Author's Profile Photo

SarPhat Author

6/07/2024

Healthy Relationship

1 min read
Life Style
General Knowledge
Healthy Relationship's photo

Relationship ဆိုတာထဲမှာ ချစ်သူနှစ်ဦးကြား၊မိဘနဲ့သားသမီးကြား၊အထက်လူကြီးနဲ့ဝန်ထမ်းကြား၊မိတ်ဆွေ၊သူငယ်ချင်းအပေါင်းအသင်းတွေကြား ဆက်ဆက်ရေးတွေအကုန်ပါပါတယ်
> မိမိကိုယ်ကိုယ်ချစ်တတ်ဖို့
Relationship တစ်ခုမှာအဆင်ပြေချင်ရင် အရင်ဆုံးမိမိကိုယ်ကိုယ် ချစ်တတ်ဖို့လိုပါမယ်
မိမိကိုယ်ကိုယ် လူတိုင်းကတော့ချစ်ကြပါတာ မှန်ပါတယ် ဒါပေမဲ့ချစ်ပုံချစ်နည်းမှန်မှန်ကန်ကန်နဲ့ချစ်ဖို့လိုပါတယ်
ငါစိတ်ညစ်လိုက်တာဆိုပြီး အရက်သောက်၊ဆေးလိပ်သောက်၊မူးရစ်ဆေးသုံးတာ စတာတွေက ကိုယ့်ကိုယ်ကို ချစ်နေတာမဟုတ်ပါဘူး
ဒါတွေလုပ်လိုက်လို့ ခနတာလေးတော့စိတ်သက်သာရာရနိုင်လောက်ပေမဲ့ ရေရှည်အတွက်ကျ အဆင်မပြေနိုင်ပါဘူး ခုလိုတွေလုပ်နေလို့ မိမိဘေးကလူတွေနဲ့လဲ အဆင်မပြေနိုင်ပါဘူးနော် ကိုယ့်ကိုချစ်လို့ ခင်လို့ သည်းခံမယ်ဆိုရင်တောင်ကြာရင်အဆင်ပြေမှာ
သည်းခံနိုင်မှာမဟုတ်ကြတော့ဘူး
ဒါ့ကြောင့်ကိုယ့်ကိုကိုယ်ချစ်ပုံချစ်နည်းမှန်ဖို့လိုတာပေါ့
ကိုယ်စိတ်ညစ်နေမယ်ဆိုရင် စိတ်ဖိစီးမှုတွေလျော့ကျသွားအောင် လုပ်ဖို့နည်းလမ်းတွေအများကြီးရှိပါတယ် ၊ ဥပမာ - တရားထိုင်တာတို့ ၊ လေ့ကျင့်ခန်းလုပ်တာတို့ ၊ လေကောင်းလေသန့်ကို တဝကြီးရှူလိုက်တာတို့ ၊ သီချင်းနားထောင်တာတို့ ၊ ခရီးသွားတာတို့ ၊ ရသစာပေတွေဖတ်တာတို့ လိုမျိုး ၊ ကိုယ်ဝါသနာပါရာလေးတစ်ခုခုလုပ်လိုက်တာတို့ နဲ့ စိတ်ဖိစည်းမှုတွေဖျေဖျောက်သင့်ပါတယ် ဒါတွေက မိမိကိုယ်ကိုယ်လဲမထိခိုက်သလို ပါတ်ဝန်းကျင်ကိုရောမထိခိုက်ပါဘူး
မိမိကိုယ်ကိုယ်ချစ်တတ်မှ တပါးသူကိုလဲ နည်းမှန်လမ်းမှန် ချစ်ပေးတတ်မှာပါ
> မိမိကိုယ်ကိုယ်ပျော်အောင်နေတာ
ကိုယ်စိတ်အဆင်မပြေတဲ့အချိန်၊Stress တွေပိနေတဲ့အချိန် ၊ စိတ်တိုနေတဲ့အချိန်တွေမှာ မပြောသင့်တဲ့စကားတွေပြောမိကြတာ၊မလုပ်သင့်တာတွေလုပ်မိကြတာ များပါတယ် ၊ ပျော်နေတဲ့အချိန်ဆိုရင်တော့ ဒါမျိုးတွေဘယ်ရှိပါ့မလဲ
အဲဒီတော့ ကိုယ့်ကိုကိုပျော်အောင်ထားပါ ဆက်ဆံရေးတွေမှာအဆင်ပြေချင်တယ်ဆိုရင် မိမိကိုယ်ကိုပျော်အောင်ထားတတ်ဖို့လဲလိုပါတယ်  
> Respect ထားတာ
ဘယ်ဆက်ဆံရေးမျိုးမှာမဆို လေးစားမှုရှိသင့်ပါတယ် ကိုယ့်ချစ်သူအပေါ်ကို သိက္ခာထိခိုက်စေမဲ့စကားလုံးမျိုးရှောင်ပါ ၊ မိဘတွေကိုလဲ လူငယ်တွေလောက်မသိပါဘူး ခေတ်နောက်ကျကျန်ခဲ့ပြီ ဆိုပြီး မလေးမစား မလုပ်ပါနဲ့ ၊ လက်အောက်ငယ်သား ဝန်ထမ်းတွေအပေါ်မှာလဲ ငါ့ဝန်ထမ်းပဲ ငါကြိုက်သလိုပြောခွင့်ရှိတယ်ဆိုပြီး ရိုင်းဆိုင်းဆဲဆိုတာ လက်ပါတာမျိုးတွေ မလုပ်သင့်ပါဘူး လူတိုင်းက လေးလေးစားစား ဆက်ဆံခံရတာကို နှစ်သက်ကြပါတယ်
ဆက်ဆံရေးတွေကြား Respect ထားခြင်းဖြင့် Relationship  ကောင်းတစ်ခုတည်ဆောက်ပါ
> မနက်ခင်းကိုအပြုံးတွေနဲ့စတင်ပါ ၊
> ကိုယ့်ဘက်က စတင်ပြုံးပြဖို့ဝန်မလေးပါနဲ့ ၊  > ချီးမွမ်းပေးပါ-မိမိကိုယ်ကိုယ်ရော သူတစ်ပါးကိုရော ချီးမွမ်းစကားပြောတတ်ပါစေ ၊
> လူတိုင်းအပေါ်နားလည်မှုပေးပါ ၊
> ရှင်းပြချက်တွေကိုနားထောင်ပေးပါ-ကိုယ့်ချစ်သူကပဲဖြစ်ဖြစ် ၊ လက်အောက်ငယ်သား ဝန်ထမ်းကပဲ ဖြစ်ဖြစ် ၊ မိသားစုဝင်တစ်ဦးဦးကပဲဖြစ်ဖြစ် ၊ မိတ်ဆွေသူငယ်ချင်းပဲ ဖြစ်ဖြစ်
ကိုယ့်ကိုထိခိုက်စေခဲ့တဲ့အမှားတစ်ခုလုပ်မိခဲ့သည်ရှိသော် သူတို့ရဲ့ရှင်းပြချက်တွေကို နားထောင်ပေးပါ ပြီးမှ ကောင်းသည်ဆိုးသည်ဆုံးဖြတ်ပါ
☘️လူတိုင်း ပိုမိုကောင်းမွန်တဲ့ Relationship တွေကိုပိုက်ဆိုင်နိုင်ကြပါစေ



Keep Reading

စိတ်ဓာတ်ကျနေတဲ့အခါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း