Author's Profile Photo

အက္ခရာ - Haruki

6/07/2024

Skincare အလွန်အကျွံသုံးရင်

1 min read
Health
General Knowledge
18 Again
Skincare အလွန်အကျွံသုံးရင်'s photo

ဒီနေ့ခေတ်မှာ ကိုယ်ခန္ဓာလှဖို့ Gym ကစားတဲ့သူတွေလည်းရှိသလို မျက်နှာ Skincare လုပ်သူတွေလည်း မမှားပါဘူး။ Skincare လုပ်တာ အပြစ်ဆိုစရာမဟုတ်ပေမယ့် ဘယ်အရာမဆို လိုတာထက်ပိုရင် မကောင်းပါဘူး။

တစ်ချို့တွေလည်း မျက်နှာအလှပြင်လွန်းလို့အခုကျွန်တော်ပြောပြထားတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နေရပါတယ်နော်။

Skincare အလွန်အကျွံလုပ်မိရာကနေ ကြုံလာရနိုင်တဲ့ ကျန်းမာရေးပြဿနာများ

> ? - အရေပြား တင်းမာအက်ကွဲခြင်း

အသားအရေ ခြောက်သွေ့အက်ကွဲလာတယ်ဆိုတာ တစ်ခုခုတော့ မှားနေလို့ပါ။ ကိုယ်သုံးဖူးတဲ့ Skin Care ထဲမှာ pH ပါဝင်မှု ဟန်ချက်မညီဖြစ်စေတဲ့ အလှကုန်တွေပါလာလို့လည်း ဖြစ်နိုင်ပါတယ်။

မှန်ကန်တဲ့ pH ဟန်ချက်ညီမှုဟာ ဆဲလ်အသစ်တွေဖြစ်ထွန်းစေပြီး ကော်လာဂျင်အသစ်တွေဖြစ်စေနိုင်တာကြောင့် ကိုယ်သုံးတဲ့ Skin Care အချိန်အဆနဲ့ သုံးသင့်ပါတယ်။

> ?‍♀️ - မျက်နှာယောင်ကိုင်းခြင်း

ဒီပြဿနာက ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းတွေ အများကြီးပါပဲ။ အင်ဇိုင်းတွေနဲ့ မျက်နှာချေးချွတ်တဲ့ အက်စစ်ကြောင့်ဖြစ်နိုင်သလို ဘက်တီးရီးယားကူးစက်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Moisturizer သုံးမှုများခြင်းကလည်း ဒီအခြေအနေကို ပိုဆိုးနိုင်ပါတယ်။

မျက်နှာယောင်လာရင် ဒီအလှကုန်တွေသုံးတာ လျှော့သင့်ပါတယ်။ မိတ်ဖုလိုမျိုး အဖုအပိမ့်ထွက်လာခြင်းကလည်း အလားတူပြဿနာပဲ ဖြစ်ပါတယ်။

> ⚫️ - အမည်းကွက်များ ပေါ်လာခြင်း

အသားအရေအရောင်ပြောင်းခြင်းဆိုတာ ရောဂါကြောင့်လည်းဖြစ်နိုင်သလို ကိုယ်သုံးနေတဲ့ Skin Care ထဲက ဓါတုပစ္စည်းတွေနဲ့ ဓါတ်မတည့်လို့လည်း ဖြစ်နိုင်ပါတယ်။

တစ်ချို့လူတွေဟာ Skin Care လုပ်ရင်းနဲ့ မျက်လုံး၊ နှာခေါင်းနဲ့ မေးနားတစ်ဝိုက်မှာ အမည်းကွက်တွေ ပေါ်လာတာမျိုး ကြုံနိုင်ပါတယ်။ ဒါမျိုးဆိုရင် Skin Care လုပ်မှု လျှော့ပြီး လိုအပ်ရင် ဆေးခန်းပြသင့်ပါတယ်။

> ? - မျက်နှာအဆီအလွန်အကျွံပြန်ခြင်း

တစ်ချို့သူတွေဟာ အလှအပ ဂရုစိုက်ရဲ့သားနဲ့ မျက်နှာမှာ အဆီတဝင်းဝင်းနဲ့ ဖြစ်နေတယ်ဆိုရင် ဒါလည်း Skin Care လုပ်တာလွန်လို့ ဖြစ်နိုင်ပါတယ်။

တစ်ခါတစ်လေ ဒီပြဿနာမျိုးက ကိုယ့်ဘာသာကုလိုက်လို့ ပျောက်ကင်းသွားနိုင်သလို တစ်ခါ တစ်လေမှာလည်း အလှအပရေးရာ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ တွေ့ဖို့လိုပါတယ်။

> ? - အရေပြားလောင်ခြင်း

နေလောင်ဒဏ်ခံရလို့ အသားအရေလောင်သွားတာမျိုး မြင်ဖူးမှာပါ။ နေလောင်ကာခရမ်လိမ်းတဲ့သူတွေမှာ ဒါမျိုးကြုံလာပြီဆိုရင် ဒီခရမ်ထဲက ပါဝင်ပစ္စည်းကြောင့် ဖြစ်နိုင်ပါတယ်။

Sunscreen တွေထဲမှာပါတဲ့ တစ်ချို့ Chemical Filters တွေကို အများကြီးသုံးမိရင် အရေပြားပေါ်က ကာကွယ်ပေးထားတဲ့အလွှာကို ပျက်စီးစေနိုင်ပါတယ်။

သတိထားသုံးနိုင်ပါစေခင်ဗျာ။ ?

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)