ယဥ်သီရိလှိုင်(ဆောင်း)
"ဟာအကို မဟုတ်သေးဘူး အကို မေ့အကြောင်းမသိဘဲ အဲ့လိုအတင်းသွားမလုပ်နဲ့ "
"ဘာကိုလဲ ညီမ လူကြီးစုံရာနဲ့တောင်းရမ်းတာ ဘာပြသနာဖြစ်သွားနိုင်လို့လဲ"
"မသိဘူး မသိဘူးနော် ညီမဘာမှမသိဘူး အကိုအခုပြောတာလည်းမေ့လိုက်တော့ မေ့ကိုသဘောကျရင်မေ့အကြောင်းကိုအရင်သိအောင်လုပ်ပါ ညီမသွားပြီ"
.......
"အမေ့ "
"လန့်လိုက်တာဟယ် ဘာလဲ"
"အဖေ့ကိုသတိမရဘူးလား "
"ဘာလို့သတိရရမှာလဲ ဘာကျေးဇူးရှိလို့လဲ"
"သမီးကိုမွေးပေးခဲ့တဲ့ကျေးဇူးပေါ့အမေရယ်"
"ဖြစ်ရတယ် ညည်းကိုငါမွေးတာလေ"
"အာ့ဆို အမေတယောက်တည်းနဲ့ရတာလား အဖေနဲ့ဟိုဟာ"
"ဟဲ့ "
"ဟီးဟီး...စတာစတာ ငှက်ပျော်ကြော်စားမလား ဝယ်ခဲ့မယ် "
"မစားဘူး နေပါဦး ညည်းကဘယ်လဲ "
"ဘယ်ကမလဲအမေရယ် အတိုးသွားကောက်မလို့ အလုပ်ဆင်းကြပြီလေခနနေဆို ကြိုသွားမှ"
"ရန်မဖြစ်နဲ့နော် မိနန္ဒာ"
"ရက်စ်ဆာ.."
.......
"တဆိတ်လောက် "
"ဟုတ် ဟင် ရှင်"
"ကျွန်တော်ပိုက်ဆံလိုလို့ပါ ၅ထောင်လောက်ရမလား အတိုးပေးမှာပါ"
"မရှိဘူး တခြားဆီသွား "
"ဗျာ မရှိဘူးလား စိတ်ညစ်ပါတယ်ဗျာ ဒီနေ့ပေးမှရမှာမဟုတ်ရင် ကျွန်တော်တော့ဒုက္ခပါဘဲ"
"....."
"ဒါဆို၂ထောင်လောက်.."
"မ..ရှိ...ဘူး"
"ဗျာ..မရှိပြန်ဘူးလား ဒါဆို"
"ဟိတ် မေ"
"အမယ့်ကြက်ဖ နင်နိုင်လာတာလား အသံကိုက"
"မနိုင်ပါဘူးဟာ ကိုယ့်သူငယ်ချင်းလေးတွေ့လို့ပျော်သွားတာပါ ဘယ်လာတာလဲ"
"ဒီမှာလေ ရေလုပ်ငန်းသမားတွေ အတိုးလာကောက်တာ "
"အော် ဒါနဲ့သူက"
"အေးအေးအတော်ဘဲ သူပိုက်ဆံလိုလို့တဲ့ နင်ချေးလိုက်ပါလား ၅ထောင်လား ဘယ်လောက်လဲ ပြောလိုက်လေ"
"အာ မယူတော့ပါဘူး "
"ခုနပြောတော့ ဒုက္ခပါဘဲဆို ယူလိုက်လေ သူကဘောစိ"
"ကျွန်တော်က ညီမဆီကဘဲချေးချင်တာ"
"ဘာ"
"ဟာ မိုက်တယ်ဟေ့ ဒီမှာ ခင်ဗျားမေ့ကိုကြိုက်နေတာလား "
"ဟုတ်ကဲ့ ကျွန်တော်စိတ်ဝင်စားနေတာပါ"
"ကြိုက်ပြီ မေရေ နဲနဲပါးပါးစဉ်းစားပေးလိုက်ပါဟာ နင့်ကိုလာပြောရဲတာသူတယောက်ဘဲတွေ့ဘူးတယ်"
"တော်စမ်းပါကြက်ဖရာ ငါ့အတွက်အချစ်ကအရာရာမဟုတ်ဘူး"
"တကယ်လားညီမ "
"တကယ်လေ တကယ်မို့ပြောနေတာ"
"အော် ဟုတ်ကဲ့ ကျွန်တော်ကမသိလို့ပါ"
"ဘာတွေလာကြောင်နေတာလဲ ရှုပ်ရှုပ်လာမလုပ်နဲ့နော် ကျွန်မလက်ကလူမရွေးဘူး "
"မေ ဟိုမှာ ဟိုကောင်မလား နင့်ကိုကြည့်နေတယ် "
"အကုသိုလ်ကောင် လာရဲလာကြည့်လေ ဒီတခါတော့ ခေါင်းကွဲတာနဲ့မပီးဘူး "
"ဟိုဘယ်သူ့ကိုပြောတာလဲဗျ "
"အို့စ်....မေရာ မိုက်တယ်ကွာ တနေ့ကမှရွာရောက်တဲ့မြို့သားလေးကို အပီဆွဲနေပြီထင်တယ် "
"နင့်အပူလား "
"အားပါးပါး အပြောလေးလျော့ပါကွာ မကြာခင်ယောကျားလို့ခေါ်ရတော့မှာ နဲနဲလျော့"
"ငါ့ဒေါသကိုလာမဆွနဲ့နော် နင့်လမ်းနင်သွား "
"ကိုက မေ့ဆီဘဲလာတာလေ ကို့လမ်းကမေ့ဆီရောက်မယ့်လမ်းဘဲ"
"ငထူး နင့်ပါးစပ်ကိုပိတ်ပြီး သွားလိုက်တော့"
"မပိတ်တော့ဘာလုပ်မလဲ "
"ဟေ့ရောင် လူတွေနဲ့မင်းမရှက်ဘူးလား ရွာကျော်ပြီးရန်လာစတာတော့မဟုတ်သေးဘူးလေကွာ"
"ကြက်ဖ မင်းနေရာမင်းနေ ဒါငါ့ကိစ္စ ဘာလဲမေ့ဆွဲဆောင်မှုအောက်မင်းလဲရောက်သွားပြီလား ဟားဟား "
" ဟာ ကဲကွာ"
"ထိုးစမ်း ထိုးလိုက်စမ်းပါ ဟာဟ မေ ဘာကြည့်နေတာလဲ လာလေ ကို့ကိုရိုက်ချင်တယ်မလား လာရိုက်လိုက်စမ်းပါ ကို့မိန်းမလေးရိုက်တာခံရဲပါတယ်"
"အဲ့လောက်တောင်ဖြစ်နေတာ ဟင် "
"အာ့ ကျွတ်ကျွတ်"
"ဟာ ဘာ ဘာလုပ်တာလည်းရှင်ဘာလို့ဝင်ခံတာလည်းရူးနေလား "
"အင်း...ကျွတ်ကျွတ် ဟုတ်တယ်ရူးနေပြီထင်တယ် "
"နင်သွားလိုက်တော့ငထူး နင့်ကြောင့်မဟုတ်တဲ့လူကိုထိခိုက်မိပြီ အကုသိုလ်ကောင် ကြက်ဖဝိုင်းထူပါဦး ပျော့လိုက်တာယောကျားတန်မဲ့ "
"သူ့အိမ်ဘဲပို့မလား "
"အေးပေါ့ ဘာလဲ ငါ့အိမ်ခေါ်သွားရမှာလား "
"ရ ရင်ခေါ်သွားပေးပါဒေါ်လေးဆူမှာကြောက်လို့ပါ"
"ဟင်း...လာဟာ သွားမယ်အိမ်ဘဲ ငါ့ကိစ္စငါရှင်းရတော့မှာပေါ့ "
....
"အမေ အမေ့"
"ဟေ ဘာလဲဟ "
"ရေနွေးရှိလား "
"ရှိတယ် ဘာဖြစ်လာပြန်ပြီလဲ ဟယ် သွေးတွေနဲ့ ဘယ်သူလဲသူက လာလာ ဒီပေါ်တင်"
"ဦးမြတ်အောင်တူ မြို့ကလာတာလေ ဘာမှမဖြစ်ပါဘူး အားသိပ်မပါဘူး သူ့ဘာသူသွေးအားကောင်းနေတာ"
"ဟယ် ညည်းရိုက်လိုက်တာလား ခေါင်းကွဲသွားလားကြည့်ပါဦး အမလေးနော်ငါ့နှယ် မိနန္ဒာရယ် ညည်းမိန်းကလေးပါအေ လက်ကြမ်းပါးစပ်ကြမ်းမလုပ်ပါနဲ့ "
"ဟာ အမေရာ သူ့ကိုရိုက်တာမဟုတ်ဘူး ငထူးကိုရိုက်တာ သူကသူ့ဘာသူဝင်ခံတာ ပြီးမှရှင်းပြမယ်လုပ်လုပ်ရေနွေးလေးပေး "
"အေးနေဦး ...ရော့ ဖြေးဖြေးလုပ်နော် သူများသားသမီး"
"ရော့ ကြက်ဖနင်သုတ်ပေးလိုက်ငါမလုပ်တတ်ဘူး "
"ဟာ ငါလဲမလုပ်တတ်ဘူး နင့်ဘာနင်လုပ် ငါနုနုယွယွတွေမလုပ်တတ်ဘူး"
"ကဲ မိနန္ဒာ သွေးကခြောက်တော့မယ် သုတ်မြန်မြန်"
"အား...ဖြေးဖြေးလေးသုတ်မာ ညီမရယ် အကိုနာလိုက်တာ"
"နာရင်သေလေ ဘာလို့ဝင်ခံသေးလဲ "
"ညီမပြသနာဖြစ်မှာစိုးလို့ပါ"
"အဲ့တာရှင့်အပူလား"
"ဟုတ်တယ် အကိုအဲ့လိုတွေးထား...အားးး.."
"ပါးစပ်ပိတ်ထား ထပ်ရိုက်ပေးလိုက်မယ် .တွေ့လားဒဏ်ရာကသိပ်မကြီးပါဘူး တုတ်ကသေးသေးလေး အဲ့တာကြောင့်အားမပါတာ "
"ညီမ အကိုဗိုက်ဆာလို့ "
"အောင်မာ ဘာဗိုက်ဆာတာလဲ ရှင့်ကိုဘဲကျွန်မကထမင်းကျွေးမွေးရဦးမယ်သေလိုက်လေ ဆယ်ခါပြန်သွားသေ"
"သားလေး အိမ်မှာကဟင်းတော့သိပ်မကောင်းဘူးကွယ် အရမ်းဆာနေတယ်ဆိုရှိတာလေးနဲ့စားသွားပါလား ဒေါ်လေးသမီးက ပါးစပ်သာဆိုးတာစိတ်ထားကောင်းပါတယ် သားလေးအခုလိုဖြစ်သွားတာဗွေမယူပါနဲ့ကွယ် ဟဲ့ ဘာလုပ်နေတာလဲ သွားထမင်းဝိုင်းသွားပြင်"
"ဟုတ်ဟုတ် ရပါတယ်ဒေါ်လေး "
"အမေ့ သမီးမမှားဘူး သူ့ဘာသူဝင်ခံတာလို့ အမေတို့ကအဲ့တိုင်းဘဲ"
"ဒေါ်လေး ကျွန်တော်တခုလောက်ပြောချင်လို့ပါ "
"ဘာများလဲသားရယ်"
"ကျွန်တော်မေ့ကို မေ့ကိုလေလက်ထပ်ချင်ပါတယ်"
"ဘယ်လို သားရယ် သေချာတွေးပါ ဒေါ်လေးသမီးအကြောင်းသားသေသေချာချာမသိသေးဘဲ အလျင်စလိုမဆုံးဖြတ်ပါနဲ့ "
"အမေ့ ကြွပါလို့ပြောလိုက်ကျေးဇူးရှင်ကို "
"ဒေါ်လေးကျွန်တော်ပြောတာစဉ်းစားပေးပါ ဒေါ်လေးဘက်ကသေချာရင်ကျွန်တော့အမေနဲ့အဖေကိုဒီကိုခေါ်လိုက်ပါမယ်"
"အော် အေး အေးပါ"
....
"ကျေးဇူးနော် အရမ်းစားလို့ကောင်းတယ် ညီမချက်တာလား"
"ဟုတ်တယ် "
"နောက်ထပ်စားချင်သေးတယ် နောက်ကျရင်အိမ်ကိုအလည်လာမယ်နော်"
"နေပါဦး ရှင့်ရဲ့ဘာကျေးဇူးရှိလို့ကျွန်မက ထမင်းကျွေးရမှာလဲ စဉ်းစဉ်းစားစားပြောစမ်းပါ"
"ညီမချက်ကျွေးမယ်ဆို အကိုလစာပေးစားပါမယ် ညီမလက်ရာလေးစားချင်လို့"
"ကျွန်မကိုထမင်းချက်များထင်နေလား ဒီမှာ လက်ဝါး တွေ့တယ်နော် "
"ဟုတ် တွေ့ပါတယ်ဘာဖြစ်လို့လဲညီမ "
"ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲဟုတ်လား အင် မေးဦးဘာဖြစ်လို့လဲ ထပ်မေးဦး"
"အား ညီမ နာ နာတယ် ဒေါ်လေးရေ ဒေါ်လေး "
"ဟဲ့ ဟဲ့ သမီး မလုပ်နဲ့လေ ဟယ်သွေးတွေထပ်ထွက်လာမှာပေါ့ "
"သေရမှာ ငတုံးလိုလို ငအလိုလို ပြန်တော့သွား ကျွန်မမျက်စိရှေ့နောက်တခါလာရင်မလွယ်ဘူးမှတ်"
.......
"သမီးရေ နန္ဒာ ဘုန်းကြီးကြွလာပြီ "
"လာပြီ လာပြီ စောင့်တော်မူပါဦးဘုရား"
"ဒကာမ ညနေကျောင်းမှာတရားလာနာပါလားဒကာမကြီးပါခေါ်ပြီးတော့ဆိုပိုကောင်းတယ်"
"အော်တင်ပါ့ဘုရား တပည့်တော်လာခဲ့ပါမယ် "
"အေးအေး သာဓုသာဓုသာဓု"
.....
"အမေ့ အဲ့တာကြီးမဝတ်ဘူး ပူတယ် ကြပ်ထုတ်နေတာဘဲ "
"တခါတလေ မိန်းမမှန်းသိအောင်ဝတ်ပါဦးအေ အမလေး ခေါင်းမူးလိုက်တာ ကျွတ်ကျွတ် သမီးဘာသာသွားလိုက်ပါလား အမေနားချင်လို့ ဘုန်းဘုန်းကိုလဲပြောလိုက် သေသေချာချာ"
"အမေ သမီးတယောက်တည်း "
"သွားပါဟယ် ဘုန်းကြီးကျောင်းလေ ဘယ်နေရာမို့လို့လဲ လုပ်မြန်မြန် "
"ဟုတ်"
.....
"ဟာ ညီမ "
"...."
"ညီမဘာလို့လက်ကာထားတာလဲ ဘာဖြစ်လို့လဲ ဟင် "
"ဖယ် ကိုယ့်နေရာကိုယ်နေ ဒါဘုန်းကြီးကျောင်းနော် ရန်မဖြစ်ချင်ဘူး "
"ညီမ ဒီနေ့အရမ်းလှတယ် အကိုလေ"
"မေ မေမလား "
"ငထူးနင်ဘာလာလုပ်တာလဲ ငါ့နားမကပ်နဲ့နော်"
"ကို့အလှူလေ မေလာမယ်တောင်မထင်ထားဘူး အဲ့လိုမှန်းသိရင်ကိုဝင်ခေါ်ပါတယ် ဟိုနေ့က ကိုမူးနေလို့စိတ်မဆိုးနဲ့နော် "
"နင့်အလှူမှန်းသိရင် ငါမလာဘူး တရားနာမယ်ဆိုလို့ ဖယ် "
"မေ ဘယ်သွားမလို့လဲ ခနနေပါဦး တရားနာပြီးမှပြန်ပါ ကိုတောင်းပန်တယ်နော် "
"လွှတ်နော်လက်ကို ငါ့အဆိုးမဆိုနဲ့ "
"ခနလေးပါ ခနလောက်စကားပြောချင်တယ်မေ ကိုလေမေ့ကို"
"လွှတ်လို့ပြောနေတယ် ...."
"ဟဲ့ ငါ့သားကိုဘာလို့ရိုက်တာလဲ မိမဆုံးမဖမဆုံးမသားသမီး"
"ဒေါ်လေး ဒေါ်လေးသားလူလိုနားမလည်တာထည့်ပြောလေ ကျွန်မကိုမိမဆုံးမလို့မပြောပါနဲ့ "
"ပြောတယ် မိန်းကလေးတန်မဲ့တရွာဝင်တရွာထွက် ဖဲဝိုင်းထိုင်ကြက်ဝိုင်းထိုင် အဖေကမရှိ ရှိတယ့်အမေကမဆုံးမ ဒီလိုမိန်းမကို သားရယ် "
"ဟမ့် ဒေါ်လေး ကျွန်မကိုဒီလိုပြောတာအတွက်နောင်တမရပါစေနဲ့"
အပိုင်း (၅)နောက်နေ့တင်ပေးပါမယ်ရှင့်
ချစ်သောreaders လေးတွေ?
Keep Reading