SarPhat Author
"ပျော်ရွှင်မှုကို ရှာဖွေခြင်း"
_______________________
ပျော်ရွှင်အောင်နေထိုင်တယ်ဆိုတာ ဘဝနေနည်းတစ်ခု ဖြစ်သလို အနုပညာတစ်ရပ်လို့ဆိုရင်လည်း မမှားဘူး နုတယ်၊ ယဥ်တယ်၊ သိမ်မွေ့တယ်၊ ရှာဖွေနားလည်နိုင်တဲ့သူ ခံစားတတ်တဲ့ သူတွေအတွက်တော့ ဆုလာဘ်ကြီးတစ်ခု ဖြစ်ပေမယ့် မရှာဖွေနိုင်တဲ့သူတွေ မခံစားနိုင်တဲ့ သူတွေအတွက်တော့ ဝမ်းနည်းဖို့ကောင်းလောက်အောင် ဆုံးရှုံးမှုမျိုးပဲ။
ပျော်ရွှင်မှုကိုရရှိဖို့ ပထမဦးဆုံး ပျော်ရွှင်မှုဆိုတာကို နားလည်ဖို့ လိုတယ် ကိုယ့်ဘဝရဲ့ ပျော်ရွှင်မှုဆိုတာက ကိုယ်ခံယူထားတဲ့ ခံယူချက် တစ်နည်းအားဖြင့် ကိုယ်တိုင်းတဲ့ ပေတံနဲ့လည်း သက်ဆိုင်နေတယ်၊ ဘာဖြစ်ရမှ ပျော်မယ်၊ ဘာလုပ်ရမှ ပျော်မယ်၊ ဘာကိုရမှ ပျော်ရမယ် ဘယ်လိုခံစားမှုမျိုး ရရှိမှ ပျော်နိုင်မယ်ဆိုပြီး ပျော်ရွှင်မှုကို အဲ့လိုမျိုး အဓိပ္ပာယ်သတ်မှတ်ကြတယ်၊ ဒါမဲ့ ဒါတွေက ပျော်ရွှင်မှုအစစ်အမှန် မဟုတ်သေးဘူး။
ပျော်ရွှင်မှုအစစ်အမှန် ဆိုတာက အခိုက်အတန့်ကလေးတွေ´ပဲ ၊ ပစ္စပ္ပုန်ရဲ့ အဖြစ်အပျက်ကလေးတွေ အသက်ရှူနေရတဲ့ စက္ကန့်တိုင်းတွေဟာ ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်တွေပဲ ခရီးတစ်ခုကိုသွားမယ်ဆိုရင် ကိုယ်သွားမယ့် နေရာ၊ ပန်းတိုင်ကို ရောက်သွားတာဟာတာ ပျော်ရွှင်မှုအစစ်မဟုတ်သေးဘူး ခရီးဆုံးတယ် ပန်းတိုင်ရောက်တယ် လို့ပဲ သတ်မှတ်လို့ရမယ် ပျော်ကောင်းတော့ ပျော်နိုင်လိမ့်မယ့် ဒါမဲ့ အစစ်အမှန်တော့ မဟုတ်ဘူး တကယ့်အစစ်အမှန်က အဲ့ခရီးကိုသွားတဲ့ လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေ စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေပဲ၊ အဲ့တာတွေကမှ ပျော်ရွှင်မှုအစစ်အမှန်။ အခိုက်အတန့်တွေဆိုတာ အမျိုးမျိုးဖြစ်နိုင်တယ်၊ ပျော်ရွှင်စရာ စိတ်လှုပ်ရှားစရာကောင်းတာတွေ ဖြစ်နိုင်သလို ပြဿနာတွေ၊ အခက်အခဲတွေ ဝမ်းနည်းစရာကောင်းတဲ့ အရာတွေလည်း ဖြစ်နိုင်တယ် ကောင်းတာတွေချည်း မဖြစ်နိုင်ဘူး။ တကယ်ပျော်ချင်တယ်ဆိုရင် အဖြစ်အပျက်အခိုက်အတန့်တိုင်းကို ပျော်အောင်နေနိုင်ဖို့က အရေးကြီးတယ် ပြဿနာတွေ ဖြေရှင်းပြီး ဒုက္ခတွေကို ကျော်လွှားပြီး ပျော်ရွှင်မှုကို ရရှိနိုင်သလို သဘာဝကပေးတဲ့ ပျော်ရွှင်မှုအတိုင်းလည်း ပျော်ရွှင်လို့ရနိုင်တယ် မနက်ခင်း အိပ်ယာထ အလုပ်သွား ၊ ညနေ အလုပ်ကပြန် ရေမိုးချိုး၊ အိမ်မှုကိစ္စ ဘာယီယတွေ အသေးအမွှား အလုပ်တွေနဲ့ နပန်းလုံး ဂရုစိုက်စရာတွေ စိတ်ရှုပ်စရာကောင်းတဲ့ အလုပ်တွေ တစ်ပုံတစ်ပင်တွေနဲ့ နေ့တိုင်း တိုက်ပွဲဝင်၊ တနင်္ဂနွေနေ့ညဆိုတာတွေ မရောက်ချင် ၊ တနင်္လာနေ့ မနက်ခင်းဆိုတာက မရောက်ချင်ဆုံးနေ့ အမုန်းဆုံးနေ့တွေ ဖြစ်လာ၊ နေ့တိုင်း စက်ရုပ်တစ်ရုပ်လို ဘာပြီးဘာ ပလန်တွေနဲ့ ဆက်တိုက် ရုံးကန်နေရပြီး ပစ္စပ္ပန်ဆိုတာ ပျောက်ဆုံးနေသလို အနာဂတ်ရဲ့ ပလန်တွေ ကြုံလာမယ့် အခက်အခဲတွေပေါ်မှာပဲ တွေးပူပြီး နေနေကြတယ် လက်ရှိပစ္စုပ္ပန်မှာ မရှင်သန်နိုင်ကြတော့ ဘဝပေးတာဝန်ဆိုတာနဲ့ ခေါင်းစဥ်တပ်ပစ်လိုက်ပြီး ကိုယ့်ရဲ့ပျော်ရွှင်မှုက ဘာမှန်းမသိ ပျော်လို့ပျောက်မှန်းမသိ ဖြစ်ကုန်ရော။ "လေတိုက်တာလေးတောင် အရသာရှိမှန်း အခုမှ သတိထားမိတယ်" ဆိုတာလိုမျိုး ကျတော်တို့တတွေ ဘယ်လောက်တောင်များ ပတ်ဝန်းကျင်ကိုမေ့လျော့နေကြသလဲ သဘာဝက ပေးတဲ့ပျော်ရွှင်မှုတွေ ကိုယ်"တိုင် ခံစားကြည့်မှ သိနိုင်မယ့် ပျော်ရွှင်မှုတွေကို ဘယ်လောက်ကြာအောင်များ မေ့လျော့နေကြပြီလဲ၊ ဘယ်လောက်ကြာအောင်လို့ ကိုယ့်ကိုကိုယ်စက်ရုပ်လိုမျိုး အလုပ်တွေခိုင်းပြီး ပျော်ရွှင်မှုကို အနာဂတ်မှာ ထားနေကြအုံးမှာလဲ။ ခေါင်းစဥ်မှာ
ပျော်ရွှင်မှုကို ရှာဖွေခြင်း´ လို့ပေးထားတာက စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာ တကူးတကဖန်တီး လို့ရတဲ့အရာ မဟုတ်လို့ပဲ၊ ရှာဖွေတယ်ဆိုတာမှာလည်း ပျော်ရွှင်မှုက အမြဲလိုက်ရှာနေလို့ ရတဲ့အရာမဟုတ်ဘူး၊ ဖြစ်လာသမျှ ကြုံလာသမျှ အခိုက်အတန့်ကလေးတိုင်းမှာ ပျော်ရွှင်မှုက ရှိနေတယ် အဲ့ဒီ့အရာကို ကိုယ်က မြင်အောင်ကြည့်တတ်ဖို့နဲ့ ရှာဖွေ့တွေ့တတ်ဖို့ပဲ နောက်ပြီး ပျော်အောင်နေလို့ ရနိုင်တာမလို့ပဲ။
တကယ်ပျော်ချင်တယ်ဆိုရင် မကောင်းတဲ့အရာတွေ စိတ်ဒုက္ခရောက်စရာ ကိစ္စတွေကိုလည်း လက်ခံတတ်ဖို့လိုတယ်၊ နေရာတိုင်းမှာ ဒုက္ခနဲ့ ပြဿနာရှိနေသလို အဲ့ဒီ့အရာတွေကလည်း ပျော်ရွှင်မှုအတွက် အရေးပါတဲ့အရာတွေပဲ၊ စိတ်ကျန်းမာပျော်ရွှင်ဖို့အတွက် လိုအပ်တဲ့ အရာတွေပဲ
စိတ်ညစ်စရာရှိလို့ စိတ်ချမ်းသာမှုဆိုတာ ရှိလာတာ၊ ကောင်းခြင်း ၊ ဆိုးခြင်းတွေ ဆိုတာဟာ မျှခြေမှာရှိနေပြီး ဘဝရဲ့ ပုံမှန်ဖြစ်နေကျ အရာတွေပါလားဆိုတာကို သိလာရင် စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့အတူ စိတ်ချမ်းသာမှု ဆိုတာကိုပါ မလွဲမသွေ ရလာလိမ့်မယ်။
Keep Reading