Zinmon
ဘဝမှာ အနိုင်ရဖို့ မကြိုးစားချင်တော့ဘူး။
အစကဆို ကိုယ်အမြဲအနိုင်ရမှ ကျေနပ်တဲ့သူမျိုး၊အနိုင်ရနေမှ ဂုဏ်ဆာတဲ့အထဲမှာ ကိုယ်ပါတယ်။
အခုနောက်ပိုင်း အနိုင်ရခြင်းတွေက ကျေနပ်မှုတွေလည်းပျောက်ကွယ်သွားသလို၊ပျော်ရွှင်မှုတွေလည်း
ပျောက်ကွယ်သွားတယ်။
ဘာလို့ဆို နိုင်ခြင်းရဲ့အနောက်မှာ အမြဲရှုံးသလို ခံစားရတယ်၊စိတ်ပင်ပန်းရတယ် ဒါတွေကိုယ် ပိုပြီး သတိထားမိလာတဲ့အခိုက်အတန့်တွေပေါ့။
ကိုယ်အနိုင်မရချင်တော့ဘူး၊အမြဲရှုံးနိမ့်တဲ့သူထဲလည်းမပါချင်ဘူး၊ အလယ်အလတ် လမ်းစဉ်ပဲကျင့်သုံးပြီးနေထိုင်ချင်တယ်။
လူတွေနဲ့ပေါင်းသင်းဆက်ဆံရင်လည်း လူတွေရဲ့သဘောသဘာဝနားလည်လာတော့အခါ ကိုယ့်ဘက်က တစ်ဆင့်နိမ့်ပြီး ဆက်ဆံတတ်လာတယ်၊အနိုင်ယူခြင်းက ပူလောင်ခြင်းပဲ ခံယူထားတဲ့သူမို့လို့လေ…
ဒါမဲ့ ကိုယ့်value အရမ်းထိပါးလွန်းရင်လည်း ပြန်တုန့်ပြန်ဖို့ ဝန်မလေးတဲ့သူမို့ ဒီလူသားက အမြဲအရှုံးပေးတယ်လို့ မဆိုလိုပါ။
“အလယ်၊အလတ် လမ်းစဉ်ပဲကျင့်သုံး နေထိုင်ကြ
မယ်”
ကိုယ့်အတွေးနဲ့ရေးသားထားတဲ့အတွက်အမြင်မတူရင်နားလည်ပေးကြပါရှင့်
#Zinmon
3.7.2024
Keep Reading