Author's Profile Photo

Sandi Cho

9/07/2024

ကံတရားက အရေးပါဆုံးအရာလား...?

1 min read
Life Style
Culture
ကံတရားက အရေးပါဆုံးအရာလား...?'s photo


ထီပေါက်၊ချဲပေါက်တာက ကံကောင်းတာလား..?

ဟုတ်တယ်လို့ ပြောတဲ့ သူတွေကမေးချင်တာက ထီပေါက်တယ်ဆိုတာတောင် ထီထိုးမှထီပေါက်တာပါ။

ဒါကို ကြည့်မယ်ဆို လောကမှာ ဘယ်ဟာမှ အလကားမရဘူးဆိုတာသိသာပါတယ်။
ကိုယ်ကိုတိုင်က ဘာမှမလုပ်ပဲထိုင်နေပြီး ကံတရားကိုသာပုံချနေရင်တော့ အဆင်မပြေဘူး။

ချိုမေမေပြောနေကျ စကားလေးတစ်ခုရှိတယ်။ကံတရားဆိုတာ ရာသီဥတုလိုပဲတဲ့။နေသာတဲ့အခါရှိသလို၊မိုးရွာတဲ့အခါလည်းရှိမှာပဲ။ဒါပေမယ့် နေကြီးပဲသာမနေသလို၊မိုးကြီးပဲလည်းရွာမနေဘူးတဲ့။

အဲလိုပဲ လူတွေမှာ ကံကောင်းတဲ့သူရှိမယ်၊ကံဆိုးတဲ့သူရှိမယ်။ဒါပေမယ့် ကံကောင်းတဲ့သူကလည်း ကံကြီးပဲကောင်းမနေဘူး။ကံတရားရဲ့ လှည့်စားချက်တွေကို ခံစားဖူးလိမ့်မယ်။ကံဆိုးတဲ့သူလို့ ကိုယ့်ကိုယ်ကိုခံယူထားတဲ့သူတွေကိုလည်း ကံတရားက အခွင့်အရေး တစ်ခုမဟုတ်တစ်ခုပေးခဲ့လိမ့်မယ်။ကိုယ်မြင်အောင်မကြည့်နိုင်ခဲ့တာပါ။

ချိုအသိ ဗေဒင်ဆရာမတစ်ယောက်ရှိတယ်။တစ်နေ့ စကားပြောရင်း ချိုသူကိုမေးကြည့်တယ်။လူတစ်ယောက်ရဲ့ဘ၀မှာ ကံတရားက အရေးပါဆုံးလားလို့‌မေးတော့ သူ‌ကပြောတယ်။သူကံတရားကိုယုံတယ်တဲ့။ဒါပေမယ့် လူတစ်ယောက်ရဲ့ဘ၀မှာ ကံတရားရဲ့ အရေးပါမှုက၂၀%လောက်ပဲရှိတယ်တဲ့။ဗေဒင်ဆရာမတစ်ယောက် အဲလိုပြောတော့ ချိုအံ့ဩမိတာ အမှန်ပဲ။ကံတရားက အရေးပါတာမှန်တယ်။ဒါပေမယ့် လူတစ်ယောက်က သူရဲ့ကြိုးစားအားထုတ်မှုမပါပဲ ကံတရားရဲ့ မြှင့်တင်မှုကို ခံလိုက်ရရင် ပြန်ကျဖို့ကလည်း အရမ်းလွယ်တယ်တဲ့။သူအ‌ဖြေကို ချိုအရမ်းသဘောကျတယ်။

တကယ်တော့ ကံရဲ့ အကျိုးအပြစ်ဆိုတာ ကိုယ်ရဲ့ ခံယူချက်နဲ့ပဲဆိုင်တယ်။ကိုယ်က ကံတရားပေါ်တအား အားကိုးလွန်းရင် ကံကောင်းတဲ့အခါ ကိုယ့်ဘ၀က ‌မြှောက်လိုက်သလို ဖြစ်သွားပြီး တအားမြှင့်တက်သွားနိုင်တယ်။ကံဆိုးတယ်ဆိုရင်တော့ ကိုယ်ဘ၀ကို စားလိုက်သလို ဖြစ်စေပြီး ဘာမှမရှိတော့တဲ့ထိ ဖြစ်သွားနိုင်တယ်။

ကံတရားကို လက်ခံပေမယ့် ကိုယ့်အားကိုပဲကိုးတဲ့သူကျ ကံကောင်းရင် ပေါင်းလိုက်သလိုပဲတဲ့။တအားမြင့်မားသွားတယ်လို့ မခံစားရဘူး။အဲဒါက သူကံတရားအပေါ်တအားမမှီခိုပဲ ကြိုးစားပြီးရလာတဲ့ အရာဖြစ်တယ်လို့ ယုံကြည်ထားလို့ပါ။ကံဆိုးထဲချိန်ကျ သူတို့ဘ၀က အနုတ်ဖြစ်သွားတယ် ဒါပေမယ့် အစားဖြစ်သွားတာလောက်တော့ အထိမနာကြဘူး။

အဲဒါကြောင့် ကံဆိုတာကိုယုံပါ။
ဒါပေမယ့် ကံကိုချည်းအားမကိုးပါနဲ့။

                             Sandi Cho?

Keep Reading

စိတ်ဓာတ်ကျနေတဲ့အခါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း