Author's Profile Photo

KAUNG SAN

29/06/2024

နှလုံးနှင့်ပတ်သတ်ပြီး လူအတော်များများ သတိမမူမိသေးတဲ့ အချက်၃ချက်

1 min read
Health
General Knowledge
နှလုံးနှင့်ပတ်သတ်ပြီး လူအတော်များများ သတိမမူမိသေးတဲ့ အချက်၃ချက်'s photo

လျှပ်စစ်စနစ်

နှလုံးမှာ ကိုယ်ပိုင်လျှပ်စစ်စနစ်ရှိပါတယ်။
စိုင်နိုအေထရီရယ်နုဒ်(sinoatrial node)လို့ခေါ်သည့် သဘာဝနှလုံးခုန်စနစ်က လျှပ်စစ်ကို ထုတ်လွှတ်ပေးပြီး နှလုံးခုန်ခြင်းကို ဖြစ်စေပါတယ်။
ထို့ကြောင့် နှလုံးသည် ဦးနှောက်ရဲ့ လှုံ့ဆော်မှု မပါပဲ အလိုအလျောက် ခုန်နိုင်ခြင်းဖြစ်ပါတယ်။


ပြန်လည်ကောင်းမွန်နိုင်စွမ်း

နှလုံးက အခြားကြွက်သားတွေလို ပြန်လည်ကောင်းမွန်နိုင်စွမ်းမရှိဘူးလို့ အတော်များများက သိထားကြပါတယ်။ အမှန်တော့ နှလုံးကြွက်သားတွေမှာလည်း အခြားသော ကြွက်သားတွေကဲ့သို့ ပြန်လည်ကောင်းမွန်နိုင်စွမ်းရှိပါတယ်။ သို့သော် တစ်ခြား ဆဲလ်တွေ တစ်ရှူးတွေနဲ့ယှဉ်လျှင် နှလုံးကြွက်သားတွေ၏ပြန်လည်ကောင်းမွန်နိုင်စွမ်းက နည်းပါးနေတာကြောင့်သာ နှလုံးဟာ ပြန်လည်ကောင်းမွန်နိုင်စွမ်းမရှိဘူးဟု မှတ်သားထားကြတာဖြစ်ပါတယ်။


မတူညီသောကြွက်သားများ

နှလုံးကို ကြွက်သားတစ်မျိုးထည်းဖြင့် ဖွဲ့စည်းထားတာမဟုတ်ပဲ မတူညီတဲ့ကြွက်သား စုစုပေါင်း ၃မျိုးဖြင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။
မိုင်ယိုကာဒီယမ်၊ အမ်ဒိုကာဒီယမ် နှင့် အက်ပီကာဒီယမ် လို့ ခေါ်ပါတယ်။ ကြွက်သားတစ်ခုစီမှာ ကိုယ်ပိုင်လုပ်ငန်းဆောင်တာတွေကိုယ်စီ ရှိကြပါသေးတယ်။

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)