အေးမြတ်သူ
ကျမတို့ ပတ်ဝန်းကျင်မှာ
မလိုမုန်းထားစိတ်ရှိတဲ့လူတွေ၊
ဝေဖန်အပြစ်တင်ကဲ့ရဲ့တဲ့လူတွေ၊
သူများအဆင်ပြေပျော်ရွှင်နေတာကို မကြည့်နိုင်တဲ့လူတွေ ရှိတတ်ကြတယ်။
ဒီလိုမျိုးတွေတွေ့ကြုံရတဲ့အခါ
ကိုယ့်ကိုယ်ကို ကြည့်ပီး
ကျေနပ်စိတ်လေးဖြစ်ရတယ်။
ငါ့ဆီမှာဒီလို
သူများအပေါ်မှာလဲ မလိုမုန်းထားစိတ်မျိုး...
သူများအပေါ်အပြစ်တင်ကဲ့ရဲ့ချင်တဲ့စိတ်မျိုး...
သူများအပေါ်မကောင်းတဲ့စိတ်ထားမျိုးတွေ
ရှိမနေဘူး။
ပူလောင်စေတဲ့စိတ်ထားမျိုးတွေ
ငါ့ဆီမှာရှိမနေဘူး..
ရှိလာတယ်ဆိုရင်လဲ ပယ်ဖျောက်နိုင်တယ်..စတဲ့
ကိုယ့်စိတ်ကောင်းလေးတွေတွေးပီးကိုယ့်ကိုယ်ကို
လေးစားမှု့လဲဖြစ်ရတယ်။ကျေနပ်မှု့လဲဖြစ်ရတယ်။
သင်ပေးတဲ့မိဘဆရာတွေကိုလဲ ကျေးဇူး တင်မိပါတယ်။
ကုသိုလ်နဲ့အကုသိုလ်၊အကျိုးနဲ့အပြစ်၊
အကြောင်းနဲ့အကျိုး စတဲ့
ဗုဒ္ဓရဲ့ အဆုံးအမ ကိုနားလည်ပီး
ဗုဒ္ဓရဲ့အဆုံးအမအောက်မှာ
တန်ဖိုးရှိစွာနေနိုင်တာကိုလဲ တဖန်ကျေနပ်ရပြန်တယ်။
နောက်ပြီး
ကိုယ်ဘာတွေလုပ်ဖို့လိုတယ် ၊ ဘာတွေပြုပြင်ဖို့လိုတယ် စိစစ် ပြီး
ကိုယ့်ကိုယ်ကို ကောင်းအောင်ပြုပြင်နေနိုင်တာ လဲ
ကျေနပ်ရခြင်းတမျိုးပါပဲ။
လူတွေကများသောအားဖြင့်....
သူများအကြောင်းတွေနဲ့အချိန်ကုန်မိတတ်ကြတယ်။
သူများအကြောင်းမစဥ်းစားပဲ..
ကိုယ့်အကြောင်းကို စဥ်းစား ၊
ကိုယ့်ကိုယ်ကိုစိစစ်ဝေဖန်၊
ကိုယ့်ကိုယ်ကိုကောင်းအောင် ပြုပြင်
နေထိုင်ခြင်းကသာအပြစ်ကင်းပြီးတန်ဖိုးရှိတဲ့ ရှင်သန်နေထိုင်ခြင်းပဲဖြစ်ပါတယ်။
ချစ်ခြင်းများစွာဖြင့်...
A.M.T
2.7.2024
Keep Reading