Author's Profile Photo

Var Han Jar

30/06/2024

"သမီးအတွက်ဖေဖေ"

1 min read
Life Style
Education
18 Again
"သမီးအတွက်ဖေဖေ"'s photo

"သမီးအတွက်ဖေဖေ"
မိသားစုပေါ် သိတတ်တဲ့ ဖေ
မိသားစုပေါ် နားလည်တဲ့ ဖေ
ကမ္ဘာမှာရှိပါစေ သမီး ဆုတောင်းနေ။

အေးချမ်းတတ်တဲ့ ဖေ
ရဲရင့်ရင်ဆိုင်တဲ့ ဖေ
ကမ္ဘာမှာရှိပါစေ သမီး ဆုတောင်းနေ ။

ထိန်းကျောင်းတော်တဲ့ ဖေ
စံနှိုင်းမမှီ ဘယ်သူ ယဥ်မရတဲ့ ဖေ
ကမ္ဘာမှာရှိပါစေ သမီး ဆုတောင်းနေ ။

သားသမီးပေါ် တာဝန်ကျေတဲ့ ဖေ
ကိုယ့်မယားပေါ် သနားတတ်တဲ့ ဖေ
ကမ္ဘာမှာရှိပါစေ သမီး ဆုတောင်းနေ ။

မွေးကျေးဇူး ရှိတဲ့ဖေ
ကျွေးကျေးဇူး ရှိတဲ့ဖေ
ကမ္ဘာမှာရှိပါစေ သမီး ဆုတောင်းနေ ။

နွေးထွေးကြင်နာတဲ့ ဖေ
စာနာသနား တဲ့ဖေ
ကမ္ဘာမှာရှိပါစေ သမီး ဆုတောင်းနေ ။

မိဘမောင်နှမတွေအပေါ် သိတတ်တဲ့ဖေ
ကိုယ့်မိသားစု အပေါ် သိတတ်တဲ့ ဖေ
ကမ္ဘာမှာရှိပါစေ သမီး ဆုတောင်းနေ ။

သမီးအတွက်တန်ဖိုးရှိတဲ့ ဖေ
လေးစားထိုက်တဲ့ ဖခင်
မေမေအားထားရတဲ့ အဖေ
ကမ္ဘာမှာ လူတိုင်းရပါစေ သမီး ဆုတောင်းနေ ။
#ပန်းသွေးငယ်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း