Author's Profile Photo

SarPhat Author

29/06/2024

" တန်ဖိုးထားခံချင်ရင် တန်ဖိုးရှိအောင် နေ "

1 min read
Life Style
" တန်ဖိုးထားခံချင်ရင် တန်ဖိုးရှိအောင် နေ "'s photo

ဒီနေ့ခေတ်လူ့လောကကြီးဟာ မာယာတွေ၊ လှည့်ကွက်တွေ၊ လိမ်ညာမှုတွေ အရမ်းပေါများလာတယ်။


ဒါကြောင့် ဒီနေ့ခေတ်လူ့လောကကြီးဟာ ရိုးသားမှု၊ တန်ဖိုးထားမှု၊ သစ္စာရှိမှုတွေနဲ့ မထိုက်တန်တော့ဘူးဆိုပြီး မှတ်ချက်တွေ၊ ထင်မြင်ယူဆချက်တွေ ပေးလာကြတယ်။


ဘယ်လိုပဲ လူလည်ကျတဲ့ လောကကြီးလို့ ပြောနေကြပါစေ။ အဲထဲကနေ သူမတူ ထူးခြားကွဲထွက်နေတဲ့  ရှားပါးမျိုးစိတ်လေးမှာတော့ ကိုယ် ပါ၀င်ချင်နေသေးတယ်။


ကျန်ရှိနေတဲ့ ဘ၀၊ ရှေ့ဆက်လျှောက်ရတဲ့ ဘ၀မှာ

" ရိုးရိုးသားသားနဲ့ ကြိုးကြိုးစားစား နေထိုင်ကြည့်ချင်သေးတယ်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်တဲ့သူ ဖြစ်ကြည့်ချင်သေးတယ်။ အများမိုးခါး‌ရေသောက်တိုင်း လိုက်မသောက်ချင်တဲ့သူ ဖြစ်ကြည့်ချင်သေးတယ်။ သစ္စာတရားကို လက်ကိုင်ထားတဲ့သူ ဖြစ်ကြည့်ချင်သေးတယ်။ အများအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်တဲ့သူ ဖြစ်ကြည့်ချင်သေးတယ်။ ပရဟိတလုပ်ငန်းတွေ လုပ်ကြည့်ချင်သေးတယ်။ ကိုယ်ရည်မှန်းထားတဲ့အရာတွေ အမြန်ဆုံးပြည့်ချင်သေးတယ်။ " ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မနက်ဖြန်တိုင်းကို စိတ်ဓါတ်ခိုင်မာစွာဖြင့် ကြိုးစားကာ အားတင်းပြီး ဖြတ်သန်းနေရပါတယ်။


လူတွေဟာ ဒီထက်ပိုအဆင်ပြေဖို့ ဘာကြောင့် ကြိုးစားအား မထုတ်ကြတော့တာလဲ။ အဖြေက ရှင်းရှင်းလေးပါပဲ။ ခေတ်အနေအထားအရ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတာရယ်။ ကြိုးစားအားထုတ်တိုင်း အရာမထင်တော့တာရယ်ကြောင့်ပါ။


တစ်ခါတစ်လေ ကျမတို့ဟာ " အမေကျော် ဒွေးတော်လွမ်းတတ်တယ်။ " ကိုယ့်ကိစ္စမှအပ သူများကိစ္စတွေကို စိတ်၀င်စားကြတယ်။ ကိုယ့်ကိစ္စမပါတဲ့ သူများကိစ္စတွေနဲ့ social media (‌ဆိုရှယ်မီဒီယာ) ပေါ်မှာ လူမှုရေးကိစ္စတွေနဲ့ အချိန်ဖြုန်းနေကြတယ်။ အမှန်တိုင်း ၀န်ခံရရင် ကိုယ်ကိုယ်တိုင်လည်း အပါအ၀င်ပါပဲ။


အခုတလော အလုပ်ကိစ္စတွေနဲ့ ရှုပ်နေတော့ social media (‌ဆိုရှယ်မီဒီယာ) ပေါ် သိပ်မတက်ဖြစ်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ဘာသိလာလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ပိုချစ်ရမယ်။ ကိုယ့်အကြောင်းကိုယ် ပိုသိရမယ်။ ကိုယ့်တန်ဖိုးကိုယ် မြှင့်တင်ရမယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရမယ်။ အခြားဘယ်သူ့အတွက်မှ ကိုယ် အပင်ပန်း မခံတော့ဘူး။


" တန်ဖိုးထားခံချင်ရင် တန်ဖိုးရှိအောင် နေ၊ right person (မှန်ကန်တဲ့ ပုဂ္ဂိုလ်) ရချင်ရင် မင်း ကိုယ်တိုင်ရော right person (မှန်ကန်တဲ့ ပုဂ္ဂိုလ်) ဖြစ်နေရဲ့လား ပြန်စဉ်းစားသုံးသပ်၊ မှန်လိုပဲ သူပြုံးပြမှ ကိုယ်ပြုံးပြမယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ်။ " ဒီစကားတွေဟာ နား၀င်အရမ်းဆိုးပေမယ့် အမှန်တရားတွေပါ။


ကိုယ်ဒီလိုကြီးကျယ်ခမ်းနားတဲ့ စကားတွေ ပြောနေလို့ ကိုယ်ကိုယ်တိုင်က အရမ်း perfect (ပြီးပြည့်စုံ) ဖြစ်နေတဲ့သူလားဆိုတော့ မဟုတ်ပါဘူး။ " ပုထုဇဉ်လူသားပဲ အမှားနဲ့ ဘယ်ကင်းမလဲ " ဆိုတဲ့ အရာထဲမှာ ပါ၀င်ခဲ့တဲ့သူ ဖြစ်ခဲ့ဖူးပါတယ်။


စာဖတ်ခဲ့တာတွေ၊ ဆရာသမားတွေရဲ့ ဆိုဆုံးမခဲ့တာတွေ၊ သင်ဆရာ၊ မြင်ဆရာတွေရဲ့ ကျေးဇူးတွေ၊ podcast တွေ နားထောင်ခဲ့တာတွေထဲကနေ positive (အပေါင်းဆောင်) ဆန်တဲ့ အရာတွေကနေ learning (သင်ယူရင်း) လုပ်ရင်း စိတ်ဓါတ်အဆင့်အတန်းတွေကို တဖြေးဖြေးမြင့်တင် ပြောင်းလဲလာနိုင်ခဲ့ပါတယ်။ ကျန်ရှိနေတဲ့ ဘ၀မှာ ဖြစ်နိုင်သမျှ ရိုးရိုးသားသားနဲ့ အမှားနည်းအောင် နေမယ်ဆိုပြီး ဆန္ဒတွေ ဖြစ်လာပါတယ်။


လူတိုင်း လူတိုင်း မာယာများတဲ့ လောကကြီးမှာ တန်ဖိုးရှိမှု၊ ရိုးသားမှု၊ သစ္စာရှိမှုတွေနဲ့အတူ နေထိုင်နိုင်ကြပါစေ။





ခင်ခင်ချော
Photo from goggle.

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)