Author's Profile Photo

SarPhat Author

30/06/2024

အချစ် ဘာလဲ ဘယ်လဲ(၄) မောင်လူသစ်

2 mins read
Art
အချစ် ဘာလဲ ဘယ်လဲ(၄)

မောင်လူသစ်'s photo

** အချစ် ဘာလဲ ဘယ်လဲ **


အပိုင်း(၄)


မောင်လူသစ်


မနက်ဖြန် ဆိုရင် ဇော်ကြီးကို ဘယ်လို အဖြေပေးရမှာလဲ။ ဇော်ကြီး ပြောသလို စန်းစန်းမော်ကို သူ ချစ့်နေမိတာလား။ ဒါမှမဟုတ် ငယ်သူငယ်ချင်း သံယောဇဥ်နဲ့ ရိုးရိုးသားသား ခင်မင်နေမိတာလား။စန်းစန်းမော်နဲ့ပါတ်သက်ပြီး ဘာကြောင့် အထိမခံ ဖြစ်နေရတာလဲ။.အဲဒီညက အောင်လတ်ဟာ အတွေးတွေနဲ့ ချာချာလည်ပြီး အိပ်မပျော်ဘူး။


မနက်မိုးလင်းတော့ ညကအိပ်မရတာကြောင့် ခေါင်းထဲနောက်ကျိနေတယ်။ ရေမိုးချိူးပြီး ဇော်ကြီးစောင့်နေမယ်ဆိုတဲ့အချိန် လက်ဖက်ရည်ဆိုင်ကို ထွက်လာခဲ့တယ်။


မနေ့ကတော့ ဇော်ကြီးကိုသတ်မယ်ဆိုပြီး မောင်းတင်လာခဲ့တဲ့ အောင်လတ်ခမျာ ဒီနေ့တော့ ဇော်ကြီးကို တွေ့ပြီး ဘာပြောရမှန်းလည်းမသိ။ သူ့ကိုယ်သူလည်း ဘာဖြစ်မှန်းမသိတော့ ကုတ်ချောင်းချောင်း ဖြစ်နေတယ်။


လက်ဖက်ရည်ဆိုင်ထဲရောက်တော့ ဇော်ကြီးရှေ့မှာ ကြက်ကြီးလည်လိမ်ထားသလို ငေါင်တောင်တောင် ဖြစ်နေတယ်။.ဇော်ကြီးက အောင်လတ်ကိုကြည့်ပြီး


" ဟေ့ကောင် အောင်လတ် ၊ မင်း ပုံစံက ညောင်နာနာ ဖြစ်နေပါလားဟ၊ ညက သောက်တာ.များသွားပြီထင်တယ်။ စွတ်မသောက်နဲ့ဟ၊ ဂန့်လည်းနေဦးမယ်"


" မနေ့က သိပ်လည်းမသောက်ပါဘူး။.ပုံမှန်ပါပဲ၊အိပ်မရလို့ ငေါင်တောင်တောင်ဖြစ်နေတာ "


" အိပ်မရဘူးဆိုတော့ မင်း အတွေးလွန်နေလို့နေမှာပေါ့။ ကဲ ပြောစမ်းပါဦး ၊ စန်းစန်းမော် ကိူ မင်း ဘယ်လို သဘောထားနေတာလဲဆိုတာ၊ "


" ကျနော်လည်း ဘာပြောရမှန်းမသိဘူး။ ငယ်သူငယ်ချင်း၊ ဆိုတော့ ခင်တာတော့ရှိတယ်"


" မင်းကိုယ်မင်း ဘာဖြစ်နေလဲ ဆိုတာ မင်းကိုယ်တိုင် အဖြေမရဖြစ်နေတာကွ။.ငါ ပြောပြမယ်။.ငါက မင်းထက်အတွေ့အကြုံများတယ်။.ငါ့အတွေ့အကြုံအရပြောရရင် မင်းဟာ စန်းစန်းမော် ကို နက်နက်ရှိုင်းရှိူင်း ချစ်နေတာ သေချာတယ်။ မင်းနဲ့ဆိုရင့် စန်းစန်းမော်ဘဝ လုံခြုံမယ်ကွ၊ ပြီးတော့ သူက အရည်အချင်းရှိတဲ့ မိန်းကလေးကွ။.မင်း.ဖွင့်ပြောလိုက်တော့ကွာ"


ဇော်ကြီးက အဲလို ပြောတော့ အောင်လတ်က တွေဝေပြီး ဘာပြန်ပြောရမှန်းမသိဘူး။ တအောင့်ကြာတော့မှအောင်လတ်က


" ကျနော် သူ့ကို ချစ်နေတယ် ဟုတ်လား ကိုဇော်ကြီး၊ သေချာရဲ့လားဗျာ။ "


"သေချာတာပေါ့ကွာ၊ မင်း ရင်ထဲမှာ ဖြစ့်နေတာ အချစ်ကွ၊ အဲဒီ အချစ်က မင်းကို ပြန်ပြုစားနေတာ "


" ဒါဆို ကျနော် ဘာလုပ်ရမှာလဲ၊ "


" စန်းစန်းမော် က မင်းသူငယ်ချင်း အရင်းကြီးပဲကွာ၊ နင့်ကို ငါချစ်တယ်လို့ ဖွင့်ပြောလိုက်ပေါ့ဟ "


" ဟာ ကျနော် မပြောရဲဘူး။.ကြောက်တယ် "


" ဟား.ဟား ဟား ဟား အတော်ရယ်ရတဲကောင်။ မင်းမပြောရဲရင် ငါ လှော်ပေးလိုက်မယ်ကွာ၊ ပြီးတော့ စန်းစန်းမော်ဘက်က မီးစိမ်းပြပြီဆိုရင် မင်းတို့မင်္ဂလာဆောင်အတွက် ပိုက်ဆံ သုံးသိန်း ငါ လက်ဖွဲ့မယ်ကွာ။ ဘယ့်နှယ်လဲ "


" ဟာ မလုပ်နဲ့။ သူ့ကို ကျနော် ကြောက်တယ် "


" ဟား ဟား ဟား.ကဲ မင်းနဲ့သူနဲ့ ညားပြီလို့သာ မှတ်လိုက် ပေတော့ဟေ့ "


အောင်လတ်ဟာ လက်ဖကိရည်ဆိုင်က ပြန်လာပြီး ဘယ်သွားလို့ဘာလုပ်ရမှန်းမသိဘူး။ အူကြောင်ကြောင် ငေါင်တောင်တောင်ဖြစ်နေတယ်။ ကိုဇော်ကြီးပြောလိုက်သလို စန်းစန်းမော် ကို သူချစ်နေမိတာလား။ သူ့ဘဝမှာ ဘယ်မိန်းမကိုမှစိတ်မဝင်စားခဲ့ဖူးသလို ရည်းစားလည်းမထားခဲ့ဖူးဘူး။ ကျောင်းနေဖက် ငယ်သူငယ်ချင်း၊ မိန်းကလေးတွေရှိပေမဲ့ စန်းစန်းမော်က လွဲရင် အားလုံးဟာမေးထူးခေါ်ပြောထက်မပိုဘူး။ စန်းစန်းမော်နဲ့က ငယ်ငယ်ကတည်းက အရင်းနှီးဆုံးပဲ။ အခုတော့ စန်းစန်းမော်ကို သုက ချစ်နေပြီလို့ ဇော်ကြီးက အခိုင်အမာ ကောက်ချက်ချနေပါလား။


အောင်လတ်ဟာ ကြံရာမရဖြစ်လာပြီး အရက်ဆိုင်ကိုရောက်သွားတယ်။ အရက်တပိုင်းမှာပြီး ငူငူကြီးထိုင်နေတယ်။ အရက်သောက်ရတာလည်း အရင်လို အရသာမရှိဘူး။ ပေါ့ပျက်ပျက်ကြီး ဖြစ်နေတယ်။ စိတ်ထဲ မကြည်တာနဲ့ အရက်ကို ဆက်တိုက်မော့ပစ်လိုက်တယ်။ အမြည်းနည်းနည်းစားပြီး နောက်ထပ်တပိုင်း ထပ်မှာလိုက်တယ်။ ခပ်မြန်မြန်မော့ပစ်လိုက်တယ်။ မူးတာလား မမူးတာလား မသိဘူး။ အရက်ဆိုင်ထဲက ခပ်ထွေထွေနဲ့ ပြန်ထွက်လာတယ်။ လမ်းပေါ်မှာ ရည်ရွယ်ရာမဲ့ သွားနေမိရင်း ဘယ်လိုကဘယ်လို စန်းစန်းမော်တို့ အိမ်ဖက်ကို ရောက်သွားတယ်မသိဘူး။


အဲဒီအချိန်မှာ စန်းစန်းမော်တို့အိမ်မှာ စန်းစန်းမော်တစ့်ယောက်တည်းရှိနေတယ်။.အောင်လတ်ဟာ စန်းစန်းမော်တို့ အိမ်ရှေ့ကနေခဏရပ်ပြီး အိမ်ပေါ်ကို လှမ်းကြည့်လိုက်တော့ စန်းစန်းမော်က. အိမ်ပေါ်ကနေ အောက်ဆင်းလာတာနဲ့ကြုံရော။.အောင်လတ်မျက်နှာကြီးက အရက်ရှိန်ကြောင့် နီနေတာကိုမြင်ပြီး စန်းစန်းမော်က


" ဟယ် အောင်လတ် ၊ စောစောစီးစီး နင် အရက်တွေသောက်လာတယ်ဟုတ်လား။.ကျက်သရေတုံးကောင်၊အခု မင်ဘာလာလုပ်တာလဲ "


အောင်လတ်ဟာ စန်းစန်းမော်ကို ကြည့်လိုက်ပြီး သူ့ရင်ထဲမှာ အလိုလို ဝမ်းနည်းလာတယ်။.ဘာဖြစ်မှန်းမသိဘူး။.သူ့ရင်တွေ ဗြောင်းဆန်လာတယ်။.သူ့ရင်ထဲ လှိုက်လှိူက်တက်လာတယ်။ ပြီးတော့ ဘယ်လိုမှထိန်းမရတော့ပဲ ရှိူက်ကြီးတငင် ငိုချလိုက်တယ်။. အောင်လတ်က ရုတ်တရက်ကြီး ငိုလိုက်တော့ စန်းစန်းမော်လည်း အူကြောင်ကြောင်ဖြစ်သွားတယ်။.အောင်လတ် ဘာဖြစ်သွားတာပါလိမ့်တွေးပြီး


" ဟာ အောင်လတ် နင်ဘာဖြစ်သွားတာလဲ၊ ဘာဖြစ်လိူ့ ငိုရတာလဲ"


အောင်လတ်ဟာ စန်းစန်းမော် ကို ကြည့်လိုက်ပြီး ဗလုံးဗထွေး ပြောချလိုက်တာက -


" စန်းစန်းမော် ၊ နင့်ကို ငါက ချစ်နေတယ်တဲ့ ၊ နက်နက်ရှိူင်းရှိူင်း ချစ်နေမိတာတဲ့၊ ကိုဇော်ကြီးက ပြောတယ်ဟာ၊ အဲဒါဟုတ်လား "


အောင်လတ် ဟာ အဲသလို ပြောပြီး စန်းစန်းမော် ရှေ့ကနေ ပြေးထွက်သွားတယ်။ စန်းစန်းမော်လည်း ရုတ်တရက်ဆိုတော့ ငူငူကြီး ရပ်ကျန်ရစ်တယ်။.နောက်တော့ ချက်ချင်း အသိပြန်ဝင်လာပြီး အောင်လတ်က်ု လှမ်းကြည့်လိုက်တော့ ဘယ်ရောက်သွားမှန်းမသိတော့ဘူး။ အောင်လတ်ကို မတွေ့ရတော့ဘူး။ ။



ဆက်လက်တင်ပြပါမည်


မောင်လူသစ်

၁၇. ၅. ၂၀၂၄

Keep Reading

Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ အနုပညာနည်းလမ်းနှစ်သွယ်အ‌တွေးအစအနများပိထောက်ခတ်ဖြင့်သာလွင့်မျောနှင်းစက်များOppenheimer ရုပ်ရှင်ကိုလေ့လာခြင်းကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၃) ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၁)