အက္ခရာ - Haruki
အလုပ်အသစ်မှာ ပထမဆုံးရုံးတက်ရမယ့်နေ့အတွက် စိတ်လှုပ်ရှားနေလား❓
လုပ်ငန်းခွင်အသစ်မှာ လုပ်ဖော်ကိုင်ဖက် အသစ်တွေရဲ့ အထင်ကြီးလေးစားတာမျိုး လိုချင်တယ်ဆိုရင်တော့ ကျွန်တော်အခုမျှဝေပေးထားတဲ့အချက်တွေက အထင်ကြီးလေးစားမှုကိုရရှိစေဖို့ ကူညီပေးနိုင်ပါလိမ့်မယ်ခင်ဗျာ။
အလုပ်အသစ်မှာ First Impression ကောင်းအောင် ကူညီပေးနိုင်မယ့် နည်းလမ်း (၅) ချက်
> ?? - Professionally ဝတ်စားပါ
စာဖတ်သူလေးစကားစမပြောရသေးခင် သူတို့ပထမဆုံးသတိထားမိတာက စာဖတ်သူလေးရဲ့အဝတ်အစားပါ။ အဲဒါကြောင့် ပရော်ဖက်ရှင်နယ်ကျကျ ၀တ်စားတတ်ဖို့ အရေးကြီးပါတယ်။
> ? - ဖော်ရွေပါ
အတူလုပ်ရမယ့် လုပ်ဖော်ကိုင်ဖက်အသစ်တွေဆီ ကိုယ်နဲ့အတူအလုပ်လုပ်ရတာ ပျော်စရာကောင်းတယ်ဆိုတဲ့ခံစားချက်ကို ပေးသင့်ပါတယ်။ ဒါကြောင့် တိုက်ရိုက်အလုပ်လုပ်မယ့်သူတွေနဲ့ လူတိုင်းကိုကြင်နာမှုရှိဖို့ ကြိုးစားပါ။
> ? - အလုပ်ပြီးအောင်လုပ်ပါ
ရုံးအသစ်မှာ ပထမဆုံးစစချင်း အလုပ်အားလုံးကို ပြီးရမယ်လို့ မဟုတ်ပေမယ့်လည်း အားလုံးကို ပြီးနိုင်ဖို့အတွက်တော့ ကြိုးစားပါ။
> ‼️ - စည်းကမ်းများကို လိုက်နာပါ
ရုံးစတက်ပြီးတာနဲ့ ရှိပြီးသား စည်းကမ်းတွေကို အာဏာသုံးပြီး ပြောင်းလဲဖို့မကြိုးစားပါနဲ့။ ပြောင်းလဲဖို့လိုရင်တောင် နောက်ပိုင်း လုပ်ပိုင်ခွင့်အာဏာကို အရင်တည်ဆောက်ပြီး ယုံကြည်မှုကိုရယူပြီးမှ ပြောင်းပါ။
> ⁉️ - မေးခွန်းများမေးပါ
သိချင်တာရှိရင် မေးခွန်းတွေမေးဖို့ မရှက်ပါနဲ့။ မေးခွန်းမေးတာက အလုပ်အပေါ် ပိုပြီးနားလည်ဖို့ ကူညီပေးတာမလို့ သိချင်တာရှိရင် မေးပါခင်ဗျာ။
? - https://t.me/Life_Explored_Channel
Keep Reading