SarPhat Author
အချိန်က ကုစားသွားတာမဟုတ်ဘဲ အသစ်အသစ်သော အရာတွေက ကျွန်တော်တို့စိတ်ကို လမ်းကြောင်းလွှဲလိုက်တာလို့ စဥ်းစားမိဖူးလား။
အစပိုင်းတော့ အဆင်မပြေပေမဲ့ အချိန်အတိုင်းအတာတစ်ခုကို ရောက်သွားတဲ့အခါ အဆင်ပြေသွားပါလိမ့်မယ်။ အချိန်က ကုစားပေးပါလိမ့်မယ်။ အချိန်တန်ရင် ပျောက်သွားမှာပေါ့။ အချိန်တစ်ခုကိုသာ စောင့်လိုက်စမ်းပါ။ အချိန်တန်ရင်... အချိန်ကြာလာတာနဲ့အမျှ... အချိန်တစ်ခုပဲ...အို..... များလိုက်တဲ့အချိန်တွေ။ အဲ့အချိန်တွေကို စောင့်နေခဲ့ရင်း ကျွန်တော်တို့ တကယ်အဆင်ပြေသွားခဲ့တာလား။
ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပဲ။ အချိန်က ကုစားပေးတာမဟုတ်ဘဲ အသစ်အသစ်သောအကြောင်းအရာတွေက ကျွန်တော်တို့ကို လမ်းကြောင်းလွှဲလိုက်တာ ဆိုရင်ရော။ ဥပမာဗျာ ရည်းစားနဲ့ လမ်းခွဲပြီး အချိန်ကြာသွားလို့ နေသားကျသွားတာမျိုးမဟုတ်ဘဲ ရည်းစားအသစ်ရလို့ ရည်းစားဟောင်းကို မေ့သွားတာမျိုး။ ဒါမှမဟုတ် ရည်းစားမရှိဘဲ တစ်ယောက်တည်း single ဘဝကို သဘောကျသွားတာမျိုး။ အချိန်က ကုစားပေးတာမဟုတ်ဘဲ ဒီလိုမျိုး အသစ်အသစ်သောအရာတွေက ကျွန်တော်တို့စိတ်ကို ကုစားပေးတာလို့ ကျွန်တော်ကတော့ ယူဆတယ်။
Trisa
Keep Reading