SarPhat Author
。
What is love?
How do we fall in love with someone??
ကျွန်တော် ကတော့ အချစ်ဆိုတာ နားလည်ရတော်တော် ခက်ခဲတယ်လို့ တစ်ဦးတည်း ထင်မိပါတယ်။
ကျန်တဲ့ ဘာသာတွေ အမှတ်ပြည့်ရနိုင်သော်လည်း
Love Language မှာတော့ Zeroဖြစ်မယ်ထင်တယ်။?
အခုခေတ်ကြီးမှာလေ အမျိုးသား/အမျိုးသမီးတွေ
အများစုက Loveကို ပေါ့ပေါ့တန်"ခေါင်းစဥ်တပ်ပြီး
ရောချကြတယ်။?
အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ
တကယ်တန်ဖိုးကိုနားလည်ပြီး ကောင်းမွန်တဲ့ Rsတစ်ခုကို တည်ဆောက်ကြတဲ့သူတွေဆိုတာက လက်ချိုးရေလို့ရတဲ့ အရေအတွက်မှာရှိနေကြတယ်လို့ မြင်ပါတယ်။
လူတစ်ယောက်ရဲ့ တန်ဖိုးကို အချင်းချင်း တကယ်သိပြီး နားလည်မှုယူတတ်တဲ့ သူတွေကို ကျွန်တော် တကယ် လေးစားတယ် ။❣❣
ကျေးဇူး လဲတင်တယ်။ အနည်းဆုံးတော့ သူတို့ဟာ
လောကကြီးမှာ အကျည်းတန်မှုကို ပယ်ဖျက်ပေးတယ်လို့ မှတ်ယူပါတယ်။ ??
တစ်ဦး တစ်ယောက်မကောင်းတာနဲ့ပဲ
အမျိုးသားဖြစ်စေ ၊အမျိုးသမီးဖြစ်စေ အကုန်လုံးကို သိမ်းကျုံးပြီး ရောချတာမျိုးကိုတော့ မှားတယ်လို့ ထင်ပါတယ်။??
သစ္စာတွေရှိ နားလည်မှုတွေပေးထားပေမယ့် ဖောက်ပြန်ခံရတဲ့ အမျိုးသားတွေ
ကျတော့ရော???
ယုံကြည်မှုတွေ ၊သံယောဇဥ်တွေကိုမှမထောက်ထားပဲ
နောက်မှ ပေါ်လာတဲ့သူအတွက် အထားခဲ့ခံရတဲ့ အမျိုးသမီးတွေ ကျတော့ရော???
ကျား၊မဝါဒီကိုဖယ်ထားပြီး လူသားတစ်ယောက်အနေနဲ့ပဲ စဥ်းစားပေးလို့မရဘူးလား?ok?
ဒီနေ့ဖတ်လိုက်ရတဲ့ Postတစ်ခုက
စော်ရှောင်နည်းတဲ့ ၃မျိုးတဲ့ အဲ့မှာ ပါတဲ့
ပြည်ပရောက်စော်ကိုရှောင်ဆိုတာမှာ??
ကျွန်တော် စိတ်တိုသွားမိပါတယ်။(မကြာခင် ကျွန်တော် လဲ ပြည်ပထွက်တော့မှာဆိုတော့ feelingက တော်တော် ကြီး ခံရခက်သွားမိလို့ပါ)
ဘယ်နေရာ ဘယ်ဒေသမှာပဲရှိရှိ တန်ဖိုးကို မသိတဲ့ လူတွေဟာ ဖောက်လွဲဖောက်ပြန်ဖြစ်ကြမှာပါပဲok?
ပြည်ပရောက် အမျိုးသားအားလုံးကရော ကောင်းနေလို့လား?@??
Loveဆိုတဲ့ ခေါင်းစဥ်အောက်မှာ အမျိုးမျိုး အမည်တပ်ကြပြီး ကိုယ် လိုရာကိုတွေးပြီး ကိုယ်ဖြစ်ချင်ရာကို လုပ်နေကြသူတွေကတော့ သူတို့ ရဲ့ Brain Levelနဲ့ဆိုင်တယ်လို့ ပြောချင်ပါတယ်။?
အဲ့လိုတွေပြောနေလို့ ကျွန်တော့် Brain levelကရောလို့ မေးချင်လိမ့်မယ်ထင်တယ်။??
My Brain level ကတော့ ရှိသင့်သလောက်၊ အဖေနဲ့အမေ က သွန်သင်ဆုံးမထားသလောက်၊ပြင်ပကပေးလာတဲ့ အတွေ့အကြုံ ၊သင်ခန်းစာတွေနဲ့ လိုက်ပြီး ရှိသင့်သလောက် ၊လူသားတစ်ယောက်မှာရှိသင့်တဲ့ Levelတစ်ခုမှာရှိပါတယ်။
ကျွန်တော် လဲ သာမန် လူသားတစ်ယောက်၊အမျိုးသမီးတစ်ယောက်ပါပဲ။??
ပြောချင်တာက တော့ ခြေမမကောင်းရင် ခြေမ ဖြတ်ပေါ့၊ လက်မ မကောင်းရင် လက်မကိုပဲ ဖြတ်ပေါ့။??
တစ်ယောက် မကောင်းတာနဲ့ အားလုံးကို ေရာချတာကတော့ အဆင်မပြေပါဘူး။
အမျိုးသမီးတွေ အားလုံးလည်း လက်မခံနိုင်ပါဘူး။
အမျိုးသားတွေမှာလဲ အကျင့်စရိုက်ကောင်းမွန်ပြီး လူသားတစ်ယောက်ရဲ့ Brain levelတစ်ခုရှိတဲ့သူတွေကလဲ လက်ခံနိုင်မယ်မထင်ပါဘူး??
ကျွန်တော် ဟာ ရှေးရိုးဆန်တဲ့လူတစ်ယောက်လို့ ထင်နိုင်ပါတယ်။
တစ်ယောက် ကိုစိတ်ထဲထည့်ပြီးရင် ကျန်တာ တွေဆို ဖွဲနဲ့ဆန်ကွဲလို သဘောထားသူပါ။
ကိုယ့်ကို အမှန်တကယ် ချစ်မြတ်နိုးပေးမယ့်လူတစ်ယောက်ကို မျက်နှာလွဲခဲပစ်လုပ်မယ့်လူမဟုတ်ပါဘူး။
ထိုသူသည် အားနည်းချက် ရှိသည်ဖြစ်စေ၊အခက်အခဲတွေရှိနေသည်ဖြစ်စေ
ကျွန်တော် တို့ တစ်ဦး ကိုတစ်ဦး အမှန်တကယ် ချစ်မြတ်နိုးကြတာမှန်ရင် ဘယ်အခြေနေမှာပဲဖြစ်ဖြစ် ညှိယူကြမယ်လို့ ယုံပါတယ်။
But တစ်ဖတ်တည်းက အတင်းဆွဲထားရတာမျိုးတော့ လုံးဝမဖြစ်သင့်ပါဘူး။✌✌
ကိုယ့်ကို မလိုအပ်တဲ့သူအနားကနေ လှည့်ထွက်နိုင်တဲ့ သတ္တိရှိဖို့ လိုအပ်ပါတယ်။ ????
အားလုံးက လူသားဆန်တဲ့စိတ်ရှိဖို့လိုအပ်တယ်လို့ ထင်ပါတယ်။
ကိုယ်သာ သူ့နေရာမှာ ဆိုရင်တဲ့ အတွေးလေးနဲ့ တစ်ယောက် ကို တစ်ယောက် တန်ဖိုးထားကြမယ်ဆိုရင်
လူ့ဘဝကြီးမှာ စိတ်မချမ်းသာစရာဖြစ်မယ်မထင်ပါဘူး။??
အထားခဲ့ခံရတဲ့ ဖောက်ပြန်ခံရတဲ့ တစ်ဦး ချင်းကို ထပ်တူ ဝမ်းနည်းမိပါတယ်။
ကိုယ်နဲ့ မထိုက်တန်လို့ ထားသွားတဲ့လူအတွက် အချိန်ကုန်ခံ စရာမလိုပါဘူးလို့ အားပေးချင်ပါတယ်။??
သူတို့ နဲ့ တူရာတန်ရာလူမျိုးကို ရသွားတယ်လို့ ပြောချင်ပါတယ်။
အမှန်တကယ် တန်ဖိုးကို နားလည်ပြီး တန်ဖိုးထားတတ်တဲ့သူနဲ့ တွေ့ ကြပါစေ၊ တွေ့ခွင့်ရပါရစေလို့ ဆန္ဒပြုရင်း...???
#4/7/24
#shoonthirikyaw
#10:10am
Keep Reading