Phoo Thitsar Nyo
မိန်းကလေးရေ...
◯ပုပ်နေတဲ့အသီးတွေဟာ သူတို့ကို
ဝယ်မဲ့သူမရှိတာမို့ စျေးပေါပေါနဲ့ရတယ်...
ဒါကြောင့် သူ့ကို လူတိုင်းလိုလို ဝယ်နိုင်ကြတယ်
◯ကောင်းတဲ့အသီးတွေကတော့
လိုချင်တဲ့သူတွေပေါသလို
သူတို့ရဲ့တန်ဖိုးကလည်း မြင့်တယ်...။
ဒါကြောင့်ပဲ သူ့ကို လူတိုင်းက မဝယ်နိုင်ကြဘူး
ဒီလိုပါပဲ...
တန်ဖိုးရှိတဲ့မိန်းကလေး၊
အရည်အချင်းရှိတဲ့မိန်းကလေး၊
အရှက်သိက္ခာရှိတဲ့မိန်းကလေးတွေ၊
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေတဲ့
မိန်းကလေးတွေဟာတန်ဖိုးရှိတယ်...
သူတို့ကို လိုချင်တဲ့သူတွေရှိပေမဲ့
လွယ်လွယ်နဲ့မရနိုင်ဘူး...
? ဒါပေမဲ့... ဘာမှမရှိတဲ့မိန်းကလေးတွေဟာ
သူ့ရဲ့ခန္ဓာကိုယ်နဲ့ ဆွဲဆောင်ကြတယ်
ဒီလိုလုပ်တာဟာ ကိုယ့်ရဲ့တန်ဖိုးကို
ကိုယ်တိုင်ချလိုက်တာနဲ့ အတူတူပါပဲ...
သူ့အနားမှာ လိုချင်တဲ့သူတွေဝိုင်းဝိုင်းလည်နေရင်တောင် တန်ဖိုးထားမဲ့သူတော့မရှိဘူး ?
≛ တန်ဖိုးထားရပါသော မိန်းကလေးရေ...
မင်းဟာ ပုပ်နေတဲ့အသီးမဟုတ်ပါဘူး
မင်းရဲ့တန်ဖိုးဟာ မင်းရဲ့အရည်အချင်းပါပဲ
မင်းကို လိုချင်လာအောင် သူများတွေကို
ခန္ဓာကိုယ်နဲ့ ဆွဲဆောင်ဖို့ မလိုအပ်ပါဘူး
✻ မင်းရဲ့အရည်အချင်းနဲ့ မင်းရဲ့တန်ဖိုးကို
မြင့်တက်အောင် ကြိုးစားလို့ရပါတယ်
✻မင်းဟာ တန်ဖိုးရှိတာမို့
မင်းကို တန်ဖိုးထားတဲ့သူနဲ့ ထိုက်တန်ပါတယ်
๑ အခုကစပြီး စျေးမပေါပါနဲ့တော့
မင်းဟာ သိပ်တန်ဖိုးရှိတဲ့မိန်းကလေးပါ
မင်းရဲ့တန်ဖိုးကို မြှင့်တင်ပါ...
ဖူးသစ္စာညို
(1.7.2024 11:00 a.m Monday)
Keep Reading