Author's Profile Photo

အက္ခရာ - Haruki

30/06/2024

Good Quality Of Life ?️

2 mins read
Life Style
Personal Development
18 Again
Good Quality Of Life ?️'s photo

ကျွန်တော်အားတိုင်း စဉ်းစားတတ်တဲ့အကြောင်း အရာတစ်ခု ရှိပါတယ်။ အဲဒါ “ဘဝ” ဆိုတဲ့အကြောင်းပါပဲ။

နောက်ပြီး ဆက်စပ်စဉ်းစားမိတာက ကျွန်တော်တို့ရဲ့ဘဝတိုင်းဟာ အရည်အသွေးတွေရှိတယ်ဆိုတာပါပဲ။ ဒါပေမယ့် အဲဒီအရည်အသွေးတွေကို တချို့လူတွေက စိတ်မဝင်စားကြပါဘူး။ စိတ်မဝင်စားတဲ့အတွက်လည်း သူတို့ရဲ့ဘဝတွေကို အကောင်းမွန်ဆုံးဖြစ်အောင် မပြင်ဆင်တော့ဘူးပေါ့။ ဒါဟာ စဥ်းစားကြည့်ရင် တကယ်ကို နှမြောစရာ ကောင်းပါတယ်။

ဒါပေမယ့် ဘဝရဲ့အရည်အသွေးတွေကို စိတ်ဝင်စားပြီး၊ ကိုယ့်ဘဝကို အရည်အသွေးမြှင့်ချင်သူတွေအတွက် ကျွန်တော် ဒီဆောင်းပါးလေးကို ပြန်ပြီးရေးသားလိုက်တာပါ။

ဒါဆို ကောင်းမွန်တဲ့ဘဝတစ်ခုအတွက် အကောင်းဆုံး အရည်အသွေးတွေကဘာတွေလဲ။ ( ဒီထဲကအချက်တွေဟာ လူငယ်နှင့်ဘဝလက်ဆောင်စာအုပ်ကနေ ထုတ်နှုတ်ထားခြင်း ဖြစ်ပါတယ်။ )

နံပါတ်(၁) က “ကျန်းမာရေး”ပါပဲ။ ?

ကျန်းမာခြင်းသည် နံပါတ်၁၊ ကျန်းမာခြင်းသည် နံပါတ် ၂၊ ကျန်းမာခြင်းသည်သာ နံပါတ် ၃ ဆိုပြီး စကားရပ်လေးတောင်ရှိပါတယ်။ ဟုတ်ပါတယ်။ကျွန်တော်တို့ဘဝတွေဟာ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လိုပဲ အောင်မြင်အောင်မြင်၊ ဘယ်အတိုင်းအတာထိပဲ ထူးချွန်နေပါစေ.. ကျန်းမာရေး မကောင်းရင်တော့ အလကားပါပဲ။

ကျန်းမာရေးမကောင်းခြင်းဟာ လူတစ်ယောက်ကို အများကြီးနှောင့်နှေးစေပါတယ်။ နောက်ပြီး စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်စေတတ်ပါတယ်။ ဒါဆိုရင်ကျွန်တော်တို့တွေရဲ့ဘဝမှာ နောက်ထပ်သောအောင်မြင်မှုတွေ၊ ချမ်းသာမှုတွေကို ရှာဖွေဖို့ ခက်သွားပါလိမ့်မယ်။ ဒါဟာ ကိုယ့်ဘဝရဲ့ ကိုယ်ရည်ကိုယ်သွေး ကျဆင်းသွားခြင်းပဲ။

ဒါကြောင့် ကိုယ့်ဘဝရဲ့အရည်အသွေးကောင်းတွေကို ခံစားချင်တယ်ဆိုရင် ကျန်းမာရေးကောင်းဖို့ လိုပါတယ်။ ကျန်းမာရေးဟာ လူတစ်ယောက်အတွက်၊ ဘဝတစ်ခုအတွက်တော့ နံပါတ်တစ်ပါပဲ။

နံပါတ်(၂) က“သက်သောင့်သက်သာရှိခြင်း"တဲ့ ?️

အပါးခို၊ လေလွင့်၊ အချောင်လိုက်ခိုင်းတာ မဟုတ်ပါဘူးနော်။ ဘဝတစ်ခုရှင်သန်ပေါက်မြောက်ဖို့ ကြိုးစားတဲ့နေရာမှာ ကျွန်တော်တို့ရဲ့ အားထုတ်မှုတိုင်းဟာ သက်သောင့်သက်သာဖြစ်နေဖို့လိုပါတယ်။

ဥပမာ နေ့စဉ်နေ့တိုင်း ဝမ်းဗိုက်တစ်လုံးစာရှာဖွေရတာချင်း အတူတူတချို့တွေက ခက်ခက်ခဲခဲ ရှာဖွေနေကြရသလို၊ တချို့ကတော့ ပေါ့ပေါ့ပါးပါး ရှာဖွေနေကြရတာကို ကြည့်ရင်သိနိုင်ပါတယ်။

ဒါကလည်း အခုရေတွင်းတူး၊ အခုရေကြည်သောက်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ ဘဝမှာ ဒီလိုသက်သောင့် သက်သာရှာဖွေနိုင်ဖို့ ငယ်စဉ်ကတည်းကလုံ လောက်တဲ့ပညာတွေ ရှာဖွေထားရပါမယ်။ လိုအပ်တဲ့အရည်အချင်းတွေ၊ အတတ်ပညာတွေ ဖြည့်ဆည်းထားရပါမယ်။ ပြီးရင် အလုပ်ကြိုးစားရပါမယ်။ ဒါဆို မိမိဘဝဟာကြာလာလေ သက်သောင့် သက်သာဖြစ်လာလေပါပဲ။

နံပါတ်(၃) က “ပျော်ရွှင်ခြင်း" ပါ။ ?

အရည်အသွေးရှိတဲ့ဘဝတစ်ခုကို င်ဆိုင်ဖို့ သူ့ဘဝမှာ ဘယ်လောက်ပျော်ရွှင်နေသလဲဆိုတာနဲ့ တိုင်းတာလို့ရပါတယ်။ တချို့က ဘဝမှာ စည်းစိမ် ဥစ္စာချမ်းသာပါတယ်။ ဒါပေမယ့် မပျော်ရွှင်ကြရပါဘူး။ တချို့ကတော့ဘဝမှာ ဆင်းရဲကြပါတယ်။ ဒါပေမယ့် ပျော်ရွှင်ကြရပါတယ်။

သေချာတာကတော့ ဘဝတွေကတိုတောင်းလွန်းတယ်ဆိုတာပါပဲ။ သနားစရာကောင်းတာတစ်ခုက တချို့လူတွေရဲ့ဘဝဟာ အဲဒီတိုတောင်းလွန်းတဲ့ဘဝမှာတောင် ပျော်ရွှင်မှုကိုမခံစားလိုက်ရတာပါပဲ။ ဒီလိုပြောလို့ ဘဝမှာအပျော်အပါးချည်းပဲမက်ရမှာလားဆိုတော့ မဟုတ်ပါဘူး။

ကြုံလာတဲ့အခက်အခဲတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ အကောင်း ဆုံးဖြတ်သန်းနိုင်အောင် လေ့ကျင့်ထားတတ်ဖို့ပြောတာပါ။ ဘာကြောင့်လည်းဆိုတော့ တချို့လူတွေဟာ အခက်အခဲတွေနဲ့ ကြုံတွေ့ လိုက်ရရင် စိတ်ညစ်သွားတတ်ကြလို့ပါပဲ။ အမှန်က စိတ်ညစ်ရင် ဘာကိုမှထိထိရောက်ရောက် မလုပ်နိုင်တော့ပါဘူးနော်။

ဒီတော့ ဘဝအခက်အခဲတွေကို ဖြေရှင်းတဲ့နေရာမှာ စိတ်ကို ညစ်ထွေးစွာနဲ့ မဖြေရှင်းပါနဲ့။ ပျော်ရွှင်စွာနဲ့ ဖြေရှင်းလိုက်ပါ။ ဒါဆို မိမိဘဝရဲ့ ရှင်သန်ခြင်းအရည်အသွေးကလည်း တိုးတက်လာပါလိမ့်မယ်။

ကျွန်တော်တို့တွေဟာ ဘဝတစ်ခု ပိုင်ဆိုင်လာရပြီဆိုမှတော့ အရည်အသွေးပြည့်ဝစွာ ရှင်သန်နိုင်ဖို့ က အဓိကပါပဲ။

အဲဒီအတွက်

ကျန်းမာစွာနေထိုင်ပါ၊

သက်သောင့်သက်သာနဲ့

ဘဝကို ရှင်သန်နိုင်အောင်ဖန်တီးပါ၊

အခက်အခဲတိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းပါလို့ပဲ

အကြံပြုလိုက်ချင်ပါတယ်ခင်ဗျာ။

နွေဦးအက္ခရာ ( June 30, 2024 . 4:07 PM )

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်