Youth’s Book Reflections
•••••••••••••••••••••••••••••••••••••
“ဘာဖြစ်လို့လဲဆိုတော့ တချို့သော အမာရွတ်တွေက သာမန်မျက်လုံး နဲ့မှ မမြင်နိုင်တာဘဲရှင်”
- နွမ်းလျငှက်ငယ်, p. 85
လုပ်တဲ့သူက မှတ်မိချင်မှမှတ်မိမယ်။ ခံရသူကတော့ တစ်သက်မမေ့တာမျိုးတွေရှိတယ်။ကိုယ်က ပေါ့ပေါ့တွေးပြီးလုပ်လိုက်တာက တစ်ဖက်လူအတွက် အများကြီးသက်ရောက်မှုဖြစ်တယ်။ကိုယ့်ကိုယ်ကို လည်လှပြီထင်ပေမယ့် တခြားလူက အကွက်ကြိုမြင်နေတာမျိုးပေါ့။
ဒီစာအုပ်ဟာ အမေရိကန်ကျောင်းတွေမှာတောင် မဖတ်ရဆိုပြီး တားမြစ်ထားတဲ့အထိ လွှမ်းမိုးမှုကြီးမားတယ်လို့အမှာစာမှာ စာရေးသူကပြောထားပါတယ်။ဒီစာအုပ်ထဲမှာ “ဟန်နာဘိတ်ကာ”ဆိုတဲ့ကောင်မလေးဟာ တခြားမြို့ကပြောင်းလာတဲ့ကျောင်းသူသစ်လေးတစ်ယောက်ပေါ့။သူ့ဘဝက မြို့သစ်ကိုခြေချရတာကစလို့ အခက်အခဲတွေကြုံရတယ်။မိတ်ဆွေအသစ်ဖွဲ့တယ် ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံရတယ်။သဘောကျတဲ့သူနဲ့တွေ့တယ် အသုံးချခံလိုက်ရတယ်။ ကျောင်းမှာ ကိုယ်ခန္ဓာနဲ့ပတ်သက်လို့နောက်ကြပြောင်ကြတဲ့ စကားတွေကြောင့် စိတ်ကျဉ်းကျပ်ရတဲ့ ဟန်နာဘိတ်ကာအိမ်မှာနေတောင် လုံခြုံမှုမရှိတဲ့သူ့ဘဝ။မိန်းကလေးတွေကို ကိုယ်ထိလက်ရောက်စော်ကားတာတွေ၊ အပေါ်ယံပေါင်းတဲ့သူငယ်ချင်းတွေက သူ့အတွက် စိတ်ဒဏ်ရာတွေဖြစ်လာပါတယ်။အခြေအနေအရ မိဘတွေရဲ့ ဂရုစိုက်ကြင်နာမှုကိုလည်း အပြည့်အဝမရတော့တဲ့သူ့အတွက် ဂရုစိုက်မှု၊ကြင်နာမှုကို ငတ်မွတ်နေခဲ့ရပါတယ်။
ဒီစိတ်ဒဏ်ရာတွေက ဖူးစာဖက်နဲ့ဆုံတဲ့အခါမှာတောင် သူ့ကို အလွတ်မပေးခဲ့တော့ ဝေးခဲ့ရပြန်တယ်။ဒီလိုနဲ့ပဲ ဘဝကိုလက်လျှော့လိုက်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။လောကကြီးထဲက မထွက်သွားခင်မှာတော့ သူ့ရင်ထဲက ပြောချင်တဲ့စကားတွေကို တိပ်ခွေ ခုနစ်ခွေမှာ အသံသွင်းပြီး သူဒီလိုဖြစ်ခဲ့ရတဲ့ အကြောင်းရင်း (၁၃)ချက်(Thirteen Reasons Why)ဆိုပြီး တိပ်ခွေတစ်ချပ်စီရဲ့တစ်ဖက်ပါဝင်ပတ်သက်သူတစ်ယောက်ချင်းစီကို လက်ဆင့်ကမ်းမျှဝေလိုက်ပါတော့တယ်။
(တိပ်ခွေထဲက အသံကို fontတစ်မျိုးသုံးပြီး ရေးထားတော့ ဖတ်ရတာမရှုပ်တဲ့အပြင် သေချာစီးမျောသွားလို့ရပါတယ်။တိပ်ခွေထဲကတော့ အဓိကဆိုပေမယ့် clayရဲ့ အတွေးတွေ အပြုအမူတွေကလည်း အဓိကမကျဘူးမပြောနိုင်ပါဘူး။)
ဒီဇာတ်လမ်းက တိပ်ခွေတွေကိုလက်ခံရလိုက်တဲ့ ကလေးဂျန်နီ နဲ့စထားတယ် ကလေးဂျန်နီက သူသဘောကျတဲ့ ကောင်မလေးရဲ့ သတင်းဆိုးနဲ့ပတ်သက်ပြီး စိတ်နဲ့လူနဲ့မကပ်နေတာတော်တော်ကြာပြီး ဘာကြောင့်လဲဆိုတာကိုလည်း အဖြေရှာမရနေခဲ့တဲ့သူပါ။သူ့ဆီကို တိပ်ခွေတွေရောက်လာတဲ့အခါ ဟန်နာရဲ့ စကားလုံးတစ်လုံးချင်းစီကို လွမ်းဆွတ်စွာနားထောင်ရင်း ဟန်နာကို ပိုနားလည်လာပြီး အချိန်ကိုနောက်ပြန်ဆုတ်ချင်ခဲ့တယ်။
သို့သော်လည်း….
“You can’t stop the future.
You can’t rewind the past.
The only way to learn the secret . . . is to press play.”
ပြန်ပြင်မရတဲ့အတိတ်ကိုလက်ခံလိုက်ပြီး ဟန်နာဘိတ်ကာလိုအဖြစ်မျိုးတွေနောက်ထပ်မဖြစ်ဖို့ တတ်နိုင်တဲ့နေရာကကြိုးစားကြရမှာပါပဲ။ကိုယ့်လုပ်ရပ်ကြောင့် တစ်ဖက်လူ ဒီလိုဖြစ်သွားရတာသိရင်ရော ပြင်ကြမှာလား၊ဆက်လုပ်သွားမှာလား…
ဖတ်ရတဲ့အထဲ အမေရိကန်နိုင်ငံမှာကျင့်သုံးလာတဲ့ ကိုယ်ဘာဝါသနာပါလဲဆိုပြိး စစ်တမ်းကောက်တာနဲ့ပတ်သက်လို့ အားနည်းချက်ကိုလည်း ဖော်ပြထားပါသေးတယ်။ဒီစနစ်ကို ကျနော်တို့နိုင်ငံက တော်တော်များများက သဘောကျကြပါတယ်။ဘာစိတ်ဝင်စား ဘာဝါသနာပါမှန်းမသိတဲ့သူတွေအဖို့ ဒါက အထောက်အကူဖြစ်တယ်မလား။ဒါပေမဲ့ ထင်သလောက် ခရီးမရောက်ဘူးဆိုတာတွေ့ရတယ်။
ကိုယ်လုပ်လိုက်တဲ့ကာယကံအပြုအမူ၊ပြောလိုက်တဲ့ ဝစီကံနှုတ်ထွက်စကားကစလို့ အစစအရာရာ သတိထားကြဖို့လိုပါတယ်။ကိုယ်ချစ်ရတဲ့သူတွေကို ပိုအလေးထားဂရုစိုက်အချိန်ပေးပြီး သူတို့ပြဿနာတွေကို ကူညီဖေးမသင့်တာကူညီဖေးမရင်းနဲ့ ကျန်ရှိတဲ့ဘဝသက်တမ်းတွေကို သူတို့နဲ့တူတူ ရင်ဆိုင်ဖြတ်ကျော်ကြတာပေါ့။ဘဝက ကိုယ်တစ်ယောက်တည်း ဆူးခင်းလမ်းမဟုတ်နေပါဘူး ဆိုးလိုက်တဲ့ကံလို့ညည်းနေမယ့်အစား ၊လက်လျှော့အရှုံးပေးလိုက်မယ့်အစား ရဲရဲရင်ဆိုင်ပြီး ဇာမဏီငှက်တွေလို ပြာအတိဘဝကနေ ပြန်ထမြောက်ရှင်သန်ပြလိုက်ကြတာပေါ့။ကိုယ့်ရဲ့ အပြုအမူသေးသေးကအစ တစ်ဖက်လူအပေါ် အပြုသဘောဆောင်တဲ့အရာမျိုးဖြစ်အောင် မျှားတစ်စင်းထက် အားဆေးတစ်ခွက်ဖြစ်နိုင်အောင် စွမ်းဆောင်ကြရင်း ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို တန်ဖိုးထားဆက်ဆံပေးဖို့ဆိုတဲ့အတွေးတွေ ခံစားမိပါတယ်ခင်ဗျာ။
I meet your eyes
you don't even see me
You hardly respond
when I whisper
hello
Could be my soul mate
two kindred spirits
Maybe we're not
I guess we'll never
know
My own mother
you carried me in you
Now you see nothing
but what I wear
People ask you
how I'm doing
You smile and nod
don't let it end
there
Put me
underneath God's sky and
know me
don't just see me with your eyes
Take away
this mask of flesh and bone and
See me
for my soul
alone
~“Soul alone” poem by Hannah Baker
Rating-⭐️⭐️⭐️⭐️
#နွမ်းလျငှက်ငယ်
#သက်ပိုင်
#bookreview
Keep Reading