အက္ခရာ - Haruki
ကိုယ့်ကိုချစ်ခင်သူတွေကတော့ ကိုယ်အောင်မြင်တိုးတက်နေတာကို မြင်ချင်ကြပေမယ့် မနာလိုမုန်းတီးသူတွေကတော့ ကိုယ်အောင်မြင်တာကို မနာလိုမရှုစိမ့်ဖြစ်ကြပါတယ်။
သူတို့စိတ်ထဲမှာ မနာလိုမှုတွေနဲ့ပဲပြည့်နှက်နေပြီးတော့ သူတို့ကိုယ်သူတို့ အားမလိုအားမရဖြစ်နေတာကို ကိုယ့်ကိုမကောင်းကြောင်း ပြောခြင်းအားဖြင့် စိတ်ဖြေလေ့ရှိကြပါတယ်။
သူတို့ရဲ့အတင်းအဖျင်းစကားတွေကို ကိုယ်ကဂရုစိုက်တဲ့အခါ
ကိုယ့်ကိုယ်ကိုယုံကြည်မှု တဖြည်းဖြည်းကျဆင်းသွားပါလိမ့် မယ်။ သူတို့ပြောတာကို နားယောင်လာပြီး ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်ကာ ကိုယ့်အားနည်းချက်တွေပဲ မြင်လာပါ လိမ့်မယ်။
တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေဝေဝါးသွားပြီး ကိုယ့်ရဲ့တိုးတက်မှုအတွက်လည်း ဂရုမစိုက်နိုင်တော့ပါဘူး။
ဒါဆိုရင် မိမိကိုမနာလိုမုန်းတီသူများရဲ့အတင်းအဖျင်းကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲ။
> ‼️ - သူတို့ပြောသမျှကို ဂရုမစိုက်ပါနဲ့
ကိုယ့်ကို မနာလိုသူတွေက ကိုယ့်အရှေ့မှာတော့ ကိုယ်ကဘယ်လောက်တော်ကြောင်း၊ ဘယ်လောက် ကြိုးစားကြောင်း ပြုံးရယ်ကာ ချီးကျူးနေပါလိမ့်မယ်။
ဒါပေမယ့် သူတို့စိတ်ထဲမှာတော့ ကိုယ်ကျရှုံးဖို့ကိုသာ တိတ်တဆိတ်ဆုတောင်းနေတတ်ပါတယ်။ ကိုယ်နောက်ကွယ်မှာတော့ ကိုယ့်အတင်းအဖျင်းတွေကို လူတကာ လျှောက်ပြောနေတတ်ပါတယ်။
အဲ့ဒီအတင်းအဖျင်းများကို လျစ်လျူရှုလိုက်ပါ။ ကိုယ်ကလျစ်လျူရှုနိုင်မှသာ ကိုယ့် တိုးတက်ရာ တိုးတက်ကြောင်းအတွက် အာရုံစိုက်နိုင်မှာမဟုတ် လား။
> ? - ထိုသူများကို ဝေးဝေးကရှောင်ပါ
ဉာဏ်ရည်မြင့်မားသူအချင်းချင်း တွေ့ဆုံကြတဲ့အခါ အိုင်ဒီယာ အသစ်အဆန်းများကို ဆွေးနွေးလေ့ရှိကြပြီး ဉာဏ်ရည်နိမ့်တွေကတော့ အတင်းအဖျင်းပြောလေ့ရှိကြပါတယ်။
တကယ်လို့ တစ်စုံတစ်ယောက်က အခြားတစ်ယောက်ရဲ့အကြောင်းကို ကိုယ့်ထံဖောက်သည်ချပြီး အတင်းအဖျင်းလာ ပြောမယ်ဆိုရင်တော့ ထိုသူကိုဝေးဝေးကရှောင်ပါ။ ကိုယ့်အကြောင်းကိုလည်း အခြားတစ်ယောက်ထံ အတင်းအဖျင်း လုပ်ပြောနိုင်လို့ပါပဲ။
အစတုန်းကတော့ အကြောင်းမသိလို့ပေါင်းမိခဲ့ပေမယ့် အကြောင်းသိသွားရင်တော့ အပေါင်းအသင်းဆက်မလုပ်ပါနဲ့ တော့။
> ? - ကိုယ့်ရဲ့ကိုယ်ပိုင်အချက်အလက်များကို အခြားသူများထံမပြောပြပါနဲ့
ကိုယ်လစာဘယ်လောက်ရကြောင်း၊ ကိုယ့်အိမ်တွင်းရေး အရှုပ်အရှင်းတွေအကြောင်း၊ အခက်အခဲတွေအကြောင်းကို လူ တိုင်းအားမပြောပြပါနဲ့။
ကိုယ့်ကိုမနာလိုမုန်းတီးသူတွေက အဲ့ဒီအကြောင်းအရာတွေကို အခြားသူတွေထံ ဖောက်သည်ပြန်ချပြီး အတင်းအဖျင်းပြောစရာအကြောင်းအရာ ရသွားပါလိမ့်မယ်။
တစ်ခုခုအကြံဉာဏ် တောင်းစရာရှိတဲ့အခါ ကိုယ်ယုံကြည်ရသူများထံတွင်သာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
> ? - မိမိကိုယ်ကို ယုံကြည်ချက်ရှိပါ
သတ္တိရှိပါ။ မိမိကိုယ်ကို ယုံကြည်ချက်ရှိပါ။ မိမိရဲ့ဘဝ၊ ကိုယ့်ရဲ့ ချစ်သူခင်သူတွေအတွက်ပဲ အာရုံထားပါ။ ထိုသူများနဲ့ပဲ တန်ဖိုး ရှိတဲ့အချိန်တွေကို အတူတူဖြတ်သန်းပါ။
အတင်းအဖျင်းများကို နင်းချေပစ်ပြီး မိမိတိုးတက်ရာတိုးတက်ကြောင်းအတွက် အချိန်ပေးပါ။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ဘဝကြီးကလည်း သာယာလှပလာပြီး အောင်မြင်မှုက ကိုယ့်အတွက်ပါပဲခင်ဗျာ။
? - https://t.me/Life_Explored_Channel
Keep Reading