Author's Profile Photo

Tachyto

6/07/2024

``နာရီနှင့်လူအကြောင်း’’

1 min read
Life Style
General Knowledge
18 Again
``နာရီနှင့်လူအကြောင်း’’'s photo


ကျနော်အသက် ၆ နှစ်ပြည့်မှာ မေမေက နာရီကြည့် နည်း သင်ပေးပါတယ်။ဒီလိုသားရဲ့ လက်တံ အရွယ် ၃ မျိုး ကိုတွေ့တယ်မဟုတ်လား...? အေး.... လက်တံ အရှည်ဆုံးက စက္ကန့်တံလို့ခေါ်တယ် သူကတော့ အလုပ်အများဆုံး ပေါ့...ဒါပေမယ့် သူ့ကို ဘယ်သူမှ ဂရုမစိုက်ကြဘူးတဲ့.....သူမှ မလုပ်မလုပ်ရင် ကျန်တဲ့ လက်တံတွေပါ အလုပ်မလုပ်တော့ဘူးပေါ့တဲ့...ဒါ ဆို သူက အဓိကပေါ့နော်မေမေ..ဟု ကျနော် စောဒက တတ်မိတယ်....မဟုတ်ဘူး သားရဲ့။
အချိန်ကိုပြောရင်... စက္ကန့်ထည့်မပြောဘူး…..ကျ နော်က ထပ်မေးတယ်...မေမေ ပြောတော့ စက္ကန့်တံ က အလုပ်အများဆုံးဆို သူ့ကို ပါပြောရမှာပေါ့ လို့ ..မေမေက ပြန်ပြောတယ်

အလုပ်သာများတယ် သူလုပ်တာကို ဘယ်သူမှ ဂုဏ်ဖော်ပြီးမပြောဘူး မလိုအပ်ဘူးလို့ထင်နေကြ တယ်လေ လူတန်းစားအနေနဲ့ကြည့်ရင် အောက်ခြေ လူတန်းစားမျိုးပေါ့တဲ့...။ အမေက ဆက်ပြောတယ် စက္ကန့်တံထက်နည်းနည်း

တိုတာတွေ့လား အဲဒါက မိနစ်တံလို့ ခေါ်တယ်သား ရဲ့ …သူကတော့ စက္ကန့်တံလေး လှည့်နေတာ ၁ ပတ် ပြည့်မှ နည့်နည်းပဲရွေ့တာတဲ့...သူလဲ အလုပ်လုပ်ရ ပေမယ့် သူကတော့ သူနာမည်ကိုရအောင်ယူတတ် တော့ နာရီကြည့်ရင် သူ့နာမည်ပါထည့်ပြောရတယ်တဲ့..။

စက္ကန့်လေး ကျိုးစားသမျှ သူက သာသာလေး နာမည်ယူရုံပဲတဲ့...လူတန်းစားအနေနဲ့ပြောရင် ပညာတတ်လူတန်းစားပေါ့တဲ့....နောက်ဆုံး အတို ဆုံး လက်တံလေးတွေ့လား အဲဒါ နာရီ လက်တံပဲ သား ..။သူကတော့ မိနစ်တံလေး တပတ်ပြည့်မှ ဂဏန်းအခုကနေတခု သိသိသာသာပြောင်းတယ် တဲ့ ..အဲ့လို လူမျိုးကျတော့ အုပ်ချုပ်သူ လူတန်းစား ပေါ့တဲ့ စက္ကန့်ရပ်နေတယ် ပျက်နေတယ်လို့ မပြော ဘူး.... နာရီပျက်နေတယ်လို့ပဲပြောတယ်တဲ့...။ နာရီဆိုတာ အဲ့ဒိအတိုဆုံး အချောင်းလေးပေါ့ သား ရယ်တဲ့။

ကျနော် အရွယ်ရောက်တော့ လုပ်ငန်းခွင်ထဲမှာ အမေပြောတဲ့ လူ ၃ မျိုး ကိုတွေ့ရတယ်။ ကျနော်တွေ့ တာ တော့ အလွှာပေါင်းစုံမှာ စက္ကန့်လို လူတွေတွေ့ရ တယ် ။ အလုပ်အရမ်းလုပ်တယ် အကောင်းအပြော မခံရဘူး။ဘေးထုတ်ထားကြတယ်..ဒါပေမယ့် သူ အလုပ်သူပုံမှန်လုပ်တယ်။ မိနစ်လိုလူမျိုးကျပြန်တော့ အလုပ်လုပ်တယ်။ ဆရာကြီးဝင်လုပ်တယ်....တခါတလေမှ လုပ်တတ် တယ် ။ သူ့တို့ကြတော့ နေရာ အသင့်တင့်ရကြ တယ်။ဘာမှ မယ်မယ်ရရ မလုပ် သူများလုပ်တာ တွေအကုန် သူလုပ်သလိုလို ဆရာကြီးဝင်လုပ် နာမည်ယူတတ်သူများကျတော့ နာရီလိုလူမျိုး ပေါ့ ...လူကြီးချစ် အပေါ်ဖားအောက်ဖိ နဲ့ လူမျိုးတွေ ပါ။

အရမ်းကြိုက်လွန်းလို့ Facebook မှပြန်လည်ဝေမျှထားခြင်းသာဖြစ်သည်။စာရေးသူအားရိုသေစွာ crd

Keep Reading

ဒေါင်လိုက်ဒရာမာ (Vertical Drama)အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း