင်းနဲ့ အလည်အပတ် လာနေသူလေးတစ်ဦးပေါ့။
တစ်နေ့မှာ ညီမလေးစိုးစိုးက playgirlဖြစ်တဲ့အတွက် တစ်ယောက်သောသူနဲ့ ကျူးလွန်မိရင်းက ကိုယ်ဝန်ရှိလာတဲ့အခါ
စိုးစိုးက " အစ်မမိုးမိုးရေ အစ်မ
စိုးမှာလေ စိုး...စိုးမှာ....."
မိုးမိုးက "ပြောပါ ညီမလေး ဘာဖြစ်လို့လဲ။ အစ်မကို ပြောပါ။"
စိုးစိုးက "အစ်မ စိုးမှာ ကိုယ်ဝန်ရှိနေပြီ အစ်မ။ စိုး...စိုး ဘယ်သူနဲ့ရတဲ့ ကိုယ်ဝန်လဲဆိုတာလည်း စိုးမမှတ်မိဘူး အစ်မရယ်။ စိုးတို့ ဒီကလေးကို ဖြတ်ချပစ်လိုက်ကြမလား အစ်မ။" လို့ ပြောတဲ့အခါမှာ
မိုးမိုးက သနားကြင်နာစိတ်ရှိတဲ့သူဆိုတော့ "အို မဟုတ်တာ စိုးစိုးရယ်။ အစ်မတို့ ဒီကလေးကို ရအောင်မွေးကြမယ်။ အဲ့တာဆိုတော့ နောက်(၂)ရက် (၃)ရက်လောက်နေရင် အစ်မတို့ နေရာခဏ ပြောင်းနေကြမယ်။ ကလေးလေးမွေးပြီးမှ ပြန်လာကြမယ်လေ။" လို့ ပြောလိုက်ပါတယ်။
ဒီလိုနဲ့ နောက်ရက်မှာတော့ စိုးစိုးနဲ့ မိုးမိုးက ရွာငယ်လေးတစ်ရွာဆီကို ပြောင်ရွေ့နေထိုင်ကြလေတယ်။ ကလေးလေးကို အဲ့ဒီရွာမှာ မွေးပြီးတဲ့အချိန်ကျမှ သူတို့နေထိုင်တဲ့ မြို့လေးဆီကို ပြန်လာခဲ့ကြပါတယ်။
အဲ့ဒီအခါ ကလေးလေးပါလာတာကို ပတ်ဝန်းကျင်က မေးကြတဲ့အခါ မွေးစားလာတာပါ။ လို့ ပြန်ပြောခဲ့ကြတာပေါ့ရှင်။
စိုးစိုးနဲ့ မိုးမိုး အိမ်ပြန်ရောက်တဲ့အခါ ထုံးစံအတိုင်း မောင်ဖြိုးဝေက အလည်လာတာပေါ့။ အရင်ကတော့ မောင်ဖြိုးဝေ အလည်လာရင် မိုးမိုးက ထိုင်ပြီး လက်ခံစကားပြောတာပေါ့ရှင်။ ဒါပေမယ့် အခု စိုးစိုးရဲ့ကလေးလေး မွေးပြီးနောက်ပိုင်းမှာ စာဖတ်တဲ့သူဆိုတော့ ကိုယ်ချင်းစာစိတ်တအားပြည့်ဝနေတဲ့ မိုးမိုးဟာ ကလေးငိုသံကြားတာနဲ့ ကပြာကသီ စကားပြောနေရင်းက ထပြေးပြီး ချီနေတာတွေကို မောင်ဖြိုးဝေက သိတဲ့အခါ "အိမ်း သေချာပြီ။ ဒီကလေးက မွေးစားလာတဲ့ ကလေးမဟုတ်ဘူး။ မိုးမိုးရဲ့ ကလေးပဲ ဖြစ်ရမယ်။ အရင်လတွေက ခရီးထွက်နေတာကလည်း သူကိုယ်ဝန်ကြီးနဲ့မို့ ပတ်ဝန်းကျင်ကလူတွေ မသိအောင် နယ်ပြောင်းပြီး မွေးတာပဲ ဖြစ်ရမယ်။" လို့ တွေးပါတယ်။
အဲ့တော့ သူက မိုးမိုးအစား သူ့ညီမ စိုးစိုးနဲ့ စကားတွေ ပြောဖြစ်လာတယ်။ ကြာလာတာနဲ့အမျှ မောင်ဖြိုးဝေဟာ မိုးမိုးကို စိတ်မဝင်စားတော့ဘဲ စိုးစိုးကို ချည်းကပ်လာခဲ့ပါတော့တယ်။
ဒီလိုနဲ့ တစ်နေ့မနက်အစောကြီးမှာတော့ မိုးမိုးက စာလေးတစ်စောင် တွေ့လိုက်ရပါတယ်။
စာထဲမှာ ရေးထားတာကတော့
"မိုးမိုးရေ မိုးမိုးရဲ့ကလေးကို စောင့်ရှောက်ရင်း အေးချမ်းစွာ နေခဲ့ပါနော်။ အစ်ကိုကတော့ လက်ထပ်လိုက်ပါပြီ။" ဆိုပြီး မောင်ဖြိုးဝေက စာလေးတစ်စောင် ချမ်ထားခဲ့ပါတယ်ရှင်။
အဲ့ဒီအခါမှာ ဒီဝတ္ထုလေးကို ကြည့်ချင်းအားဖြင့် "ဆု"ရရှိသွားသူက ဘယ်သူများ ဖြစ်မလဲ။ ဘယ်လို ဆုလာဘ်မျိုးကို ရရှိသလဲဆိုတာ စာဖတ်သူလေးတို့ရော ဘယ်လိုထင်မြင်မိပါသလဲရှင်။
ဒီဝတ္ထုလေးက ဆရာငွေတာရီရဲ့ "ဆု"ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝတ္ထုလေးကို သဘောကျမိရင်းက ဆရာမကို လေးစားသောအားဖြင့် ခေါင်းစဉ်မပြောင်းလဲပဲ မြ ကိုယ်တိုင် ပြန်လည်ဆန်းသစ်စွာ ရေးသားထားခြင်းပဲ ဖြစ်ပါတယ်ရှင်။ မြက ဝတ္ထုကို ပထမဦးဆုံး ရေးဖူးတာဖြစ်တဲ့အတွက် စာဖတ်သူလေးတို့ မြကို အကြံပြုစာလေးတွေနဲ့ လိုအပ်ချက်လေးတွေကို ထောက်ပြပေးဖို့ မျှော်လင့်မိပါတယ်ရှင်။ အောက်မှာ မြရဲ့ Telegram Account & Telegram Botလေး Linkချပေးထားပါမယ်ရှင်။
အကြံပြုစကားနှင့် လိုအပ်ချက်များ ပြောကြားပေးဖို့
Telegram Username = @Author_Mya_Kyaukpadaung_5581
Telegram Bot = @MyaKnowledgeLibrary27102006_bot
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
9.7.2024(Tuesday)
Keep Reading