Author's Profile Photo

မောရိသျှ

7/03/2025

စာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး

1 min read
Life Style
Personal Development
General Knowledge
စာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး's photo

ခက်ခက်ခဲခဲသင်ယူစရာမလိုဘဲ အမှားတွေကို ရှောင်နိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ စတော့ဈေးကစားရင် တစ်ချက်ပေါ့လိုက်တာနဲ့ ဆုံးရှုံးသွားနိုင်တာကို အရင်းအနှီးအများကြီး ဆုံးရှုံးပြီးမှ သိနိုင်တာ မဟုတ်ပါဘူး။ အမှားတွေနဲ့ ဘဝသင်္ခန်းစာတွေကို နေရာစုံကနေ သင်ယူတတ်ရင် ရပါတယ်။ ကြည့်တတ်ရင် ပညာဆိုတာ သင်လိုတဲ့သူရဲ့ အမြင်မှာ အမြဲလိုလို ရှိကို ရှိနေပြီးသားဖြစ်ပါတယ်။

အမှားကိုတော့ ဘယ်သူမှ ရှောင်လွဲလို့ မရပါဘူး။ ဘယ်လောက်ပဲ ကြိုးစားပါစေ အလွဲအမှားလေးတွေနဲ့ မလွဲမသွေ ကြုံကို ကြုံတတ်ပါတယ်။ ဒဏ်ရာမရအောင် ကစားတဲ့နည်းဆိုပြီး YouTube မှာ ဘယ်လောက်ပဲ လေ့လာသင်ယူထားနိုင်ပါစေ၊ အချိန်တန် သူ့အကြောင်းနဲ့သူ ဒဏ်ရာရချင် ရသွားတာပါပဲ။ အမှားတွေလည်း အဲဒီလိုပဲဗျ။ ဖြစ်ချင်ရင် ကောက်ကာငင်ကာ ဖြစ်သွားတာပဲ။ ပြီးခဲ့တဲ့ အပတ်တုန်းက ကျွန်တော် အားကစားလုပ်တာ ခါးနာသွားတယ်။ ကိုယ့်အပြစ်နဲ့ကိုယ်ပါ။ ပုံမှန်ထက်ပိုပြီး လျှာရှည်လိုက်လို့ ဖြစ်သွားတာပါ။ ဘယ်သူမှ အပြစ်တင်လို့ မရပါဘူး။

အမှားတွေလည်း အဲဒီလိုပါပဲ ဘယ်လောက်ပဲ ရှောင်နိုင်ပါစေ၊ သူ့အကြောင်းနဲ့သူ ဖြစ်ချင်ဖြစ်လာတာပါပဲ။
မဖြစ်ချင်လည်း အလွဲလေးတွေက ဖြစ်ချိန်တန် ဖြစ်လာတတ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ကျွန်တော့်မိဘတွေဆီ အလည်သွားဖြစ်ခဲ့တယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူတို့ရဲ့ British Short hair ကြောင်လေးကို မြင်လိုက်တော့ မနေနိုင်တော့ဘဲ ချက်ချင်းဆိုသလို ကောက်ချီလိုက်တာ၊ ကျွတ်ခနဲ ကျွန်တော့် ဘယ်ဘက် ခါးရိုးလွဲသွားတယ်။ အနေအထိုင် မှားနေလို့လည်း မဟုတ်ဘူး။ ရွပိုးထပြီး ကြောင်ကို သွားချီလိုက်လို့လည်း

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်

Unlock to read this premium article with 100 points.