Author's Profile Photo

Var Han Jar

30/06/2024

"သမီးအတွက်ဖေဖေ"

1 min read
Life Style
Education
18 Again
"သမီးအတွက်ဖေဖေ"'s photo

"သမီးအတွက်ဖေဖေ"
မိသားစုပေါ် သိတတ်တဲ့ ဖေ
မိသားစုပေါ် နားလည်တဲ့ ဖေ
ကမ္ဘာမှာရှိပါစေ သမီး ဆုတောင်းနေ။

အေးချမ်းတတ်တဲ့ ဖေ
ရဲရင့်ရင်ဆိုင်တဲ့ ဖေ
ကမ္ဘာမှာရှိပါစေ သမီး ဆုတောင်းနေ ။

ထိန်းကျောင်းတော်တဲ့ ဖေ
စံနှိုင်းမမှီ ဘယ်သူ ယဥ်မရတဲ့ ဖေ
ကမ္ဘာမှာရှိပါစေ သမီး ဆုတောင်းနေ ။

သားသမီးပေါ် တာဝန်ကျေတဲ့ ဖေ
ကိုယ့်မယားပေါ် သနားတတ်တဲ့ ဖေ
ကမ္ဘာမှာရှိပါစေ သမီး ဆုတောင်းနေ ။

မွေးကျေးဇူး ရှိတဲ့ဖေ
ကျွေးကျေးဇူး ရှိတဲ့ဖေ
ကမ္ဘာမှာရှိပါစေ သမီး ဆုတောင်းနေ ။

နွေးထွေးကြင်နာတဲ့ ဖေ
စာနာသနား တဲ့ဖေ
ကမ္ဘာမှာရှိပါစေ သမီး ဆုတောင်းနေ ။

မိဘမောင်နှမတွေအပေါ် သိတတ်တဲ့ဖေ
ကိုယ့်မိသားစု အပေါ် သိတတ်တဲ့ ဖေ
ကမ္ဘာမှာရှိပါစေ သမီး ဆုတောင်းနေ ။

သမီးအတွက်တန်ဖိုးရှိတဲ့ ဖေ
လေးစားထိုက်တဲ့ ဖခင်
မေမေအားထားရတဲ့ အဖေ
ကမ္ဘာမှာ လူတိုင်းရပါစေ သမီး ဆုတောင်းနေ ။
#ပန်းသွေးငယ်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်