ယဥ်သီရိလှိုင်(ဆောင်း)

"သမီးက မယ်မယ်ရရ အလုပ်မရှိဘူး ဒေါ်လေး အကောက်ကောက်တာကလဲပုံမှန်မရှိဘူးလေ နောက်တခုက ကြက်ဝိုင်းကလည်း အခြေနေကြည့်ရတယ် အမေ့ကိုတော့သရက်သီးဝိုင်းရောင်းပေးဖြစ်ပါတယ် တခါတလေ မန်ကျည်းရွက်တို့ဘာတို့လဲရောင်းတယ် "
"အော် ဒါနဲ့သမီးအဖေကရော သမီးအမေကဘယ်သူ"
"ဆုံးသွားပါပြီဒေါ်လေး အမေဘဲရှိတော့တယ် အမေကဒေါ်သန်းကြည်ပါ ဒေါ်လေးသိလား ဦးစိန်ကြည်သမီးပါအမေက "
"အော် အေးအေး သိပြီ အေးပါကွယ် ဒေါ်လေးတခုတော့အကြံပေးချင်တယ် မိန်းကလေးဆိုတာက အဝတ်လျော် ချက်ပြုတ် အိမ်သန့်ရှင်းရေးအလုပ်ကသာ အပ်စပ်တာသမီးရယ် အပြင်အလုပ်လုပ်ချင်တယ်ဆို စက်ချုပ်တာတို့ အခုသမီးလုပ်သလို အမေနဲ့ဝိုင်းရောင်းပေးတာတို့ကသာ အမြင်တင့်တာသမီး ကြက်ဝိုင်းဖဲဝိုင်းဆိုတာက.."
"ဒေါ်လေး ဖြတ်ပြောရတာတော့အားနာပါတယ် ဒေါ်လေးပြောတာတွေကသမီးကြားနေကျစကားတွေပါ သမီးကိုထိခိုက်မယ့်အလုပ်မဟုတ်တဲ့အတွက် ဆက်လုပ်မှာပါ ပြောပြပေးတာကျေးဇူးပါဒေါ်လေး"
"အော် အေး အေးပါ"
"မေရေ ငါတို့ဆီလာဦးလေ မရိုမသေ လက်ဖက်လေးယူခဲ့ပါလားဟာ"
"အေး လာပြီ"
....
"ဟို ကျွန်တော်ရောပါလို့ရလားဗျ "
"ဟမ် အေးရတယ်လေ မင်းကမြို့ကလာတာလား မမြင်ဖူးဘူး "
"ဟုတ်ကဲ့ ဦးလေးမြတ်အောင်တူပါ "
"အော် အေးအေး ပါလေ ပါတာကရတယ်ဆော့တတ်လို့လား ပြောင်သွားမယ်နော် မေ နဲနဲလောက်သင်ပေးလိုက်ပါဦးဟ"
"နင့်ဘာနင်သင် ငါမအားဘူး "
"ဘာမအားတာလဲ ထိုင်နေပြီးတော့ လုပ်စမ်းပါနဲနဲပါးပါး"
"ကြက်ဖ နင်ညိမ်ညိမ်နေ မအားဘူးဆိုတာအကြောင်းရင်းရှိလို့မအားတာပေါ့ နင်ဘာပြောဦးမလဲ မရှိတော့ရင်သွားပြီ ငါ့ကိုထပ်မခေါ်နဲ့တော့ "
"အမျိုးမျိုးဘဲ တတ်လဲတတ်နိုင်တယ် မေနန္ဒာမ "
...
"အမေ "
"ဘာလဲ"
"အမေကလည်း ညင်ညင်သာသာလေးဖြေပါလား ကိုယ်သမီးဒီတယောက်ထဲရှိတာ "
"ညည်းကရော ညင်ညင်သာသာလေးမို့လို့လား မိန်းကလေးတန်မဲ့ ငါမပြောချင်ပါဘူးအေ နော်စမ်းပါ ငါ့ဘာသာနေတာအကုသိုလ်မပေးစမ်းပါနဲ့"
"အမေဘာလို့သမီးပေးတဲ့ပိုက်ဆံတွေမယူတာလဲ သမီးရှာတာအမေ့အတွက်လေ "
"မလိုချင်ပါဘူးအေ ဘယ်လောက်ဘဲရိုးရိုးသားသားရတဲ့ပိုက်ဆံဖြစ်နေပါစေ ညည်းရှာတာညည်းဘဲသုံးပါ ငါမှာခြံရှိတယ် ဒီခြံလေးရှိသရွေ့တော့ငါမငတ်ဘူး"
"ဒါဆိုသမီးတခုပြောမယ် အမေစဉ်းစားပေး ဒီတခေါက်အသုဘမှာအကောက်ကောက်ပြီးရင် သမီးဘယ်တော့မှအဲ့အလုပ်မလုပ်တော့ဘူး ပြီးတော့ကြက်ဝိုင်းလဲမသွားတော့ဘူး အဲ့အစားနေ့ပြန်တိုးပေးစားချင်တယ် အမေဘယ်လိုသဘောရလဲ"
"ဟုတ်ရောဟုတ်ရဲ့လားအေ ညည်းစကားငါ့မှာမယုံရဲပါဘူး "
"အမေ သမီးက ပြောတဲ့စကားဘယ်တော့မှမပြင်ဘူးဆိုတာအမေသိပါတယ် အခုပြောတာသာစဉ်းစားပေး"
"ညည်းလုပ်နေတာတွေထက်စာရင် တော်သေးတာပေါ့ နေပါဦး ညည်းကဘယ်ကပိုက်ဆံနဲ့အတိုးပေးမှာလဲ"
"အမေကသမီးကိုလျော့တွက်လွန်းတာဘဲ အခုချိန်ထိအမေ့ကိုပေးသမျှအမေမယူခဲ့တာတွေသမီးသုံးနေခဲ့တယ်ထင်နေတာလား သမီးမသုံးပါဘူး အမေ့ကိုဒီထက်ပိုတင့်တောင်းတင့်တယ်ထားနိုင်ဖို့သမီးစုနေတာပါ ဒါတွေကထားပါ အမေသဘောတူတယ်နော်ဒါဆို"
"အလုပ်လုပ်မယ်ဆိုဒီထက်ပိုကောင်းတာရောမလုပ်ချင်ဘူးလား ညည်းကိုအပူစာမစားစေချင်လို့ပါ "
"အမေ ဒီလောကကြီးမှာအပူစာဆိုတာမရှိဘူး ဖြစ်ချိန်တန်လို့ဖြစ်တာ သူတို့ကျေနပ်လို့သူတို့ယူမှာ သမီးဘက်ကယူပါယူပါဆိုပြီးအတင်းမပေးဘူး သူတို့ကိုလဲတခါတည်းပြောမှာ ကျေနပ်လို့ယူပြီးကာမှနေပါဦးဆိုတာမျိုးတွေမလိုချင်ဘူး မျက်ရည်တွေလဲမမြင်ချင်ဘူး နှစ်ဦးနှစ်ဖက်အဆင်ပြေဖို့ဘဲအမေ အဓီကက "
"အေးပါ အရင်ကထက်တော့အိမ်ကပ်တော့မှာပေါ့ ကျေနပ်ပါတယ်အေ ငါကဘာတွေများထပ်နားချနိုင်မှာတဲ့လဲ"
" ဟောသားအမိနှစ်ယောက်ဘာတွေတိုင်ပင်နေကြတာတုန်း "
"အေး ထွေးခင်နင်လာတာနဲ့အတော်ဘဲ အမေ့ရှေ့မှာတခါတည်းပြောမယ် ငါဒီတခေါက် ဦးမြတ်အောင်ကိစ္စပြီးရင် အကောက်မကောက်တော့ဘူး နင့်ကိုတခါတည်းပြောတာ အခုကတော့လက်ခံပြီးသားဖြစ်နေတော့ ဆုံးအောင်သွားလိုက်မယ်"
"ဟမ် နင်ဒါမလုပ်ရင်ဘာလုပ်မလို့လဲ ဧကန္တ နင်ဟိုတခါပြောတဲ့ အတိုးပေးမလို့လား"
"အေး ရသင့်သလောက်ရပြီလေ "
"အေးပါ ငါတော့နောက်ထပ်ယုံရမယ့်လူတယောက်ရှာရတော့မှာပေါ့ ဒေါ်လေးသန်း အခုရော မေ့ကိုဆူဦးမှာလား "
"ဆူစရာရှိရင်တော့ဆူရမှာဘဲအေ "
"အာ့ဆိုအခုကျွေးစရာရှိတာအရင်ကျွေး ဘာရှိလဲ"
......
"ညီမ အကိုပြောစရာလေးရှိလို့ပါ ခနလောက်နားထောင်ပေးလို့ရမလား"
"ဘာကိစ္စ ထွေးခင်ကိုပြောလိုက်လေ ကျွန်မကဒီနေ့ပြီးရင်မလာတော့ဘူးမို့ သူနဲ့ဘဲရှင်းစရာရှိတာရှင်းလိုက်ပါ "
"ဘယ်လို ဘာဖြစ်လို့ ဘာဖြစ်လို့လဲညီမ ဘာလို့မလာတော့တာလဲ"
"ဘာလို့မလာတာလဲဟုတ်လား အဲ့တာကျွန်မအကြောင်းလေ လာချင်လာမယ်မလာချင်မလာဘူး ရှင့်ကိုအစအဆုံးအစီရင်ခံနေရမှာလား "
"မဟုတ်ပါဘူးညီမရယ် အကိုကဒီတိုင်းဘဲသိချင်မိတာပါ တောင်းပန်ပါတယ်ဗျာ"
"နောက်နေ့တွေကစပြီး ဒီအကောက်ကောက်တဲ့အလုပ်ကိုမလုပ်တော့ဘူး ကျွန်မတခြားအလုပ်တခုစတော့မယ် "
"တခြားအလုပ် တခြားအလုပ်ဆိုတာ အာ sorry တောင်းပန်ပါတယ် မမေးတော့ပါဘူး"
"အတိုးပေးမလို့ပါ နေ့ပြန်တိုးလေး ရှိသလောက်ပေါ့ တဖြည်းဖြည်းနဲ့ပွားမယ်လေ နောက်ကျလယ်လေးတကွက်တောင်ဝယ်နိုင်မလားမသိဘူး ဟမ် ငါဘာတွေပြောနေတာပါလိမ့် ဘာမှမဟုတ်ဘူး စိတ်ထဲမထားနဲ့နော်ကျွန်မကပါးစပ်ထဲရှိရာလျောက်ပြောတတ်တဲ့အကျင့်ရှိတယ် "
"ဒါဆို ပြောချင်ရာသာပြောပါ အကိုအစအဆုံးနားထောင်ပေးမယ် နားပင်းသွားပါစေ "
"ရှင်ဘာတွေပြောနေတာလည်း "
"နောက်ပြီး နေ့ပြန်တိုးပေးမယ်ဆိုအကိုယူပါရစေ ညီမအတိုးလာတောင်းတိုင်း ညီမမျက်နှာလေးအကိုမြင်ရမယ်လေ "
"ရှင် သွား သွားတော့ ဘာစကားတွေပြောနေတာလည်း ထွေးခင် ထွေးခင် ငါ အိမ်ပြန်တော့မယ် နောက်မှတွေ့မယ်နော် ဒီမှာပိုက်ဆံတွေ "
"အေးအေး ဟဲ့ နင့်ဝေစုယူမသွားဘူးလား "
"မနက်မှနင်လာခဲ့တော့"
....
"ဟောတော် ဒီမေနန္ဒာမနဲ့တော့ပြီးအောင်ကောက်မသွားဘူး "
" ဟိုညီမနာမည်ထွေးခင်နော် မဂ်လာပါညီမလေး"
"ဟုတ် ဘာကူညီပေးရမလဲရှင် "
"တခြားမဟုတ်ပါဘူး အကိုသိချင်တာလေးရှိလို့ပါ
ညီမလေးသူငယ်ချင်းနာမည်က မေနန္ဒာလား "
"အော်မေ့ကိုပြောတာလား ဟုတ်တယ် မေနန္ဒာတဲ့ ဘာဖြစ်လို့လဲအကို "
"မဖြစ်ပါဘူး နောက်ပြီး သူ့မှာချစ်ရတဲ့သူရှိလားဗျာ"
"အမလေး အရီရဆုံးဘဲအကိုရယ် သူလားရှိမယ်အားကြီးကြီး သူ့ကြောက်လို့တရွာလုံးကဘယ်ယောကျားလေးမှချစ်စကားကြိုက်စကားမပြောရဲ့ကြဘူး ဒါနဲ့အကိုကဘာလို့မေ့အကြောင်းသိချင်တာလဲ"
"အကိုသူ့ကိုတောင်းရမ်းချင်လို့ပါ "
"ရှင်"
အပိုင်း(၄)နောက်ရက်တင်ပေးပါမယ်ရှင့်
ချစ်သောreadersလေးတွေ?
ဟိုလေစာမေးပွဲလေးနီးနေလို့စာတင်တဲ့ရက်တွေကျဲတာစိတ်မရှိကြပါနဲ့နော် ဖြစ်သလိုတင်နေတာမဟုတ်ပါဘူး ဒီဇာတ်လမ်းလေးရေးချင်နေတာကြာပြီ အခုမအားတဲ့ကြားထဲတော်တော်ရေးချင်လို့ မကောင်းမကန်းလေးကို ဖတ်ပေးတဲ့သူတဦးတယောက်တိုင်းကျေးဇူးအများကြီးပါရှင့် နောက်ပိုင်းroတာလေးတွေလာမယ်?
Keep Reading