SarPhat Author
Cartoon(ကာတွန်း)ကားကြည့်တော့ သားက ကျောင်းပြိုင်ပွဲမှာ ပထမဆု မရလာတော့ ထိုင်ခုံမယ်ထိုင်ပြီး စိတ်ဆင်းရဲနေတာကို သူ့အဖေက
" Winning isn't everything, you know. (အောင်ပွဲက အရာအားလုံး မဟုတ်ဘူးဆိုတာ မင်းသိပါတယ်။) " ဒီစကားလေးနဲ့ နှစ်သိမ့်ပေးရှာတယ်။
ဆရာဆိုလည်း သူ့မှာ သားနဲ့ သမီးရှိတယ်။ သားအကြီးက ထိုင်းမယ် digital marketing (ဒီဂျစ်တယ်မားကတ်တင်း) လေ့လာနေတယ်။ ခေတ်နဲ့အညီနည်းပညာတွေကို လေ့လာရပေမယ့် ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်ပါပဲ။ Pressure(ဖိအား) နည်းတယ်။ ပျော်ရွှင်နေတဲ့ပုံဆိုတော့ စိတ်ချရတယ်။
သမီးကြတော့ ဆရာ၀န်လိုင်းဆိုတော့ မနက်အစော hos surgeon ဆင်းရတယ်။ အချိန်ပြည့် သူလေ့လာနေရတယ်။ ဆေးရုံမှာ အလုပ်သင်ဆင်းနေရတယ်။
ကျနော် သမီးကို ကြည့်ပြီး သမီး ပင်ပန်းရင် ဆက်မလုပ်တော့နဲ့နော်။ အဖေက သမီးကို လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်ရင်ကို ကျေနပ်ပြီ။ အဖေ သမီးကို အများကြီး မမျှော်မှန်းထားဘူး။ အဖေ့အလုပ်နဲ့ အမေ့အလုပ်တစ်ခုခုမှာ ၀င်ကူရင်ကို ရပါပြီ သမီးရေ ဒီလောက်ထိ အပင်ပန်း မခံပါနဲ့လို့ ပြောတော့ သမီးက ဘာပြန်ပြောလဲဆိုတော့ အဖေ သမီး မပင်ပန်းဘူး။ ဒီအလုပ်ကို သမီး ဝါသနာပါတယ်။ နည်းနည်းလေးမှကို မပင်ပန်းတာပါ။ အလုပ်များပြီး သမီး မပြုံးနိုင်တော့တာ တစ်ခုပါပဲ။ အဖေ သမီးကို ဘာမှ စိတ်မပူပါနဲ့နော်။ သမီး ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပါတယ်။
ကျနော် စိတ်ထဲ ထင်နေတာက သမီး မပျော်နိုင်တော့ပဲ ဘေးပတ်၀န်းကျင် ဘာဖြစ်နေလဲ မသိ။ လူတွေနဲ့ ဝေးကွာသွားမှာကို စိုးရိမ်မိလို့ပါ။ သူ့ဟာသူ အဆင်ပြေတယ်ဆိုတော့လည်း စိတ်အေးရပါပြီ။
ကျနော်က မီလီလျှံနာသူဌေးလည်း မဖြစ်ချင်ဘူး။ အဓိကက " မမီတဲ့ ပန်းကို တုံးခုပြီး မလှမ်းဘူး " ကိုယ်လုပ်နိုင်တဲ့ဘက်ကနေပဲ ရသလောက် အကောင်းဆုံး ကြိုးစားပြီး လုပ်သွားမယ်။ ဒီလောက်ပဲ မျှော်မှန်းတယ်။
မြန်မာနိုင်ငံမှာလည်း လူတွေတော်တော်များများက စာသင်ကျောင်းမှာ ဆုအမြဲယူနေတဲ့ ကလေးနဲ့ စာတော်တဲ့ ကလေး၊ ထိုးထွင်းတီထွင်ဉာဏ် မရှိတော့ပဲ ပြောစကားကို တသွေမတိမ်းလိုက်နာတဲ့ ကလေးတွေကိုမှ လိမ္မာတယ်လို့ ချီးကျူးကြတယ်။
ဘ၀မှာ စာတော်တဲ့ ကလေးတိုင်း အောင်မြင်နေလားဆို မအောင်မြင်ပါဘူး။ အောင်မြင်နေတဲ့ ကလေးတိုင်း စာတော်နေလားဆို မတော်ပါဘူး။
ဘ၀ကပေးတဲ့ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ၊ လုပ်ဆောင်မှုတွေကနေ သင်ယူကြရစမြဲပါပဲ။
ကိုယ်ကိုယ်တိုင်လည်း နောက်ပိုင်းဆို အရမ်းကြီး အပင်ပန်း မခံတော့ဘူး။ စာကြိုးစားပါ။ စာကြိုးစားပါလို့လည်း ကလေးတွေကို အတင်းကြီး မတိုက်တွန်းဖြစ်တော့ဘူး။ ဖြစ်နိုင် မဖြစ်နိုင်စဉ်းစားဆုံးဖြတ်ပြီးမှ လုပ်လေ့ရှိတော့တယ်။
အဓိကက နေ့စဉ်ဘ၀မှာ ဖြတ်သန်းနေရတဲ့အခါ အလုပ်မှာပဲ ဖြစ်ဖြစ် အိမ်မှာပဲ ဖြစ်ဖြစ် အချိန်ပြည့် မဟုတ်ရင်တောင် နာရီပိုင်းလောက်က ပျော်နေဖို့ လိုတယ်။ ဘာလို့လဲဆို ကျမတို့ နေထိုင်ရမှာက တစ်ရက်တည်း မဟုတ်ဘူး။ ရှေ့လျှောက်အများကြီး သွားဖို့ ရှိသေးလို့ပါပဲ။ နေထိုင်နေရတာ ပျော်နေဖို့ လိုပါတယ်။
ခင်ခင်ချော
Keep Reading