SarPhat Author
္** အချစ် ဘာလဲ ဘယ်လဲ **
အပိုင်း(၈)
မောင်လူသစ်
အောင်လတ်နဲ့ စန်းစန်းမော် ညားပြီး အောင်လတ်က စန်းစန်းမော်တို့ အိမ်ပေါ် ရောက်သွားတယ်။ စန်းစန်းမော်အမေက အောင်လတ်ရောက်လာပြီး နောက်ပိုင်း သူ့သမီး၊ သူ့မြေးနဲ့ သူ့အိမ်အတွက် စိတ်ချရပြီဆိုပြီး တရားရိပ်သာကို ရက်ရှည်သွားလိုက်၊ ခဏအိမ်ပြန်လာလိုက်နဲ့
သွားချည် ပြန်လှည့် လုပ်နေတယ်။ နောက်တော့ သီလရှင်အပြီးဝတ်သွားရော ။ အိမ်ကိုလည်း ပြန်မလာတော့ဘူး။
အောင်လတ်က အိမ်ထောင်ရေးမှာ.ဦးဆောင်သုမဟုတ်ဘူး။စန်းစန်းမော်ကပဲ ဦးဆောင်တယ်။စန်းစန်းမော်ကပဲ ပိုက်ဆံရှာတယ်။အောင်လတ်က ကူညီဝန်းရံပေးတဲ့သဘောပဲရှိတယ်။ ထမင်းဟင်း ချက်တယ်။ ကလေးထိန်းတယ်။ သူတို့မှာ သားတစ်ယောက်ထပ်ရတယ်။
အောင်လတ်က အရက်ကြိုက်တယ်၊ စန်းစန်းမော်က အောင်လတ်ကို တနေကုန် အရက်မသောက်ပဲ ညနေကျမှ သောက်ဖို့၊ အပြင်ထွက်မသောက်ပဲ အိမ်မှာပဲ သောက်ဖို့ ခွင့်ပြုထားတယ်။
အဲဒီ စည်းကမ်းချက်ကိူ အောင်လတ်က ရံဖန်ရံခါ ချိူးဖေါက်တယ်။ အဲဒီ အခါမျိူးမှာ စန်းစန်းမော်က အောင်လတ်ကို မြည်တွန်တောက်တီးတယ်။ပြောရင်း စိတ်တိုလာရင်
နပမ်းထလုံးတယ်။
အောင်လတ်က စန်းစန်းမော် ပွဲကြမ်းလာရင် သည်းခံတယ်။ ဆူပူသမျှ ပြန်လည်းမပြောဘူး။ အောင်လတ်က
အတော်ကလေးသည်းခံတတ်တယ်။စန်းစန်းမော်လက်ချက်နဲ့ ထိပ်ပေါက်ခေါင်းကွဲ သုံးလေးခါ ဖြစ်ဖူးတယ်။
အောင်လတ်နဲ့ ပါတ်သက်ပြီး အောင်လတ်အဖေ ရှေ့နေကြီးက အမြဲပြောလေ့ရှိတာက -
" သူ့မိန်းမ က သူ့ကိုတော့ အသေမသတ်ပါဘူးကွာ၊ အောင်လတ်ကို စန်းစန်းမော် ချစ်တာကတော့ အတော်ချစ်တယ်။ အောင်လတ်ကလည်း အဲလိုလုပ်ထားတဲ့ကြားထဲက ဗွေဖောက်ချင်သေးတယ်။ ဘာပဲပြောပြော သူ့လင် သူ့မယား ပြီးတော့လည်း ပြီးသွားမှာပါပဲ "
အောင်လတ်အဖေ ရှေ့နေကြီးက အောင်လတ်တို့ အမေကလည်းသေ၊ သားသမီး လေးယောက်စလုံးလည်း အိမ်ထောင်ခွဲနေကြတော့ သူ့တစ်ယောက်တည်း ဖြစ်သွားချိန်မှာ သူ့တပည့် ရှေ့နေပေါက်စ တွေကိူ သူ့အိမ်မှာ အဖော်ခေါ်ထားလေ့ရှိတယ်။
တပည့်ရှေ့နေတွေကလည်း ပညာလည်းသင်ရင်း၊ အလုပ်လည်းရရင်း၊ နေစရာလည့်း ရတယ်ဆိုတော့ အဆင်ပြေတယ်။ဒီတော့ အောင်လတ်အဖေမှာ.အမြဲတန်း တပည့်လက်သားတွေ အကူအညီကိုရတယ်။
သူ့သား သမီးတွေက သုတို့အဖေ ရှေ့နေကြီးအတွက် ဘာမှ ပူပန်စရာမလိုဘူး။ သူတို့အဖေကိုလည်း ငွေကြေး တပြားတချပ်မှ ထောက်ပံစရာမလိုဘူး။ မိဘ အတွက် ဘယ်သူ့မှာမှ တာဝန်မရှိသလိူဖြစ်နေတယ်။
သူတို့မှာလည်း သူတို့ အိမ်ထောင်ရေး၊သူတို့ စီးပွားရေး၊သူတို့ သားသမိးရေးတွေနဲ့ မအားကြတော့ သူတို့အဖေဆီကိူ မရောက်ဖြစ်ကြဘူး။ နီးလျက်ဝေးနေကြတယ်။
အောင်လတ်ကတော့ တစ်ရပ်ကွက်တည်း၊တစ်လမ်းတည်းဆိုတော့ သူ့အဖေဆီကို မကြာခဏရောက်တယ်။အနည်းဆုံး.တစ်လကို နှစ်ခေါက်တော့ရောက်တယ်။အိမ်မှာ သူ့အဖေ ကြိုက်တတ်တဲ့ ဖားတို့၊ငါးရှဥ့်တို့ ချက်တဲ့အခါမျိူးဆိုရင် ဟင်းသွားပို့လေ့ရှိတယ်။
အောင်လတ်တို့ မွေးချင်း လေးယောက်မှာ အောင်လတ်က အကြီးဆုံး ဆိုပေမဲ့ အငယ်သုံးယောက်က အောင်လတ်ကို သိပ်ပြီး အရာမသွင်းကြဘူး။သူတို့က ဘွဲ့ရပညာတတ်တယ်။သုတို့ အိမ်ထောင်ဖက်တွေကလည်း ဘွဲ့ရ ပညာတတ်ကြတယ်။သူတို့မှာအလုပ်အကိုင်ကိုယ်စီ၊ဝင်ငွေ ကိုယ်စီ ရှိကြတယ်။ သူတို့ ပညာ၊ သူတို့လစာနဲ် သူတို့ဘဝကိုသုတို့ ရပ်တည်နိုင်ကြတယ်။ သူတို့ဟာ ဂုဏ်သိက္ခာရှိကြတယ်လို့ သူတို့ကိုယ်သူတို့ အထင်ရောက်နေကြတယ်။
သူတို့အကို အောင်လတ်ကျတော့ ဆယ်တန်းတောင် မအောင်ဘူး။.ဘာမှလည်း အသုံးမကျဘူး။ အလုပ်အကိုင်လည်း မရှိဘူး။ အရက်သမား အပေအတေဖြစ်တယ်။သူနဲ့ရတဲ့ မိန်းမကလည်း ဆယ်တန်းမအောင်ဘူး။.ကလေးတစ်ယောက်အမေ တစ်ခုလတ်ဖြစ်ပြီး လူရိုသေရှင်ရိုသေ အလုပ်မရှိဘူး။လူမုန်းများတဲ့ ငွေတိုးချေးတဲ့ ချစ်တီးမဖြစ်တယ်။.စွာတေးလန်တယ်။သူတို့နဲ့ အဆင့်မတူဘူး လို့အောင်လတ်ရဲ ညီအကိုမောင်နှမတွေကသတ်မှတ်ထားကြတယ်။
အောင်လတ်က မိန်းမထမီနား ခိုစားနေတယ်။အောင်လတ်ကြောင့်သူတို့ ဂုဏ်နဲ့ သူတို့အဖေရဲ့ဂုဏ်ကို ထိခိုက်တယ်လို့ သူတို့က ထင်နေကြတယ်။ ဒါကြောင့် အောင်လတ်နဲ့ ခပ်ကင်းကင်းနေ့ကြတယ်။
တနေ့တော့ အောင်လတ်တို့အဖေ ရှေ့နေကြီးဟာရုတ်တရက်ကောက်ကာငင်ခါသေပါလေရော။ အဖေသေပြီဆိုတော့ ဒီအိမ်ကြီးကသူတို့ မောင်နှစ်မလေးယောက်ရဲ့ အမွေဆိုငိပစ္စည်းဖြစ့်ရောပေါ့။သူတို့အဖေရှေ့နေကြီးကလည်းသူ အသက်ရှင်နေတုန်းမှာ ဒီအိမ်နဲ့ပတ်သက်ပြီးဘာမှ အမွေပုံစီမံမှုစာချုပ် ဘာညာ မလုပ်ခဲ့တော့အခု အောင်လတ်တို့ မောင်နှစ်မလေးယောက်က တရားဝင်အမွေဆက်ခံရသူတွေပေါ့။ဒီအိမ်ကြီးကိူဘာဆက်လုပ်ကြမှာလဲ၊ကာလပေါက်စျေးက အတော်တန်နေပြီ။ အမွေဆိုင် အိမ်ကြီးကတော့ မွှေတော့မလားမသိဘူး။။
ဆက်လက်တင်ပြပါမည်
မောင်လူသစ်
၃၀. ၅. ၂၀၂၄
Keep Reading