သင်္ကေတ
လူတိုင်းလူတိုင်း ဘဝမှာ မေးခွန်းတွေ အများကြီး မေးခံရဖူးကြတယ်။
အခုလဲမေးခွန်းလေးတစ်ခု မေးပါရစေ။
"မင်းဘဝမှာ ဘယ်သူ့ကိုအချစ်ဆုံးလဲ"
အဖြေတွေက အမျိုးမျိုးရှိလာနိုင်တယ်၊ အမေကိုအချစ်ဆုံး၊ အဖေကိုအချစ်ဆုံး၊ ချစ်သူ ကောင်မလေးကိုအချစ်ဆုံး၊ချစ်သူ ကောင်လေးကို အချစ်ဆုံး စသဖြင့်ဖြေတတ်ကြတယ်။
မိဘနှစ်ယောက်လုံးမှာ ဘယ်သူကိုပိုချစ်လဲဆိုရင်လည်း အတူတူပဲချစ်တာလို့ပြန်ဖြေတတ်တာလည်းရှိတယ်။
အဖြေတွေအားလုံးက မှန်တော့မှန်ပါတယ်၊ ဒါပေမဲ့ အပြည့်အဝမမှန်ပါဘူး။
အဖြေမှန်က ကိုယ့်ကိုယ်ကိုယ်အချစ်ဆုံးပါ။
ကျွန်မက ကိုယ့်ကိုယ်ကိုယ်အချစ်ဆုံးလို့ ဘာလို့ပြောတာလဲဆိုရင်
လူတိုင်းက ကိုယ့်ကိုယ်ကိုယ်ချစ်လို့ ကိုယ့်ကြိုက်တာတွေကို ကောင်းတာပဲဖြစ်ဖြစ် မကောင်းတာပဲဖြစ်ဖြစ် လိုက်လျောလုပ်တာပါ။
ဒါတွေက ဥပမာအနေနဲ့ပြောပြတာပါ၊ ထပ်ပြီးအများကြီးရှိပါသေးတယ်။
တကယ်ကိုယ့်ကိုယ်ကိုယ်ချစ်ရင် ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့အရာတွေမှာခိုင်းရပါမယ်၊ ကိုယ့်ကိုယ်ကိုယ်မညှာပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် ညှာရင် ချစ်လွန်းရာရောက်ပြီး အသုံးမကျဖြစ်သွားပါမယ်။
မိဘနဲ့သားသမီးကြားမှာလဲ ချစ်တာနဲ့ပတ်သက်ပြီး စကားတွေကြားဖူးကြလိမ့်မယ်။ သားသမီးကိုတကယ်ချစ်ရင် အလိုလိုက်ပြီး အကုန်လိုက်မလုပ်ပေးနဲ့၊၊ ချစ်တာမဟုတ်ဘဲ နှစ်ရာရောက်သွားလိမ့်မယ်ဆိုပြီး ပြောတတ်ကြတယ်။
ကျွန်မဖြေတဲ့အဖြေက မှန်လား၊ မမှန်လားဆိုတာ ကိုယ်တိုင်ပြန်လည်သုံးသပ်တွေးတောနိုင်ပါတယ်။
အဓိက ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်တတ်မှုကနေစလိုက်ပါ။ ဘယ်သူမှ ချစ်စရာမလိုဘူး၊ ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်တတ်ရင်ရပါပြီ။
ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်တဲ့လူတစ်ယောက်ရဲ့ လုပ်ရပ်အကျိုးနဲ့ ကိုယ့်ကိုယ်ကိုယ်တကယ်မချစ်တဲ့လူတစ်ယောက်ရဲ့ လုပ်ရပ်အကျိုးများကလည်း ကွာခြားစေပါတယ်။
ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်တဲ့လူရဲ့အကျိုးက ကိုယ့်ဘေးနားဘယ်သူမှ မရှိတော့ရင်တောင် ကိုယ်တစ်ယောက်ထဲ သန်မာစွာရပ်တည်နေနိုင်ပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ် တကယ်မချစ်တဲ့လူရဲ့အကျိုးကတော့ ဆန့်ကျင်ဘက်ပါ။
ဒါကြောင့် တကယ်လို့ ကိုယ့်ကိုယ်ကိုယ်သေချာမချစ်တတ်သေးရင် ကိုယ့်ကိုယ်ကိုယ်ချစ်တတ်အောင် အရင်လေ့ကျင့်ယူပြီး လေ့ကျင့်ဖို့ တိုက်တွန်းရေးသားလိုက်ပါတော့သည်။
စာဖတ်သူများအား ထာဝစဉ်လေးစား လျှက်....
My_Collections_Channel
7 July 2024 (Sunday)
21:21PM (@Ag)
Keep Reading