Moe
နာနို-နည်းပညာဆိုတာက အလွန့်အလွန်သေးငယ်တဲ့ဒြပ်ပစ္စည်းNanoparticlesတို့ကို လေ့လာတဲ့သိပ္ပံဘာသာရပ်ဖြစ်ပါတယ်ရှင့်။
နာနိုက တစ်-နန်နိုမီတာ (၁၀) ရဲ့ ထပ်ညွှန်းကိန်းအနုတ်၉မီတာ (၁၀-၉)အတိုင်းအတာကိုကိုယ်စားပြုပါတယ်ရှင့်။
တစ်-နန်နိုမီတာက မီလီမီတာရဲ့တစ်သန်းပုံတစ်ပုံ(သို့)လူ့ဆံပင်လုံးပတ်ရဲ့ ၁၈၀,၀၀၀ပုံ၊တစ်ပုံနဲ့ညီမျှပြန်ပါတယ်ရှင့်။
နန်နို-ဒြပ်ထုပစ္စည်း (နာနိုအမှုန်) nanoparticlesတွေကသေးသေးလေးတွေဆိုပေမယ့်ဒီအမှုန်လေးတွေရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ဓာတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်ဂုဏ်သတ္တိတွေက အတော့်ကိုထူးခြားပါတယ်ရှင့်။
ဒီနာနိုနည်းပညာကအရာဝတ္ထုတစ်ခုကိုအသေးစိတ်လေ့လာတာဖြစ်လို့ အဲ့ဒီအရာဝတ္ထုရဲ့ဂုဏ်သတ္တိ၊အရောင်စတာတွေကိုပါကြည့်လို့၊လေ့လာလို့ရပါတယ်ရှင့်။
example ဆိုရရင်ရွှေသတ္တုရဲ့နာနိုအမှုန်(Gold Nanoparticles) အရောင်က
အနီ(Red)
အပြာ(Blue)၊
အပြာနု(Light Blue) စတဲ့ရောင်တွေပါရှိပါတယ်တဲ့ရှင့်။
#Moe
#knowledge
#forward_only
Keep Reading