Thet Shwe Sin Phoo
လူတိုင်းက အချစ်ကို ပုံစံအမျိုးမျိုး၊ အဓိပ္ပာယ်အမျိုးမျိုးနဲ့ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ အချစ်ဆိုတာ ပေးဆပ်ခြင်း၊ ရယူခြင်း စသဖြင့်ပေါ့။ ကျွန်တော်ကတော့ အချစ်ချည်းသပ်သပ်ဆိုရင် ပူလောင်ပြီး မေတ္တာဆိုတဲ့အရာ ကပ်ထားနိုင်မှသာ တော်ကာကျမယ်လို့ မြင်မိတယ်။ ချစ်ခြင်းမေတ္တာပေါ့။ ၅၂၈ပဲဖြစ်ဖြစ်၊ ၁၅၀၀ပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် မေတ္တာတရားကြီးမားမှသာ အသင့်အတင့်တော့ အေးချမ်းမယ်ထင်တယ်။ အတ္တတွေပါလာမယ်၊ ကိုယ်ပြောသလိုလုပ်ရမယ်၊ ကိုယ်ဖြစ်ချင်သလို ဖြစ်ရမယ်၊ ကိုယ်ချစ်တဲ့သူကို ကိုယ်ပဲပိုင်ဆိုင်ရမယ်ဆိုတဲ့ ဆန္ဒတွေပါလာပြီဆိုရင်တော့ အဲ့ဒီအချစ်ဟာ ပူလောင်တော့တာပါပဲ။ နိဗ္ဗာန်မရောက်ခင် သံသရာမှာကျင်လည်သရွေ့တော့ ကျွန်တော်ဟာ ၅၂၈ပဲဖြစ်ဖြစ်၊ ၁၅၀၀ပဲဖြစ်ဖြစ် အချစ်တွေကို မေတ္တာတရားနဲ့ပေါင်းစည်းပြီး အေးချမ်းစွာချစ်နိုင်ဖို့ ကြိုးစားပါဦးမယ်။
Keep Reading