Noble
လက်တလောမှာ Cholera (ကာလဝမ်းရောဂါ) Outbreak တွေ ဖြစ်နေကြပါတယ်။ outbreak ဆိုတာ နေရာတစ်ခုမှာ ဖြစ်ပွါးနှုန်းတွေ ရုတ်တရက် မြှင့်တက်လာတာကို ပြောတာပါ။ အဓိပ္ပါယ်ကတော့ အခု ကာလဝမ်းရောဂါ အရမ်းဖြစ်နေပါပြီ... ဒီရောဂါက သတိပြုရမယ့်ရောဂါဆိုပေမယ့် ကာကွယ်နိုင်တဲ့ နည်းလမ်းတချို့ရှိကြောင်း မျှဝေချင်တာပါ။
? အရင်ဆုံး Cholera အကြောင်းလေး နည်းနည်း ပြောပြချင်ပါတယ်။ တချို့က ကာလဝမ်းဆိုတာ ကာလသားရောဂါရှိမှ ဖြစ်တာဆိုပြီး အမှတ်မှားနေကြတာလည်းရှိလို့ပါ။ ကာလဝမ်းရောဂါဆိုတာ ? Vibrio Cholerae ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွါးတဲ့ ကူးစက်ရောဂါတစ်ခုပါပဲ။ ဒီဘက်တီးရီးယားပိုး ကူးစက်ခံရသူ လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။
? ကာလဝမ်းကို တနည်းအားဖြင့် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါလို့လည်း ခေါ်ပါတယ်။ ဒီနာမည်အတိုင်းပဲ သူ့ရဲ့ လက္ခဏာအရ ဝမ်းလျှောတာ အရမ်းကို ပြင်းထန်ပါတယ်။ Cholera ကြောင့် ဝမ်းလျှောပြီဆိုရင် ဆန်ဆေးရေလိုမျိုး အရောင်နဲ့ အရည်တွေ တောက်လျှောက်သွားပါလိမ့်မယ်။ ပမာဏလည်းများ အကြိမ်ရေလည်း များတာကြောင့် တခဏအတွင်းမှာပဲ ရေဓါတ်ခမ်းခြောက်တဲ့ လက္ခဏာကို ခံစားရပါလိမ့်မယ်။
ဒါ့အပြင် ပျို့အန်တဲ့ လက္ခဏာပါ တွဲဖြစ်တတ်တာကြောင့် ရေဓါတ်ခမ်းခြောက်ပြီး နောက်ဆက်တွဲအနေနဲ့ နှလုံးခုန်မြန်တာ၊ သွေးပေါင်ကျတာအပြင် မကုသပဲ ထားမယ်ဆိုရင် နာရီပိုင်းအတွင်း အသက်ဆုံးနိုင်ပါတယ်။
တချို့က ဝမ်းလျှောတာ သိပ်မပြင်းထန်ပဲ သက်သာသွားလေ့ ရှိပေမယ့် တချို့ပြင်းထန်သူတွေမှာ အထူးသတိထားရမယ့် ရောဂါတစ်ခု ဖြစ်ပါတယ်။
? ဒီတော့…. ကာလဝမ်းရောဂါ ဘယ်လိုကူးစက်တာလဲ??
?Fecal Oral Route လို့ခေါ်တဲ့ ဝမ်းကနေတဆင့် ? အစားအသောက်၊ ? ရေ မှာ ပိုးက ပါနေနိုင်ပြီး ဒါကို စားသုံးမိတဲ့ အချိန်မှာ ကူးစက်တာပါပဲ။ ဒီလိုပြောလို့ ဘယ်သူကတော့ ဝမ်းသွားတာနဲ့ အစားအသောက်နဲ့ ဆက်စပ်မှာလဲလို့ ထင်ကောင်းထင်ကြလိမ့်မယ်။ ဒါပေမယ့် သင်ထင်ထားတာထက်ကို ကူးစက်နိုင်ချေ များပါတယ်။
ဥပမာ - ? အိမ်သာသွားပြီး လက်မဆေးပဲ တစ်ခုခုကို ကိုင်မိမယ်၊ အစားအသောက်ကို စားမယ်၊ ?️ ပန်းကန်၊ ခွက်ယောက်တွေ ကိုင်မယ်၊ ဒီလိုဆိုရင် ကာလဝမ်းရောဂါ ကူးနိုင်ပါတယ်။ ? ယင်မလုံတဲ့ ? အိမ်သာကနေလာတဲ့ ယင်ကောင်က အစားအစာကို နားမယ် ဒါဆိုရင် ကာလဝမ်းပိုးကို သယ်ဆောင်လာနိုင်ပါတယ်။ မသန့်ရှင်းတဲ့ ရေ၊ မြောင်းရေ၊ ချောင်းရေတွေ သောက်သုံးမယ်၊ ဒီကနေ ကာလဝမ်းပိုး ပါလာနိုင်ပါတယ်။
? ကာလဝမ်းရောဂါ ကူးစက်ခံရပြီးနောက် ဘက်တီးရီးယားက ကူးစက်ခံရသူရဲ့ ဝမ်းထဲမှာ ၁ ရက်ကနေ ၁၀ ရက်အထိ နေနိုင်ပြီး ဒီအချိန်မှာ တခြားသူကို ကူးစက်တာဖြစ်ပါတယ်။ ဒီတော့ ကိုယ်မမြင်နိုင်တဲ့ ဒီပိုးကို ဘယ်လို ကာကွယ်ကြမလဲ?
အဓိကအချက်က (၃) ခုပါပဲ။ အစားအစာ၊ ရေ၊ နဲ့ လက်ဆေးခြင်းပါပဲ။ ကာကွယ်ဖို့အတွက် သတိပြုရမယ့် အချက်တွေကတော့….
✅ လက်ဆေးပါ
အိမ်သာဝင်ပြီးတိုင်း အစာစားခါနီးတိုင်း တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ဆေးပေးပါ
✅ ရေကို သန့်ရှင်းဖို့ အထူးဂရုပြုပါ
ရေသန့်သောက်ဖို့ဆိုတာထက် ကျိုချက်သောက်တာမျိုးလည်း သင့်တော်ပါတယ်။ ချောင်းရေ၊ မြောင်းရေတွေကို အထူးသတိထားပါ။
✅ အစားအစာတွေကို သန့်စင်စွာ ပြင်ဆင်ပါ
အိုးခွက်၊ ပန်းကန်ခွက်ယောက်တွေကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပြီးမှ အသုံးပြုပါ။ အသီးအနှံတွေကို ရေဆေးပြီးမှ စားပါ။ အသားစိမ်းများကို ချက်ပြုတ်ပြီးအစာများနဲ့ မရောပါနဲ့။ ယင်နားစာများကို မစားပါနဲ့။
✅ ယင်လုံအိမ်သာကို အသုံးပြုပါ
ယင်ကောင်ကနေ ရောဂါကူးစက်နိုင်ခြေ အလွန်များတာကြောင့် အိမ်သာကို ယင်လုံစေဖို့ ဂရုပြုပါ။
✅ မျှဝေသုံးစွဲမှု ဂရုပြုပါ
အထူးသဖြင့် လူအများနဲ့ မျှဝေသုံးစွဲ ရတဲ့ နေရာတွေဖြစ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ အလှူပွဲများတွင် အထူးဂရုစိုက်ပါ….
✅ နို့တိုက်ကျွေးနေတဲ့ ကလေးငယ်များကို မိခင်နို့သာ တိုက်ပါ။ ကလေးငယ်အတွက် အသုံးပြုရတဲ့ ပန်းကန်၊ ခွက်၊ နို့ဘူးတွေကို သေချာ ပိုးသတ်ဆေးကြောပါ။
? ဒီလိုကာကွယ်နေတဲ့ကြားက ကာလဝမ်းရောဂါ ဖြစ်လာခဲ့ရင်တော့ အချိန်မှီကုသရမှာပါ။ အဓိကအားဖြင့် ရေဓါတ်ဆုံးရှုံးတာဖြစ်လို့ ရေဓါတ်ကို အမြန်ပြန်ဖြည့်နိုင်ဖို့ ဓါတ်ဆားရည်သောက်ခြင်း၊ ပြင်းထန်ရင်တော့ ဓါတ်ဆားရည် သွင်းခြင်းတွေကို ပြုလုပ်ရမှာ ဖြစ်သလို ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေး၊တခြားဆေးဝါးတွေနဲ့ ကုသဖို့ လိုပါတယ်။
?⚕️ အခုဆိုရင် Cholera (ကာလဝမ်း) ရဲ့ ဖြစ်ပွါးမှုတွေက များလာသလို အချိန်မှီ မကုသဖြစ်ပါက နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် လက္ခဏာတွေ ခံစားရပြီဆိုရင် နီးစပ်ရာဆေးခန်းကို အချိန်မှီ ပြသသင့်ပါတယ်။ ကာလဝမ်းရောဂါဟာ လူတိုင်းအနေနဲ့ ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
Pharmacist Noble
Reference
https://www.who.int/news-room/fact-sheets/detail/cholera
#Noble
#KnowledgeSharing
#MedicalWriter
#CholeraOutbreak
Keep Reading