Max's sharing

ဂါထေး က
" တွေးတောခြင်းသည် လွယ်၏။ လုပ်ဆောင်ခြင်းသည် ခက်၏။ တွေးတောခြင်းကို လုပ်ဆောင်ခြင်းအဖြစ်သို့ရောက်အောင်လုပ်ရန်ကား ကမ္ဘာတွင်အခက်ဆုံး လုပ်ဖြစ်သည်"
ဟု ဆိုခဲ့ပါတယ်။ နေ့စဉ်နဲ့အမျှ အတွေးနေပဲ့ အချိန်တွေ ကုန်ဆုံးသွားမလား။ လက်တွေ့မပါတဲ့ ဟောပြောချက်တွေက ငြီးငွေ့စရာကောင်းတယ်တဲ့။ ဒုတိယကမ္ဘာစစ်ကြီးထဲက ဖြစ်ရပ်မှန် Burma Helen (ဗမာပြည်က အင်္ဂလိပ် သူနာပြုဆရာမတစ်ဦးအကြောင်း)အကြောင်း ဖတ်ရတာက ပိုအရသာရှိသေးတယ်မလား။ မနက်ဖြန် ဘာလုပ်မယ် ဘယ်သွားမယ် လို့ ကိုယ့်ဟာကိုယ် မလိမ်ပါနဲ့ အခြားသူကိုလိမ်တာက အကျိုးမြတ်ရချင်ရအုံးမယ်။ ကိုယ့်ဟာကိုယ် လိမ်တာက အဆိုးဆုံးပေါ့။ ပြီရင် ပင်ပန်းခံမနေနဲ့တဲ့လျှောက်မယ့်လမ်းဟာ ကြမ်းရင်ကြမ်းမယ် လမ်းလျှောက်ကောင်းတိုင်း ချောလှဲသွားတတ်တယ်။ ဒီနေ့ နေသာလို့ စိုနေတဲ့ဝတ်တွေ ထ လှန်းမှ ' ငါဟာ ကံကိုဆိုးလွန်ပါတယ်လို့ တွေးမနေနဲ့' သဘာဝတရားရဲ့ ဖောက်ပြန်သဘောကို နားမလည်သရွေ့ စိတ်တွေ ညစ်နေရအုံးမှာပေါ့။ အလျင်လိုတာကရော ဘာများပြီးသွားတာလဲလို့ မေးလာရင် စာမေးပွဲခန်းထဲေရာက်မှ ချွေးတရွဲရွဲနဲ့ ဘာမှမလုပ်နိုင်ဖြစ်သွားမယ်။ ခြေမခိုင်ဘဲနဲ့ အပေါ်တက်ဖို့ မကြိုးစားနဲ့တဲ့၊ အပေါ်ရောက်မှ ပြုတ်ကျသွားတာလည်း ရှိတယ်မလား။ မှားနိုင်မှန်းသိလျက်နဲ့လုပ်တာ မိုက်တာမဟုတ်ဘူးဆို ရဲသွားတဲ့ စိတ်ကလေး ရှိသွားတာပေါ့။ လိုချင်တာတွေများပြီး မလိုတာတွေကို သည်းခံရမယ်မလား။
"စာတွေဖတ်ပြီး သူရဲဘောကြောင်နေနဲ့တဲ့" လက်ခံရမလား။
The ways you think -1
Storytelling
Ah_Thwin
Keep Reading