Reviews by Benevolent

မိသားစုကြား ၊ပေါင်းသင်းဆက်ဆံရေးကြားမှာ ခြေတစ်လှမ်းနောက်ဆုတ်ပေးလိုက်တာက အားလုံးအတွက် သက်ရောက်မှုရှိတဲ့ စွမ်းအားတစ်မျိုးပါပဲ။ခဏ နှုတ်ဆိတ်ပေးလိုက်ခြင်းက အရှုံးပေးလိုက်တာမျိုးမဟုတ်ပဲ၊ အားလုံးအတွက် အဆင်ပြေသွားနိုင်တဲ့ အခိုက်အတန့်ဖြစ်သွားတတ်တယ်။မီးစကနေ မီးတောက် ဖြစ်အောင်လည်း လုပ်လို့ရတယ်၊ မီးမကူးအောင်လည်း အစွမ်းရှိသလောက် တားလို့ရတယ်။မိမိကိုယ်တိုင်ကတော့ မီးကူးနိုင်တဲ့တိုင်အဖြစ် အသုံးချ မခံသင့်ဘူး။
တစ်ရက် ဂရိအတွေးအခေါ်ပညာရှင် ဆိုကရေးတီး(Socrates )ဆီကို လူတစ်ယောက် ရောက်လာတယ်၊ အဲ့လူက "မင်းသူငယ်ချင်း အကြောင်းပြောမလို့" ၊ ဆိုကရေးတီးက ခဏနေပါဦးဗျာ "ငါ့ကို ပြောမယ်ဆို စကားသုံးခွန်းနဲ့ အရင်စစ်ပါရစေ" ပြန်ပြောခဲ့တယ်။ ပထမ တစ်ခွန်းက အဖြစ်မှန် ဟုတ်ရဲ့လား ၊ ဒုတိယ တစ်ခွန်းက ကောင်းတဲ့သတင်းလား ဒါမှမဟုတ် မကောင်းတဲ့သတင်းလား ၊ နောက်ဆုံးတစ်ခွန်းကတော့ အကျိုးရော ရှိရဲ့လား ဆိုပြီး စကားစစ်သုံးခွန်း မေးတယ်။ အတင်းအဖျင်းလာပြောချင်တဲ့လူလည်း မသေချာ မရေရာ အချက်အလက်နဲ့ အပုတ်ရနံ့ သတင်းကို ပြောရမှာ ရှက်ပြီးနှုတ်ဆိတ်သွားတယ်။ဒါကတော့ ကျွန်တော် ဖတ်မှတ်ဖူးတဲ့ အကြောင်းအရာလေးတစ်ခုပါ ၊ တစ်ယောက်မရှိတဲ့အချိန် အခြားတစ်ယောက် privacy အကြောင်းကို မပြောတာလည်း လူ့ကျင့်ဝတ်တစ်ခုပါပဲ။ငါ့က အမှန်တိုင်းပြောတာကြိုက်တယ်ဆိုတဲ့ လူတွေလည်း သူတို့အနာအဆာ အကြောင်းပြောရင် ပိုတောင်မကြိုက်သေးတယ်။
စကားပြောချင်တာနဲ့ ဆိုင်တာတွေရော မဆိုင်တာတွေရော များများပြောဖြစ်တယ်၊ များများပြောတော့ ပုဂ္ဂလိက မကျေနပ်မှုတွေ ပေါ်လာတတ်တယ်၊ အဲ့အရာတွေက ကိုယ့်အားနည်းချက်များကို အခြားလူဆီ လွယ်လွယ်ကူကူ ပြောပြပေးလိုက်သလိုပါပဲ။ ဒီနေရာလေးနာတယ်ဆို အဲ့နေရာကိုပဲ ရွေးနင်းပြီး အရသာခံကြတဲ့ခေတ် ရောက်နေတယ် ဆိုတာ မမေ့ပါနဲ့။
Please Telegram ?
https://t.me/reviewsbybenevolent
Please YouTube ?
https://youtube.com/@reviewsbybenevolent?si=mvvS6O5nDVl-ygFi
တွေးမိတွေးရာ
Benevolent Guy
July-24
Keep Reading